ဆယ်လီနာက ဂျက်စတင်ဘီဘာရဲ့နှလုံးသားကို ထာဝရပိုင်ဆိုင်နေမှာလို့ အစီအစဉ်တင်ဆက်သူပြော

yyl-25-020.jpg

ဆယ်လီနာရဲ့ “Lose You To Love Me” နဲ့ “Look At Her Now” ဆိုတဲ့ သီချင်းအသစ်တွေ ထွက်ရှိလာပြီးတဲ့နောက်မှာ သူ့ရဲ့ရည်းစားဟောင်း ဂျက်စတင်ဘီဘာ၊ သူ့ဇနီး ဟေလီတို့ကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းက ပြန်ပြီး ခေတ်ထလာပြန်ပါပြီ။ Canadian talk showတစ်ခုမှာလည်း အစီအစဉ်တင်ဆက်သူ မာစီ အိုင်အန် (Marci Ien) ကလည်း ဆယ်လီနာနဲ့ ဂျက်စတင်တို့က တစ်ယောက်နဲ့တစ်ယောက်တစ်သားတည်းဖြစ်နေတယ်လို့ သူထင်ကြောင်း အခိုင်အမာပြောခဲ့ပါသေးတယ်။

မာစီကပဲ ဟေလီက သူ့အမြင်ကို သဘောတူလက်ခံမှာဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ “သူတို့လက်မထပ်ဖြစ်ခဲ့ကပေမယ့်လည်း ဟေလီလို သူ့နဲ့အတူတူရှိနေတဲ့သူက ဒါကိုသိတယ်။ ဒါကို ကောင်းကောင်းသိတယ်။ သူက Mrs. Bieber ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဆယ်လီနာက ဂျက်စတင်ရဲ့နှလုံးသားကို ထာဝရပိုင်ဆိုင်နေမှာ” လို့ ဆက်လက်ပြောခဲ့ပါတယ်။

“The Social” အစီအစဉ်က အင်စတာဂရမ်အကောင့်မှာ မာစီပြောကြားခဲ့တဲ့ ဗီဒီယိုclip ကို တင်ခဲ့ပါတယ်။ ဂျက်စတင်နဲ့ ဟေလီတို့အကြောင်းကို မာစီ အဲဒီလိုပြောခဲ့တဲ့အတွက် ဟေလီရဲ့ဦးလေး ဘီလီ ဘတ်ဝင်း (Billy Baldwin) က ကန့်ကွက်ကြောင်းလက်မအောက်စိုက်ပြတဲ့စတစ်ကာနဲ့အတူ “တကယ်လား…ဝိုး” ဆိုတဲ့ ရေးသားခဲ့ပါတယ်။ အဲဒီကွန်မန့်က အခုဆိုရင် လူပြောစရာဖြစ်နေပါတယ်။

ဆယ်လီနာက အောက်တိုဘာ (၂၂) ရက်နေ့က “Lose You To Love Me” သီချင်းကို ထွက်ရှိပေးခဲ့ပြီးတဲ့နောက်မှာ ပရိသတ်တော်တော်များများက ဒီသီချင်းက ဂျက်စတင်ဘီဘာကို ရည်ညွှန်းထားတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ဟေလီကလည်း သူနားထောင်နေတဲ့သီချင်းနာမည် “I’ll Kill You” ကို ထုတ်ပြခဲ့တဲ့အတွက် ဟေလီက ဆယ်လီနာကို သွယ်ဝိုက်တဲ့နည်းနဲ့ ပြန်တိုက်ခိုက်တယ်လို့ ပရိသတ်တွေ ထင်ခဲ့ပါတယ်။ အဲဒီအကြောင်းနဲ့ပတ်သက်ပြီး ဟေလီက သူ့ရဲ့အင်စတာဂရမ် Story မှာ “ကျေးဇူးပြုပြီး အဓိပ္ပာယ်မရှိတဲ့စကားတွေရပ်လိုက်ပါ။ တုံ့ပြန်တာမရှိပါဘူး” လို့ ရေးသားခဲ့သလို ဆယ်လီနာကလည်း အောက်တိုဘာ (၂၃) ရက်နေ့က အင်စတာဂရမ် Live လွှင့်တဲ့အတောအတွင်းမှာ အမျိုးသမီးတွေကို မျက်ရည်ကျအောင် လုပ်တဲ့အမျိုးသမီးတွေအတွက် သူရပ်တည်ပေးမှာမဟုတ်ဘူး” လို့ ထုတ်ပြောခဲ့ပါတယ်။

Ref: HollywoodLife “Hailey Baldwin’s Uncle Billy Freaks AfterHost Insists Selena Gomez Is JustinBieber’s Soulmate: ‘Wow’”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top