မြန်မာစာ မြန်မာစကားနယ်ပယ်မှာ `နှုတ်တစ်ရာ စာတစ်လုံး´ ဆိုတဲ့ ဆိုရိုးစကားတစ်ခုရှိပါတယ်။ ‘စကား’ ထက် ‘စာ’ က ပိုအရေးကြီးတယ်လို့ဆိုလိုတာပါ။
မြန်မာစာမှာ ခိုင်မာတိကျတဲ့သဒ္ဒါစနစ်ရှိနေပေမဲ့လည်း မြန်မာလူမျိုးတွေထဲမှာတော့ ဒါကို ရေရေရာရာနားလည်ထားသူ များများမရှိနေပါဘူး။
မြန်မာစာကိုကျွမ်းကျင်ပိုင်နိုင်လာစေဖို့ လေ့လာကိုးကားစရာ မြန်မာသဒ္ဒါဆိုင်ရာစာအုပ်စာတမ်းတွေကတော့ များစွာရှိနေတာပါ။ အဲဒီလေ့လာစရာတွေထဲမှာ သာသနဓဇဓမ္မာစရိယ ဝိနယပါဠိပါရဂူ လယ်တီအရှင်ကေလာသ (မုံရွာ) ရေးသားဖွဲ့ဆိုထားတဲ့ ယတိဗေဒ (ခေါ် ) မြန်မာစာရေးနည်းသံခိပ်လည်း ပါဝင်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်ရဲ့ ‘မြန်မာစာ မြန်မာစကား’ ကဏ္ဍအတွက် ‘ယတိဗေဒသံခိပ်’ မှာပါတဲ့ မြန်မာစာရေးသားနည်းတွေကို ကောက်နုတ်ဖော်ပြပေးထားလို့ လေ့လာဖတ်ရှုကြည့်ဖို့ တိုက်တွန်းလိုပါတယ်။
(၁) ကွက်လပ် ( )
ဝါကျတစ်ခုအတွင်းမှာပါတဲ့ ဝိဘတ်စကားလုံးတိုင်းရဲ့ကွက်လပ်ထား (နေရာလွတ်ခြား) ရေးရပါတယ်။
(၂) ပုဒ်သေး ( ၊ )
ဝါကျငယ်တစ်ခုပြီးဆုံးတဲ့နေရာ၊ ရက်၊ လ၊ နှစ် ဖော်ပြချက်နဲ့ စာအမှတ်စဉ်တွေရဲ့အနောက်မှာ ပုဒ်သေးချပေးရပြီး ‘သို့မဟုတ်” ရဲ့အရှေ့မှာလည်း ပုဒ်သေးချပေးရပါတယ်။
(၃) ပုဒ်ကြီး/ ပုဒ်မ ( ။ )
ခေါင်းစီးစာသားရဲ့ အဆုံးနေရာ၊
ဝါကျတွေကို စုပေါင်းရေးသားပြီးအဆုံးသတ်တဲ့နေရာ၊ ဝါကျတစ်ကြောင်းရေးသားအဆုံးသတတဲ့်နေရာနဲ့ အမှတ်စဉ်ပြကိန်းဂဏန်းတွေရဲ့အနောက်မှာ ပုဒ်မချပေးရပါတယ်။ အမှတ်အသားပြုမှု၊ ညွှန်းဆိုမှု၊ အမှာစာနဲ့ ခြွင်းချက်တို့ရဲ့အနောက်မှာကတော့ ပုဒ်ကြီး (၂) ခုချရပါတယ်။
(၄) တုံးတို ( – )
ရှေ့နဲ့နောက် ကပ်လျက်ရှိနေတဲ့ပုဒ်နှစ်ခုကို မရောထွေးစေလိုရင်၊ ကပ်လျက်ပုဒ်နှစ်ခုက ဆိုလိုရင်းသီးခြားစီဖြစ်နေခဲ့ရင် အလယ်မှာ တုံးတိုထားပေးရပါတယ်။ ရှေ့မှာကိန်းဂဏန်း နောက်မှာစာ ပုံစံမျိုးရေးတဲ့အခါ ကိန်းဂဏန်းရဲ့အနောက်မှာ တုံးတိုထားရပါတယ်။ ပါဠိစာသားတွေကိုအဓိပ္ပာယ်ဖွင့်ဆိုပြတဲ့အခါမှာလည်း ပါဠိစကားလုံးရဲ့အနောက်မှာ တုံးတိုထားပါတယ်။
