စာမေးပွဲဖြေဆိုခြင်းနှင့် ဂဏန်းဗေဒင်အမြင်

99790402_istock-685520538.jpg

လေရူးတဲ့နွေဦးကာလဟာ ကျောင်းသူ၊ ကျောင်းသားတို့ရဲ့ အနာဂတ်ဘဝလမ်းအတွက် အလွန်အရေးပါလှတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဆိုတဲ့တံခါးကို ကြိုးစားပန်းစား ဆွဲဖွင့်ကြရတဲ့ အချိန်ဖြစ်ပါတယ်။ ဒီတက္ကသိုလ်ဝင်စာမေးပွဲ ဆိုတာက ခေတ်အဆက်ဆက် နာမည်ကြီးတဲ့ စာမေးပွဲတစ်ခုဖြစ်ပြီး လူတစ်ယောက်ရဲ့ ဘဝအခြေအနေကို အဆုံးအဖြတ်ပေးတဲ့ စာမေးပွဲကြီးဖြစ်လို့ နတ်ကြီးတယ်ဆိုပြီးထင်ရှားပါတယ်။ ဒီစာမေးပွဲရဲ့ ရလဒ်ဟာ ကျောင်းသူ၊ ကျောင်းသားတစ်ယောက်အတွက် ဆရာဝန်ကြီးဖြစ်မလား၊ ရှေ့နေကြီးဖြစ်မလား၊ ဝန်ထမ်းဖြစ်မလား၊ စသည့် အုပ်ချုပ်သူဖြစ်မလား၊ အုပ်ချုပ်ခံရသူ (အခိုင်းခံရသူ)ဖြစ်မလား ဆိုတဲ့ ဘဝအဆင့်အတန်း ကိုခွဲခြားလိုက်တဲ့ တစ်ခုတည်းသောစာမေးပွဲဖြစ်ပါတယ်။ တကယ်လို့ ကျခဲ့ရင်ပြန်ဖြေလို့ရတယ်ဆိုပေမဲ့ အသက်အရွယ်က စကားပြောသွားတာပါ။ အောင်ပြန်တော့လည်း လိုချင်တဲ့အမှတ်မရတဲ့အခါ သူ့ဘဝမှာ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး မဖြစ်တော့တာ သေချာသွားတော့တာပါပဲ။

လူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးမှာ ချမ်းသာခြင်း၊သြဇာအာဏာရှိခြင်း ဆိုတာတွေကလည်း ဒီတက္ကသိုလ်ဝင်တန်းဆိုတဲ့ ဘဝအဆုံးအဖြတ်ကနေ လမ်းခွဲကြရတာဖြစ်လို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ မိဘတွေအားလုံး သိပြီးသားဖြစ်ပါလိမ့်မယ်။ ဒီလိုအချိန်မှာ စာမေးပွဲဖြေရတော့မယ့် ကျောင်းသူ၊ ကျောင်းသားလူငယ်တွေအနေနဲ့လည်း အနည်းနဲ့အများဆိုသလို စိတ်လှုပ်ရှားကြပါတယ်။ စာမေးပွဲအခန်းရောက်မှ စာတွေမေ့ကုန်တာတွေဖြစ်သလို၊ ကျန်းမာရေး ညံ့သွားတာတွေလည်းဖြစ်တတ်ပါတယ်။ ဖြေဆိုချိန်အတွင်းမှာ စိတ်တွေလေလွင့်နေတာတွေ၊ မေးခွန်းမြင်တာနဲ့ ကျက်လာတဲ့စာတွေ မေ့ကုန်တတ်တာ စတဲ့ဖြစ်ရပ်တွေဖြစ်ခဲ့ရင် တစ်နှစ်လုံး ငွေကုန် ၊ လူပန်းခံပြီး ကျက်မှတ်လာရတာ အလကားဖြစ်ပြီး သဲထဲရေသွန်ဖြစ်ရတတ်ပါတယ်။

