သင့်ကလေးငယ်ကို ဉာဏ်ရည် ပိုမိုထက်မြက်အောင် ပြုစု ပျိုးထောင်နိုင်မယ့် နည်းလမ်း (၁၀)ချက်

smartkidsLarge.jpg.jpg

ကိုယ့် သားသမီးကို ထူးချွန်ထက်မြက်စေချင်တာဟာ မိဘတိုင်းရဲ့ ဆန္ဒဖြစ်မှာပါ။

ဒါပေမယ့် အဲဒီလို ထူးချွန်ထက်မြက်အောင် ဘယ်လို ပြုစုပျိုးထောင်နိုင်မလဲဆိုတာကိုတော့ မိဘတိုင်း သိနိုင်ချင်မှ သိနိုင်မှာပါ။  ကလေးဘဝကနေ ဆယ်ကျော်သက်အရွယ်မရောက်ခင်အတွင်း သားသမီးတွေကို ဉာဏ်ရည်ပိုမိုထက်မြက်အောင် သိပ္ပံနည်းကျ လေ့ကျင့်ထိန်းကျောင်းနိုင်မယ့် နည်းလမ်းတွေကို ရိုးရာလေး စာဖတ်သူတွေအတွက် မျှဝေဖော်ပြလိုက်ရပါတယ်။

၁) ဂီတနဲ့ ပတ်သက်ပြီး သင်ကြားပေးပါ  –  ကလေးကို ဂီတလေ့ကျင့်ခန်းတွေ ပေးတာဟာ စာသင်ခန်းတွင်း မှတ်ဉာဏ်ကို တိုးတက်စေကြောင်း လေ့လာတွေ့ရှိထားပါတယ်။

၂) အားကစား လုပ်ပါစေ – ၂၀၀၇ ခုနှစ်က ဂျာမနီနိုင်ငံမှာ ပြုလုပ်တဲ့ လေ့ကျင့်ခန်းတစ်ခုအရ လူတွေဟာ ကာယလေ့ကျင့်ခန်းတွေ အားကစားတွေ ပြုလုပ်ပြီးချိန် စာသင်တဲ့ အခါမှာ ဝေါဟာရအသစ်တွေကို သာမန်ထက် ၂၀ ရာခိုင်နှုန်း ပိုမို မှတ်သားနိုင်စွမ်းရှိလာတယ်လို့ သိရပါတယ်။

၃) ကလေးတွေကို စာဖတ်မပြပါနဲ့၊ ကလေးတွေနဲ့ အတူတူ စာဖတ်ပါ – အငယ်ပိုင်းကာလတွေမှာ ကလေးတွေကို ပုံပြင်တွေ၊ ကာတွန်းတွေ ဖတ်ပြတဲ့ အခါ သူတို့ကို ပုံတွေ ချည်းပဲ လက်နဲ့ ထောက် မပြပါနဲ့။ စကားလုံးတွေ၊စာလုံးပေါင်းတွေကို ကလေးအနေနဲ့ ရင်းနှီးယဉ်ပါးလာအောင် ကြိုးစားပါ။

၄) အိပ်ချိန်ကောင်းကောင်းမရတာဟာ ကလေးရဲ့ ဉာဏ်ရည်ကို ထိခိုက်စေပါတယ် – သင်ယူလေ့လာတဲ့ ကာလမှာ ကလေးငယ်ဟာ ရှိသင့် ရှိထိုက်တဲ့ အိပ်ချိန်အပြည့်အဝရဖို့ အရေးကြီးပါတယ် တဲ့။

၅) ဉာဏ်ရည်ထက်မြက်သလို စည်းကမ်းတွေလိုက်နာအောင်လည်း ပြုစုပျိုးထောင်ပါ – ဘဝမှာ ဉာဏ်ရည်သက်သက်နဲ့ မအောင်မြင်နိုင်ပါဘူး ။ သင့်ကလေး ငယ်စဉ်ကတည်းက သူ လုပ်စရာရှိတဲ့ အလုပ်ကလေးတွေ ပြီးမြောက်အောင် သူကိုယ်တိုင် တာဝန်ယူဆောင်ရွက်ဖို့ တိုက်တွန်းပါ။

