အဖေ့ဆီကသားသမီးတွေ လက်ဆင့်ကမ်းရရှိတဲ့ အရာ ၆ မျိုး

yyl-024.jpg

ပတ်ဝန်းကျင်မှာတစ်ခါတစ်လေ”မင်းမျက်လုံးကမင်းအဖေမျက်လုံးနဲ့တူတယ်” “မင်းရဲ့သားကမင်းရုပ်အတိုင်းပဲ။” ဆိုတဲ့စကားလေးတွေကြားဖူးကြမှာပေါ့။

ဒီလိုမျိုး ရုပ်သွင်ပြင် တူတာအပြင် မိဘတွေဆီက ကလေးတွေ လက်ဆင့်ကမ်းရရှိတဲ့ အရာအများကြီးရှိပါတယ်။ အဖေရဲ့ဗီဇမျိုးရိုးကိုလိုက်ပြီး ရုပ်သွင်ပြင်တူရုံသာမက မျိုးရိုးလိုက်တဲ့ ရောဂါတွေပါသေချာပေါက်ရရှိမှာပါ။ဘယ်လိုရောဂါမျိုးရိုးတွေ အဖေဆီကရမှာလည်းကြည့်ရအောင်။

၁။ နှလုံးရောဂါ

အဖေတွေရဲ့မျိုးရိုးဗီဇကို အထူးသဖြင့် သားယောက်ျားလေးတွေကအများဆုံးဆက်ခံရတာကြောင့် ယောက်ျားလေးတွေမှာ heart attackဖြစ်နိုင်ချေ က ၅၀ ရာခိုင်နှုန်းထက်ပိုများပါတယ်။ ဒါကြောင့် သွေးကြောပိတ်တာတို့ နှလုံးဆီပို့ဆောင်တဲ့သွေးကြောပိတ်တာတို့ဖြစ်နိုင်ပါတယ်။

၂။ အရပ်အမြင့်

ကလေးတစ်ယောက်ရဲ့ အရပ်အမြင့်ကိုဆုံးဖြတ်ပေးဖို့ဗီဇက ၇၀၀ ကျော်ရှိပါတယ်။ အဖေနှင့်အမေ၂ယောက်လုံးပေါ်မူတည်တယ်လို့ပြောရင်ပိုလွယ်ပါမယ်။ မိဘနဲ့ အရပ်တပြေးတည်းရှည်တဲ့လူတွေရှိသလို နည်းနည်းနိမ့်တာတို့ ပိုရှည်တာတို့လည်းရှိပါတယ်။ အများစုက အဖေ့အရပ်အမြင့်နဲ့သွားတူကြတာများပါတယ်။ ဒါကြောင့်ကလေးတွေရဲ့အရပ်အမြင့်ပေါ်မှာအဖေဖြစ်သူရဲ့သက်ရောက်မှုကပိုများပါတယ်။

၃။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြသနာ

စိတ်ရောဂါက မျိုးရိုးလိုက်တာများပါတယ်။ သင့်ရဲ့အဖေကအသက်ကြီးလာချိန်မှာသူငယ်ပြန်တာတို့ စိတ်မမှန်တော့တာတို့ဖြစ်တယ်ဆိုရင် သေချာပေါက်သင့်မှာလည်းဖြစ်ဖို့များပါတယ်။

သင့်ရဲ့အဖေကအသက်ကြီးမှ အိမ်ထောင်ပြုတဲ့လူဆိုရင်တော့ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေကို သင့်လက်ဆင့်ကမ်းရဖို့များပါတယ်။ အကြောင်းရင်းကတော့အမျိုးသားတွေကအသက်ကြီးလာတာနဲ့အမျှ DNA ပြောင်းသွားလို့ပါ။

၄။ သွားရောဂါ

အဖေဖြစ်သူမှာ သွားနဲ့ပတ်သက်ပြီးပြသနာအမျိုးမျိုးရှိတယ်ဆိုရင် ကလေးတွေမှာလည်းအလားတူခံစားရဖို့များပါတယ်။ခံတွင်းနဲ့ပတ်သက်သမျှအရာတွေက သန့်ရှင်းမှုနဲ့ဆိုင်သလို မျိုးရိုးလိုက်တာများပါတယ်။ဥပမာ- မေးရိုးအနေအထား သွားအရွယ်အစား ပုံသဏ္ဍန်တို့ပေါ့။ အမေဖြစ်သူရဲ့ မေးရိုးနှင့်သွားဆိုင်ရာ ပြသနာတွေလည်းလက်ဆင့်ကမ်းနိုင်တယ်ဆိုပေမဲ့ အဖေ့ ဘက်မျိုးရိုးလိုက်တာပိုများပါတယ်။

၅။ မျက်လုံးအရောင်

မျက်လုံးအရောင်ကတော့ဆုံးဖြတ်ရခက်ပါတယ်။ အဖေနဲ့တူနိုင်သလို အမေနဲ့လည်းတူနိုင်ပါတယ်။ အဖေနဲ့တူတာပိုပြီးများနိုင်ခြေရှိပါတယ်။တစ်ခါတစ်လေ မျက်ဆံနက်တဲ့ ကလေးတွေက အဖေနဲ့တူလို့ နက်တာများသလို တချို့ကျတော့လည်းအမေနဲ့သွားတူတာပါ။

၆။မျိုးဆက်ပွားနိုင်စွမ်း

မျိုးဆက်ပွားနိုင်စွမ်းမရှိတဲ့အမျိုးသားက တခြားနည်းလမ်းတွေနဲ့ကြိုးစားပြီး ကလေးရအောင်ယူခဲ့ရင်တောင်မှ သားလေးမွေးတယ်ဆိုရင် ထိုသားကလည်းအဖေလိုပဲ မျိုးဆက်ပွားနိုင်စွမ်းရှိမှာမဟုတ်ပါဘူး။

ဒါတွေသိထားတယ်ဆိုရင်တော့ အဖေနဲ့အမေမှာ ဘယ်သူနဲ့ပိုတူတာလဲဆိုတာ ပြောလို့ရပြီပေါ့။

Ref: 7-things-didnt-know-children-inherit-fathers/
May Moe(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top