ရုပ်ရှင်အညွှန်း – Why Him

why.jpg

ဒီတစ်ပတ်ပိတ်ရက်မှာ ပရိသတ်တွေ အမောပြေစေမည့် အမေရိကန် ဟာသ ရုပ်ရှင်ကားလေးတစ်ကားကို ညွှန်းပေးချင်ပါတယ်။

ရုပ်ရှင် နာမည်ကတော့ Why Him တဲ့။ ၂၀၁၆ ခုနှစ်က ထွက်ရှိထားတဲ့ ဒီရုပ်ရှင်ကားမှာ သမီးဖြစ်သူရဲ့ ရည်းစားကို သဘောမကျတဲ့ အဖေဖြစ်သူအကြောင်းကို ဟာသလေး နှောပြီး ရိုက်ကူးထားပါတယ်။

Ned (Bryan Cranston)  ရဲ့ ၅၅ နှစ်ပြည့်မွေးနေ့မှာ သမီးဖြစ်တဲ့ တက္ကသိုလ်ကျောင်းသူ စတီဖနင် (Zoey Deutch) ဟာ video chat နဲ့  မွေးနေ့ဆုတောင်းပေးနေတုန်းမှာ အခန်းထဲကို ရုတ်တရုတ်ဝင်လာတဲ့ အမျိုးသားတစ်ဦးကြောင့် သမီးဖြစ်သူမှာ ရည်းစားရှိနေပြီဆိုတာ တစ်မိသားစုလုံး သိသွားပါတော့တယ်။

သမီးဖြစ်သူဆီကို မိသားစုလိုက် အလည်သွားရမှ သမီးရဲ့ ရည်စား Laird (James Franco) ဟာ ကျိကျိတက်ချမ်းသာတဲ့ အွန်လိုင်းဂိမ်း ကုမ္ပဏီတစ်ခုရဲ့ CEO ဖြစ်နေတာကို သိလိုက်ရပါတယ်။ ဒါပေမယ့်လည်း အပြောအဆို၊ အပြုအမှုက ပွင့်လင်းပေမယ့်လည်း ရိုင်းပြတာကြောင့် Nedက သဘောမတွေ့လှပါဘူး။ ဒါ့အပြင် ရည်းစားတွေလည်း မှိုလိုပေါက်ထားခဲ့သူလည်း ဖြစ်နေပါသေးတယ်။

ဒီတော့ သမီးဖြစ်သူနဲ့ လမ်းခွဲဖို့အတွက် Ned က ဘယ်လိုတွေဆက်လုပ်ခဲ့လဲ။ Laird ကရော ယောက္ခမလောင်းလက်ခံအောင် ဘာတွေကြိုးစားခဲ့လဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

IMDb rating က ၆.၃ ရထားပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top