ကမ္ဘာတစ်ဝှမ်းက ကလေးငယ် (၁) သန်းနီးပါးက ပုံမှန်ကာကွယ်ဆေးရရှိဖို့ခက်ခဲနေ

17-6-2021-yyl-56.jpg

ကမ္ဘာတစ်ဝှမ်းက ကလေးငယ် (၁) သန်းနီးပါးက ပုံမှန်ကာကွယ်ဆေးတွေရရှိဖို့အတွက် အခက်အခဲဖြစ်နေတယ်လို့ UNICEF က ထုတ်ပြန်လိုက်ပါတယ်။

ကလေးငယ် (၁) သန်းနီးပါးက ပုံမှန်ကာကွယ်ဆေးတွေ မရရှိနိုင်တဲ့အပြင် ကလေးငယ် (၅) သန်းနီးပါးကလည်း ဗီတာမင်(အေ) ဖြည့်စွတ်ဆေးတွေ လက်လွတ်ဆုံးရှုံးနေရတယ်လို့ သိရပါတယ်။

ကလေးငယ်တွေဟာ ပုံမှန်ကာကွယ်ဆေးတွေ၊ ဗီတာမင်(အေ) ဖြည့်စွတ်ဆေးတွေ မရရှိနိုင်တဲ့အတွက် ကူးစက်ရောဂါဖြစ်ပွားနိုင်သလို ပြင်းထန်တဲ့ရောဂါခံစားရတဲ့ အခြေအနေတွေမှာ မျက်လုံးကွယ်ခြင်းမျိုး အန္တရာယ်တွေကျရောက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ချင်းပြည်နယ်၊ မင်းတပ်မြို့က မိခင်တွေနဲ့ ကလေးတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေပေမယ့်လည်း လူဦးရေ (၉၀) ရာခိုင်နှုန်းနီးပါးက အဲ့ဒီကျန်းမာရေးဝန်ဆောင်မှုတွေမရရှိနိုင်ကြဘူးလို့ UNICEF က သိရပါတယ်။

Photo- Social Media
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top