၃၃။ မိတ္တူပို့ရာ၊ ဖြန့်ဝေရာ၊ ရှေ့မှာ `တုံးတို´ချစမြဲ။
မိတ္တူဖြန့်ဝေတဲ့အခါ ရှေ့ဆုံးမှာ
(၅)တုံးရှည်(–)
မိတ္တူဖြန့်ဝေတဲ့အခါ အနောက်မှာ၊
အဓိပ္ပာယ်ဖွင့်ဆိုမှုတွေရဲ့အနောက်၊ နှိုင်းယှဉ်ဖော်ပြမှုအတွက်သုံးတဲ့ ‘ဥပမာ’ ဆိုတဲ့စကားလုံးရဲ့အနောက်နဲ့ ဝါကျဆုံးသွားပေမဲ့ ဆက်ပြီးဖော်ပြစရာကျန်နေသေးတဲ့အခါတွေမှာ တုံးရှည်ထားပေးရပါတယ်။
(၆) အောက်မျဉ်း ( ___ )
အထူးသတိပြုမိစေလိုတဲ့အကြောင်းအရာတစ်ခုကို ညွှန်ပြလိုတဲ့အခါ အောက်မျဉ်းကို ထည့်သွင်းဖော်ပြရပါတယ်။
(၇) ပုဒ်ကန့် ( , )
ပမာဏပြကိန်းတန်ဖိုးတွေရဲ့သုံးလုံးမြောက်ကိန်းဂဏန်းအနောက်မှာ၊ ကိန်းဂဏန်းတွေကို အစီအစဉ်ချပြီးရေးသားတဲ့အခါနဲ့ ဝါကျတစ်ခုတည်းမှာ အမျိုးအစားတူ၊ အမည်ကွဲတဲ့အရာတွေကို ရေးသားဖော်ပြတဲ့အခါမှာ ပုဒ်ကန့်ကိုသုံးရပါတယ်။
(၈) မီးပြကြီး ( “…..”)
ပြောစကားနဲ့ အကြံအစည်တွေကို ရေးသားဖော်ပြရာမှာ သုံးရပါတယ်။
(၉) မီးပြကလေး ( ‘….’)
၄၆။ တစ်ဆင့်ပြန်ပြောတဲ့စကား၊ ကြံစည်တဲ့စကားမျိုးကို ရေးသားဖော်ပြတဲ့အခါ ‘မီးပြကြီး´ရဲ့အတွင်းမှာ `မီးပြကလေး´ကို ထည့်ပြီးရေးသားရပါတယ်။
(၁၀) လက်သည်းကွင်း ( )
ရှေ့ကရေးခဲ့ပြီးတဲ့စာနဲ့ ဆိုလိုရင်းချင်းတူတဲ့စာသားကို ထည့်သွင်းဖော်ပြတဲ့အခါ၊ ကိန်းဂဏန်းနဲ့ စာသားကို တွဲပြီးရေးတဲ့အခါနဲ့ စာပိုဒ်ခွဲတွေကို အမှတ်စဉ်တပ်ရေးသားတဲ့အခါတွေမှာ လက်သည်းကွင်းကို သုံးရပါတယ်။
(၁၁) တွန့်ကွင်း { }
မြန်မာစာမှာ `တွန့်ကွင်း ´အသုံးပြုမှု လုံးဝမရှိပါဘူး။
(၁၂) ထောင့်ကွင်း [ ]
ရည်ညွှန်းချက်၊ မှတ်ချက်၊ ရှင်းလင်းချက်၊ ခြွင်းချက်နဲ့ သတိပေးချက်တွေကိုရေးသားရာမှာ ထောင့်ကွင်းကိုသုံးရပါတယ်။
(၁၄) ခရေပွင့် ( * )
အညွှန်းစာနဲ့ အောက်ခြေမှတ်စုတွေကို ခရေပွင့်ပြပြီးရေးသားရပါတယ်။
Ref: (လယ်တီအရှင်ကေလာသ (မုံရွာ) ၏ ယတိဗေဒ (ခေါ် ) မြန်မာစာရေးနည်းသံခိပ်
Team (ရိုးရာလေး)