၆)သင်ယူမှုဆိုတာ ကိုယ်တိုင် တက်တက်ကြွကြွသင်ယူဖို့ လိုတာပါ – ကလေးတွေကို စာတွေချည်း သက်သက် အတင်းသင်တာထက် သုတို့ ပို စိတ်ဝင်စားမယ့် နည်းလမ်းတွေ (ဥပမာ- ချစ်စရာ ကာတွန်းဇာတ်ကောင်လေးတွေ ပါတဲ့ အင်္ဂလိပ်သင်ခန်းစာ ဗီဒီယို စသဖြင့်)နဲ့ သူတို့ကိုယ်တိုင် တက်တက်ကြွကြွသင်ယုနိုင်မယ့် အခြေအနေမျိုး ဖန်တီးပေးသင့်ပါတယ်။

၇) မုန့်ပဲသွားရည်စာလေးတွေကို သူ့ အချိန်နဲ့ သူ ကျွေးပါ – ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေပဲ ကျွေးရင် အကောင်းဆုံးဖြစ်ပေမယ့် ရံဖန်ရံခါဆိုသလို ကလေးတွေ ကြိုက်မယ့် ချိုချဉ်တွေ၊သွားရည်စာတွေလည်း ကျွေးသင့်ပါတယ်။ ကဖိန်းနဲ့ ဂလူးကို့စ်တွေ ပါဝင်တဲ့ မုန့်တွေ၊ အစားအသောက်တွေဟာ ကလေးဉာဏ်ရည် ဖွံ့ဖြိုးရေးကို အထောက်အကူပြုပါတယ်တဲ့။

၈) ပျော်ရွှင်တဲ့ ကလေးတွေဟာ အောင်မြင်တဲ့ သူတွေ ဖြစ်လာတာ များတယ် – လက်ရှိမိသားစု ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြှီး စိတ်ချမ်းသာနေ၊ပျော်ရွှင်နေတဲ့အခါ ကလေးငယ်ဟာ ကျောင်းစာတွေ၊လုပ်စရာအလုပ်တွေအပေါ် တက်တက်ကြွကြွ အာရုံစိုက်နိုင်ပြီး ပို အောင်မြင်လာနိုင်မှာပါ။

၉) ပတ်ဝန်းကျင်ကလည်း အရေးကြီးတယ် – မိဘတွေ၊ ဆွေမျိုးအသိုင်းအဝိုင်းတွေရဲ့ အပြုအမူအနေအထိုင်က ကလေးအပေါ် အများကြီးသက်ရောက်မှု ရှိပါတယ်။ ကိုယ့်ကလေးရဲ့ သူငယ်ချင်းတွေဟာလည်း လိမ္မာတဲ့၊ တော်တဲ့ ကလေးတွေ ဖြစ်နေရင် သူတို့ချင်း အပြန်အလှန်သင်ယူနိုင်ဖို့ အခွင့်အလမ်းများပါတယ်။

၁၀) ကလေးအပေါ် ယုံကြည်ပါ – ကိုယ့်ကလေးက ကျန်တဲ့ လူတွေထက် ပိုတော်တယ်လို့ ယုံကြည်တဲ့ စိတ်နဲ့ ချီးကျုးပြောဆိုပေးရင် ကလေးအနေနဲ့ သူ့ကိုယ်သူ ယုံကြည်မှုတည်ဆောက်ရတာ ပိုမိုလွယ်ကူပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေတဲ့ ကလေးငယ်တွေဟာ သာမန်ကလေးတွေထက် ပိုမိုထူးချွန်ကြတယ်လို့ စိတ်ပညာလေ့လာချက်တွေအရ သိရပါတယ်။

(Reference: Time Magazine: How To Make Your Kids Smarter: 10 Steps Backed By Science)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top