ကိုယ်အလေးချိန်ကျသွားအောင် ဘက်စကက်ဘောကစားကြမယ်

basketball_002.jpg

ကိုယ်အလေးချိန်ကျသွားအောင် ဘက်စကက်ဘောကစားကြမယ်

ကိုယ်အလေးချိန်ကျဖို့ဆိုတာ လူတွေထင်ထားသလောက် မလွယ်ကူပါဘူး။ ကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်အချိုးအစားဖြစ်ဖို့အတွက် တစ်နေ့တာ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ သင့်တင့်မျှတစွာ စားသုံးတာတွေကို လူတိုင်းက မလိုက်နာနိုင်ကြပါဘူး။ ကိုယ်အလေးချိန်ကျဖို့အတွက် အစားအသောက်တွေကို ဆင်ခြင်စားသောက်နေရတာက တချို့အတွက် အလုပ်တာဝန်တစ်ခုလိုဖြစ်နေတာပါ။ သင်က ကိုယ်အလေးချိန်ကျဖို့အတွက် Gym ဆော့ရတာမကြိုက်ဘူးဆိုရင် အခြားအားကစားနည်းနဲ့ ခန္ဓာကိုယ်ကျစ်လစ်အောင် လုပ်လို့ရပါတယ်။ ဘတ်စကက်ဘောကစားရတာကြိုက်ရင်တော့ အဲ့ဒီကစားနည်းက ကိုယ်အလေးချိန်ကျစေနိုင်ပါတယ်နော်။

ဘတ်စကက်ဘောကစားရင် တစ်ပတ်ကို ကယ်လိုရီဘယ်လောက် လောင်ကျွမ်းန်ိုင်မလဲ

ဘတ်စကက်ဘောကစားတာက ခွန်အားနဲ့ ခံနိုင်ရည်စွမ်းတို့ လိုအပ်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို အနည်းဆုံး မိနစ် (၃၀) လောက် ဘတ်စကက်ဘောကစားပေးမယ်ဆိုရင် ကယ်လိုရီ (၂၄၀) ကနေ (၃၅၀) အထိ လောင်ကျွမ်းနိုင်ပါတယ်။ လူတစ်ယောက်က တစ်နေ့ကို ကယ်လိုရီ (၂၄၀) လောင်ကျွမ်းမယ်ဆိုရင် အပတ်တိုင်း ကိုယ်အလေးချိန်က (၂၃၀) ဂရမ် ကျသွားမှာဖြစ်ပါတယ်။ ဆိုလိုတာက တစ်လကို သင်ဟာ ကိုယ်အလေးချိန် (၁) ကီလိုဂရမ် လျော့သွားပါလိမ့်မယ်။

ကိုယ်အလေးချိန်ကျသွားအောင် ဘက်စကက်ဘောကစားကြမယ်

ဘယ်လိုကစားမလဲ

ဘက်စကက်ဘောက အဖွဲ့လိုက်ကစားရတာဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကျချင်ရင် ဘတ်စကက်ဘောကို မိနစ် (၃၀) လောက် အဖွဲ့လိုက်ကစားပေးပါ။ အခြားကစားသမားတွေနဲ့ မျက်နှာချင်းဆိုင်ထားတာက ကယ်လိုရီကို (၂) ဆနည်းပါး လောင်ကျွမ်းစေပါတယ်။ တစ်ယောက်တည်းကစားရမယ်ဆိုရင်လည်း သင် တစ်ယောက်တည်း ဘတ်စကက်ဘော ပစ်လို့ရပါတယ်။ တစ်ယောက်တည်းကစားတဲ့အခါ ပတ်ပြေးရင်း ဘောလုံးကို ပုတ်ပြီး ဘတ်စကက်ဘောခြင်းထဲကို ပစ်သွင်းလိုက်ပါ။ တစ်ယောက်တည်းကစားတဲ့အခါ ဖြည်းဖြည်းသာသာ မကစားပါနဲ့။ ကယ်လိုရီလောင်ကျွမ်းဖို့အတွက် လျင်လျင်မြန်မြန်ကစားပေးပါ။

မိနစ် (၃၀) လောက် ကစားပြီးတဲ့နောက်မှာ အသက်ရှုဝအောင်နဲ့ နှလုံးခုန်တာ နဂိုအတိုင်းပြန်ဖြစ်ဖို့အတွက် ခဏနားလိုက်ပါ။ အသက်ရှုတာ ပုံမှန်ပြန်ဖြစ်သွားရင် ပေါ့ပေါ့ပါးပါးလေး ပြန်ကစားလိုက်ရမှာဖြစ်ပါတယ်။

ဘတ်စကက်ဘောကစားခြင်းက ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်ပေမယ့် သင့်တင့်မျှတတဲ့စားသောက်ဖို့လည်း အရေးကြီးပါတယ်။ ကယ်လိုရီစားသုံးမှုပမာဏကို လျော့မချနိုင်ဘူးဆိုရင်တော့ ကိုယ်အလေးချိန်ကျမှာမဟုတ်ပါဘူးနော်။

Ref: TOI “How can you lose weight by playing basketball”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top