ကိုယ် တစ်ခါမှမရခဲ့ဖူးတဲ့ အရာတစ်ခုကို ရလိုက်တဲ့အခါမှာ သင် ဘယ်လိုခံစားရမလဲ။ ယူဂန္ဓာနိုင်ငံက အမျိုးသမီးတစ်ယောက်ကတော့ ဖိနပ်တစ်ရံ လက်ဆောင်ရပြီးတဲ့နောက်မှာ ကွေးနေအောင် ကခဲ့ရလောက်တဲ့အထိ အပျော်ကြီးပျော်ခဲ့ရပါတယ်။
လောရာ ဂရေရား (Laura Grier) ဆိုတဲ့အမျိုးသမီးက အဲဒီအမျိုးသမီး ခြေဗလာဖြစ်နေတာကို ကားနဲ့ဖြတ်သွားရင်းနဲ့ မြင်ခဲ့ပြီး သူ့ကို ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဂရေရားရဲ့ကားမောင်းသမားက ကားထဲကနေ ထွက်ပြီး ယူဂန္ဓာနိုင်ငံက အမျိုးသမီးကို ဖိနပ်စီးပေးခဲ့ပြီးတဲ့နောက်မှာ အဲဒီအမျိုးသမီးက ပျော်လွန်းလို့ လူတွေရှေ့မှာ ကခဲ့ပါတယ်။
“ကျွန်မ လမ်းတစ်ဖက်မှာ ခြေဗလာနဲ့ အမျိုးသမီးကို မြင်ပြီး ကျွန်မရဲ့ကားသမားကို ကားရပ်ခိုင်းခဲ့ပါတယ်။ အဲဒီအမျိုးသမီးက အရင်ကတည်းက ဖိနပ်မစီးခဲ့ရပါဘူး။ အခုဖိနပ်က သူ့အတွက် ပထမဆုံးပါပဲ” လို့ ဂရေရားက ဆိုပါတယ်။
သူက အခြားသူကို ပေးပစ်ဖို့အတွက် တင်းနစ်ဖိနပ်အဟောင်းကို ယူလာခဲ့တာဖြစ်ပြီး အဲဒီအမျိုးသမီးရဲ့အပျော်တွေကို မြင်ရတာ သူ့ကို မျက်ရည်ကျရလောက်တဲ့အထိပါပဲလို့ ဂရေရားက ပြောခဲ့ပါတယ်။
ယူဂန္ဓာနိုင်ငံက အမျိုးသမီး ဖိနပ်လက်ဆောင်ရပြီး အပျော်ကြီးပျော်နေတဲ့ ဗီဒီယိုကို စာဖတ်ပရိသတ်တွေ ကြည့်ရှုလို့ရအောင် အောက်မှာ တင်ပေးလိုက်ပါတယ်နော်..။
ဗီဒီယိုကြည့်ရှုရန် – http://tiny.cc/jcwp8y
Ref: Dailymail “Ugandan woman dances with joy after she is given her first EVER pair of shoes”
WL (ရိုးရာလေး)