အက်ရှင်ခန်းရိုက်ကူးရင်း မျက်နှာထိခိုက်မိခဲ့တဲ့ မင်းသမီး ဟန်ဆိုဟီး

3-8-2022-yyl15.jpg

ကိုရီးယားမင်းသမီး ဟန်ဆိုဟီးဟာ “Gyeongseong Creature” ဇာတ်လမ်းတွဲရဲ့ အက်ရှင်ခန်းတစ်ခန်းကို ရိုက်ကူးရင်း မျက်နှာမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ ဩဂုတ်လ ၃ ရက်နေ့၊ ဒီနေ့မှာ သူ့ရဲ့အေဂျင်စီ 9ato Entertainment က ထုတ်ပြန်ခဲ့ပါတယ်။ သူ့ကို ချက်ခြင်းပဲ အရေးပေါ်အခန်းပို့ဆောင်ခဲ့ရပြီး အရေးပေါ်ကုသမှုတွေခံယူထားတယ်လို့ ဆိုပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ထိခိုက်ဒဏ်ရာက သေးတဲ့အတွက် ခွဲစိတ်ကုသမှုလည်းခံယူစရာမလိုခဲ့ပါဘူး။

ဟန်ဆိုဟီး ရိုက်ကူးတဲ့ ဇာတ်ဝင်ခန်းက ပြင်းထန်တဲ့တိုက်ခိုက်မှုတွေ မပါဝင်ခဲ့ကြောင်း၊ သူ့ခန္ဓာကိုယ်ကို သဘာဝအလျောက် အသုံးပြုနေချိန်မှာ မတော်တဆမှုဖြစ်သွားခဲ့ကြောင်း၊ မျက်နှာက ထိခိုက်ဒဏ်ရာက အမာရွတ်ကျန်နိုင်တဲ့အတွက် ရုပ်ရှင်အဖွဲ့သားတွေအကုန်လုံး စိုးရိမ်ပူပန်ခဲ့ရကြောင်း သူ့အေဂျင်စီက ဆိုပါတယ်။ အခုတော့ ဟန်ဆိုဟီးက ခေတ္တအနားယူဖို့ ဆုံးဖြတ်ထားပြီး သူအနေနဲ့ ရိုက်ကူးရေးတွေ ချက်ခြင်း ပြန်စနိုင်ဦးမှာမဟုတ်ပါဘူး။ ရိုက်ကူးရေးပြန်မစခင် အချိန်ခဏလောက်တော့ အနားယူဖို့ စီစဉ်ထားပါတယ်။

၁၉၄၅ ခုနှစ်မှာ လောဘကြီးမှုနဲ့ မလိုတမာစိတ်တွေကနေ မွေးဖွားလာခဲ့တဲ့ မွန်းစတားတစ်ကောင်ကို တိုက်ခိုက်တွန်းလှန်ရတဲ့ လူငယ်တွေအကြောင်း ရိုက်ကူးထားတဲ့ ‘Gyeongseong Creature’ ဇာတ်လမ်းတွဲမှာ ဟန်ဆိုဟီးနဲ့အတူ မင်းသား ပတ်ဆိုးဂျွန်လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

Ref: Allkpop “Actress Han So Hwee sustains minor injury on her face while filming”

NZ ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top