ဒီလိုမဖြစ်သင့်တာကို မဖြစ်အောင် ကိုင်ရိုဂဏန်းဗေဒင်ပညာအရ အကြံပြုရမယ်ဆိုရင်တော့ မွေးဖွားတဲ့ဂဏန်းကစရပါလိမ့်မယ်။ လတစ်လမှာ (၁-၁၀-၁၉-၂၈) ရက်တွေမှာမွေးဖွားသူတွေက (၁) ဂဏန်းသမားတွေပါ။ (၂-၁၁-၂၀-၂၉) ရက်မွေးတဲ့သူတွေက (၃) ဂဏန်းပိုင်ရှင်တွေဖြစ်ပြီး (၃-၁၂-၂၁-၃၀) ရက်မွေးဖွားသူများကတော့ (၃) ဂဏန်းပိုင်ရှင်ဖြစ်ပါတယ်။ ဒါကြောင့် တစ်လုံးတည်းဂဏန်းနဲ့ မွေးရက် ဂဏန်း (၂) လုံးကို တစ်လုံးတည်းရအောင်ပေါင်းခြင်းက ရvmတဲ့ နံပါတ်အတိုင်း မိမိရဲ့ မွေးဂဏန်းကို ရှာဖွေရပါလိမ့်မယ်။ ဒီမွေးဂဏန်းကိုရတာနဲ့ အခုဖြေဆိုမယ့် စာမေးပွဲအတွက် ပြင်ဆင်လို့ရပါပြီ။

  • (၁) ဂဏန်းစိုးမိုးတဲ့ ကျောင်းသူ-ကျောင်းသားအနေနဲ့ စာမေးပွဲဖြေတဲ့အချိန်မှာ ရွှေရောင်၊အဝါနုရောင်၊များကို ဝတ်ဆင်ပြီး ဖြေဆိုသင့်ပါတယ်။
  • (၂) ဂဏန်းစိုးမိုးတဲ့ ကျောင်းသူ၊ ကျောင်းသားအနေနဲ့ စာမေးပွဲဖြေတဲ့အချိန်မှာ အဖြူရောင်၊နို့နစ်ရောင်၊များကို ဝတ်ဆင်ပြီး ဖြေဆိုသင့်ပါတယ်။
  • (၃) ဂဏန်းစိုးမိုးတဲ့ ကျောင်းသူ၊ ကျောင်းသားအနေနဲ့ စာမေးပွဲဖြေတဲ့အချိန်မှာ ပန်းရောင်၊အပြာရောင်၊ခရမ်းနုရောင် များကို ဝတ်ဆင်ပြီး ဖြေဆိုသင့်ပါတယ်။
  • (၄) ဂဏန်းစိုးမိုးတဲ့ ကျောင်းသူ၊ ကျောင်းသားအနေနဲ့ စာမေးပွဲဖြေတဲ့အချိန်မှာ ပြာလဲ့လဲ့၊အညို၊မီးခိုး ရောင်များ ဝတ်ဆင်ပြီး ဖြေဆိုသင့်ပါတယ်။
  • (၅) ဂဏန်းစိုးမိုးတဲ့ ကျောင်းသူ၊ ကျောင်းသားအနေနဲ့ စာမေးပွဲဖြေတဲ့အချိန်မှာ အညို၊မီးခိုး၊အဖြူရောင် များကို ဝတ်ဆင်ပြီး ဖြေဆိုသင့်ပါတယ်။
  • (၆) ဂဏန်းစိုးမိုးတဲ့ ကျောင်းသူ၊ ကျောင်းသားအနေနဲ့ စာမေးပွဲဖြေတဲ့အချိန်မှာ အပြာနု၊ပန်းရောင် များကို ဝတ်ဆင်ပြီး ဖြေဆိုသင့်ပါတယ်။
  • (၇) ဂဏန်းစိုးမိုးတဲ့ ကျောင်းသူ၊ ကျောင်းသားအနေနဲ့ စာမေးပွဲဖြေတဲ့အချိန်မှာ အဖြူရောင်၊အဝါနုရောင်၊များကို ဝတ်ဆင်ပြီး ဖြေဆိုသင့်ပါတယ်။
  • (၈) ဂဏန်းစိုးမိုးတဲ့ ကျောင်းသူ-ကျောင်းသားအနေနဲ့ စာမေးပွဲဖြေတဲ့အချိန်မှာ မိုးခိုးရင့်ရောင်၊ အနက်ရောင်၊ခရမ်းရောင်၊များကို ဝတ်ဆင်ပြီး ဖြေဆိုသင့်ပါတယ်။
  • (၉) ဂဏန်းစိုးမိုးတဲ့ ကျောင်းသူ၊ ကျောင်းသားအနေနဲ့ စာမေးပွဲဖြေတဲ့အချိန်မှာ ကြက်သွေးရောင်၊အနီုရောင်၊များကို ဝတ်ဆင်ပြီး ဖြေဆိုသင့်ပါတယ်။

