၉၃ နှစ်အရွယ် အဘွားအို ဖန်တီးထားတဲ့ ဘက်ကင်ဟမ်နန်းတော်ပုံတူ သိုးမွေးလက်ရာ

20.3.2023-yyl-iamge-4.jpg

A 93-year-old great-great-gran who has a British Empire Medal (BEM) for her knitting has since created a massive 6ft Buckingham Palace out of wool.Margaret Seaman, 93, has KNITTED a complete replica of His Majesty's main residence, Buckingham Palace in London, taking an incredible eight months to complete.See SWNS story SWMRknit. After not taking up the craft until 10 years ago she has since become the "Queen of Knitting".She has gone on to raise over £100,000 for charity through her craft and now gets sto

အဘွားအို မာဂရက်ဆီးမန်းကို ” သိုးမွေးဘုရင်မ” လို့ ချစ်စနိုးခေါ်ကြတယ်။ သူ့လက်ရာတွေကလည်း တကယ်ပြောင်မြောက်တာကိုး။ ၆ ပေ ရှည်တဲ့ ဘက်ကင်ဟမ်နန်းတော်ပုံတူကို သိုးမွေးထိုးထားတာ အနုစိတ်ပြီး လက်ရာမြောက်တယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကမှ သူ သိုးမွေးထိုးတတ်တာ။ သိုးမွေး စထိုးတတ်တော့ အသက် ၈၃ နှစ်လောက် ရှိပြီ။ သူ့အမျိုးသား ဆုံးသွားပြီးနောက်ပိုင်း အထီးကျန်လာလို့ သိုးမွေး စတထိုးဖြစ်ခဲ့တာပါ။ သိုးမွေး ထိုးတတ်ပြီးနောက်ပိုင်း သူက သိုးမွေးထိုးပြီး ပရဟိတအဖွဲ့အစည်းတွေအတွက် ရန်ပုံငွေ ရှာပေးတယ်။ သိုးမွေးလက်ရာတွေကို ရောင်းချပြီး ရန်ပုံငွေ ရှာပေးတာ ဒေါ်လာ ၁၂၀၀၀၀ ကျော်တောင် ရတယ်။

ဘက်ကင်ဟမ်နန်းတော်ပုံတူကို Norfolk Makers ပွဲတော်မှာ ခင်းကျင်းပြသထားတယ်။ ဘက်ကင်ဟမ်နန်းတော်ပုံတူကို သိုးမွေးနဲ့ ဖန်တီးဖို့ ၈ လကြာမြင့်ခဲ့တယ်။ သူ့အတွက် အခက်ခဲဆုံးကတော့ ဂိတ်တံခါးတွေ ဖန်တီးတဲ့အပိုင်းပါပဲ။

မာဂရက်ဟာ ၂၀၂၁ ခုနှစ်တုန်းက Oldie မဂ္ဂဇင်းက ပေးတဲ့ တစ်နှစ်တာ သက်ကြီးသိုးမွေးထိုး အထူးချွန်ဆုံးဆု ရခဲ့ပြီး ကွန်းဝဲလ်မြို့စားကြီးကိုယ်တိုင် ဆုချီးမြှင့်ပေးတာ ခံခဲ့ရတယ်။ လူသိများ ထင်ရှားလာပေမဲ့ ကျော်ကြားမှုဟာ သူ့ကို ဘာမှ မပြောင်းလဲစေဘူးလို့ မာဂရက်က ဆိုတယ်။ ဘက်ကင်ဟမ်နန်းတော်ပုံတူကြောင့် ရလာတဲ့ ရန်ပုံငွေတွေကိုတော့ အက်ဒင်ဘရော့ကလေးဆေးရုံအတွက် လှူဒါန်းဖို့ သူ ရည်ရွယ်ထားပါတယ်။

Ref: 93-Year-old Grandma Creates 6-foot Buckingham Palace Entirely Out of Wool-Look at the Incredible Details

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top