အမေ့လက်ရာ

yyl-027-13.jpg

ဘယ်လောက်ပဲ ကောင်းတဲ့ အစားသောက်တွေကို နေ့တိုင်းစားရ စားရ အမေချက်ကျွေးတဲ့ ဟင်းကိုတော့ မှီမယ်မထင်ဘူး။ ငယ်ငယ်လေး ကတည်းက အမေ့လက်ရာကို စားပြီး ကြီးပြင်းလာခဲ့ကြတဲ့ သူတွေမို့ အမေ့လက်ယာဟာ တစ်သက် မမေ့စရာပါ။

အမေချက်ကျွေးတဲ့ ဟင်းကိုမစားရတာ နှစ်တွေ၊ လတွေ ကြာခဲ့ပေမယ့် အမေ့လက်ရာ ကိုတော့ ရင်ထဲကနေ မှတ်မိနေဆဲပါ။ အထူးသဖြင့် အရသာ မရှိတဲ့ ဟင်းတွေကို ကျိတ်မှတ်ပြီး စားရတဲ့ အခါတွေဆို ပိုပိုပြီး သတိရပါတယ်။

အရသာရှိတဲ့ ဟင်းတစ်ခွက်ရဲ့ တန်ဖိုးကိုတော့ အမေ့လက်ရာနဲ့ ဝေးတဲ့အခါကြမှာ သိပါတော့တယ်။ အခါအခွင့်တွေ ကြုံအုံးမယ်ဆိုရင် မိသားစု ထမင်ဝိုင်းကြီးကြီးမှာ အမေချက်ကျွေးတဲ့ အမေ့လက်ရာနဲ့ ပျော်ပျော်ရွှင်ရွှင် ထမင်းလက်ဆုံ စားချင်ပါသေးတယ်။ အမေနဲ့ အမေ့လက်ရာ ဆိုတာ တစ်သားတည်း တစ်ထပ်တည်းကျလို့ အမြဲတန်း လွမ်းနေပါတယ်။

Photo By – cep.com

ကျော်လင်းနိုင် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top