ငယ်စဉ် ကလေးဘဝ ကတည်းက သားသမီးတွေ အပေါ်ပြုစု လာခဲ့တဲ့ အဖေ။ခုချိန်ထိလည်း သားသမီးတွေ အပေါ် ပြုစုစောင့်ရှောက် နေဆဲပါ။ အဖေ နားတွေ သိပ်မကောင်းတော့ဘူး။ အဖေ အသံတွေ တုန်နေတယ်။ အဖေ ခြေထောက်တွေ မကောင်းတော့ဘူး။ ဒါပေမယ့် အဖေက အမြဲပြောလေ့ရှိတယ်။ သားသမီးတွေ ဆီကနေ ဘာကိုမှ အလိုမရှိ ပါဘူးတဲ့။
ခုချိန်ထိတောင် အဖေဟာ သားသမီးတွေ အမြဲစိတ်ပူ နေတုန်းပဲ။ အိပ်ပြန်နောက် ကျရင်လည်း မဖေဟာ မျှော်နေလေ့ရှိတယ်။ သားသမီးတွေ ပင်ပန်းတာ ကိုလည်း သူမမြင်ချင်ဘူး။ သူအသက်ရှင် သရွေ့ သားသမီးတွေ အပေါ် အလုပ်အကျွေး ပြုချင်နေ တုန်းပါပဲ။ ဒါပေမယ့် အဖေ့အပေါ် တာဝန် မကျေခဲ့ကြဘူး။
တစ်ခါတစ်လေ ပုဆိုး တစ်ထည်လောက်ပဲ ကန်တော့ဖြစ်တယ်။ တစ်ခါတစ်လေပိုက်ဆံလေး အနည်းငယ်လောက်ပဲ ကန်တော့ဖြစ်တယ်။ အဖေနည်းတယ် များတယ်
မပြောဘူး လက်ခံခဲ့တယ်။ တစ်ခါတစ်လေဆိုရင် အဖေ့ဆီ ကတောင် ပြန်တောင်းဖြစ်တယ်။ အဖေ မငြင်းဘူး ရှိသမျှတွေ ပေးခဲ့တယ်။
တကယ်တော့ အဖေဟာ အဖေပါပဲ။ အရာရာကို သားသမီးတွေ အတွက် ပေးစွမ်း ချင်နေတာပါ။ အဖေအပေါ် ဘယ်တော့မှ သင် တာဝန်ကျေတယ် ဆိုတာ ရှိမှာ မဟုတ်ဘူး။ တတ်နိုင်သလောက် ကျေးဇူးဆပ်နိုင်ပါစေ။
Photo By – editorstop
ကျော်လင်းနိုင် (ရိုးရာလေး)