၂၀၁၉ခုနှစ် အတွင်း သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိခဲ့သည့် သက်ရှိမျိုးစိတ်သစ်များ

yyl-001-6.jpg

California Academy of Sciences မှ ယခု ၂၀၁၉ခုနှစ် အတွင်းတွင် သက်ရှိမျိုးစိတ်သစ် စုစုပေါင်း ၇၁ ခုကို ရှာဖွေခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ ရှာဖွေတွေ့ရှိခဲ့သည့် အထဲတွင် ပန်းပင်မျိုးစိတ်များ၊ ငါးများ၊ သန္တာကျောက်တန်းများ၊ ပင့်ကူမျိုးစိတ်များ၊ ပင်လယ်ပတ်ကျိများ၊ ပုတ်သင်မျိုးစိတ်များ၊ ပုရွက်စိတ်မျိုးစိတ်များ ပါဝင်သည်။ သူတို့ကို သမုဒ္ဓရာများ၊ လှိုင်ဂူများ၊ သစ်တောများ၊ သမုဒ္ဓရာ၏ အနက်ရှိုင်းဆုံးနေရာများတွင် တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

“ယခုလို မျိုးစိတ်အသစ်များကို လေ့လာခွင့်ရရှိခြင်းဟာ သဘာဝတရားကြီးရဲ့ ခမ်းနားပုံကို သိရှိခွင့်ရသလို ဇီဝဖြစ်စဥ်များရဲ့ ဖြစ်တည်မှုဂေဟစနစ်ကို နားလည်ခွင့် ရရှိခဲ့ခြင်းဖြစ်တယ်။ ကျွန်တော်တို့ အနေဖြင့် ၉၀% သော သဘာဝမျိုးစိတ်ပေါင်းကို ယနေ့အချိန်ထိ မသိရှိသေးပါ။ ” ဟု California Academy of Sciences မှ အရာရှိချုပ် Shannon Bennett ကဆိုပါသည်။

သက်ရှိ မျိုးစိတ်သစ်များ၏ သဘာဝအား အပြန်အလှန်အကျိုးပြုပုံကို နားလည်ခြင်းဖြင့် လက်ရှိဖြစ်ပေါ်နေသော ရာသီဥတု ပြောင်းလဲလာခြင်း ပြဿနာများ၊ ကမ္ဘာကြီးပူနွေးလာခြင်း ပြဿနာများ နှင့် တောမီးလောင်ခြင်း ပြဿနာများကို ကာကွယ်တားဆီးရန် တစ်နည်းနည်းဖြင့် ကူညီနိုင်မည်ဟုလည်း ယုံကြည်ကြသည်။ ရှာဖွေတွေ့ရှိခဲ့သော သက်ရှိမျိုးစိတ်သစ်များ အချို့ကို ဗဟုသုတရစေရန် ဖော်ပြပေးလိုက်ပါသည်။

ကြောင်မျက်လုံးပါရှိသည့် ငါးမျိုးစိတ်အသစ်

ဖိလစ်ပိုင် သမုဒ္ဓရာ ကြမ်းပြင်တွင် တွေ့ရှိခဲ့သည့် ပင်လယ်ပတ်ကျိ မျိုးစိတ်အသစ်

Angola နိုင်ငံရှိ ဒုတိယအမြင့်ဆုံးတောင်ပေါ်တွင် တွေ့ရှိခဲ့သည့် girdled lizard မျိုးစိတ်အသစ်

Madang Lagoon ကမ်းရိုးတန်းတွင် တွေ့ရှိခဲ့သည့် ပင်လယ်ပတ်ကျိ မျိုးစိတ်အသစ်

Wakanda ဟု အမည်ပေးထားသည့် ငါးမျိုးစိတ်သစ်

အာဖရိက သန္တာကျောက်တန်း ကမ်းရိုးတန်းဒေသ ပင်လယ်ရေမျက်နှာပြင်အနက် ပေ၂၆၀တွင် တွေ့ရှိရသော ထိုငါးမျိုးစိတ်ကို Marvel Comis Universe မှ Superhero Black Panthers ၏ ဇာတိမြို့ကို အစွဲပြုကာ Cirrhilabrus Wakanda (သို့) the vibranium fairy wrasse ဟုအမည်ပေးထားသည်။ ထိုသို့ အမည်ပေးခဲ့ခြင်းမှာ ယင်းငါးမျိုးစိတ်အား မဲမှောင်သော ပင်လယ်ရေအောက် အမဲရောင် သန္တာကျောက်တန်းများကြားတွင် ခရမ်းပြာရောင်ပြေး အရာင်ဖြင့် တွေ့ရှိရခဲ့ပြီး ရှာဖွေတွေ့ရှိသူမှ ဂုဏ်ယူစွာနဲ့ပင် Superhero ကိုအစွဲပြုကာ ပေးခဲ့ခြင်းပင်ဖြစ်သည်။

မက္ကဆီကိုတွင် တွေ့ရှိခဲ့သည့် ပင့်ကူမျိုးစိတ်အသစ်

ခရိုအေးရှတွင် တွေ့ရှိခဲ့သည့် ပင့်ကူမျိုးစိတ်အသစ်

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top