(ကျောင်းဝတ်စုံ ဝတ်ဆင်တဲ့သူတွေကတော့ အထက်ကအရောင်ပါတဲ့ လက်ကိုင်ပဝါကို ဆောင်ပါ။)

ဒီလိုအရောင်တွေကိုဝတ်ဆင်ခြင်း(သို့) လက်ကိုင်ပဝါအဖြစ်ဆောင်ပြီးတဲ့အခါ အိမ်ဘုရားမှာ လှူရမယ့် ပန်းတွေလည်း ရှိပါသေးတယ်။ ဒါကတော့ နေ့သားအလိုက်ပြောရရင်ရင်-

  • တနင်္ဂနွေ – ကန့်ကော်၊ ခရေ
  • တနင်္လာအတွက် – သပြေ၊ မြေဇာ
  • အင်္ဂါအတွက် – မြေဇာ၊ ခရေ
  • ဗုဒ္ဓဟူးအတွက် – ခရေ
  • ကြာသာပတေးအတွက် – ဒေါန၊ သီဟိုဠ်
  • သောကြာ – ဒန်း၊ ခရေ
  • စနေ – အုန်းညွန့်၊သပြေညွှန့် စတဲ့ ပန်းတွေကိုလည်း မွေးဂဏန်းအရေအတွက်အတိုင်း အိမ်ဘုရားမှာ လှူဒါန်းထားသင့်ပါတယ်။

ဘယ်လိုဖြစ်ဖြစ် စာမေးပွဲအောင်တယ်ဆိုတာ စာကျက်ထားမှဖြစ်တာပါ။ စာမေးပွဲနီးကပ်လာမှ အိပ်ရေးပျက်ခံ၊ အစားပျက်ခံပြီး စာကျက်မယ်ဆိုရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ တစ်ရက်စာကို တစ်ရက် မှန်မှန်လုပ်ဆောင်လာတဲ့သူ တွေအတွက်ကတော့ အောင်ဖို့သေချာနေတတ်ပါတယ်။ ဒီလိုလူတွေအတွက် စာမေးပွဲခန်းမှာ မထင်ထားတဲ့ အဖျက်တွေ မဖြစ်အောင်လို့ အထက်ကဆိုခဲ့တဲ့ အဆောင်လေးတွေနဲ့၊ ဘုရားကိုလည်း သင့်တဲ့ပန်းတွေကို လှူဒါန်းခြင်းကြောင့် ဘဝတစ်ဆစ်ချိုးဖြစ်တဲ့စာမေးပွဲမှာ ထိပ်ဆုံးကနေ အောင်ပွဲဆင်နိုင်ပါစေကြောင်း ဆုတောင်းရင်း တင်ပြလိုက်ပါတယ်။

ဆရာကင်္ကသူ

Ph.D-Palmistry. (H.A.P.R.I)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top