Box Office မှာ Avatar ရုပ်ရှင်ကားကို အမီလိုက်နိုင်တော့မယ့် “Avengers: Endgame”

avengers-endgame-box-office-closes-avatar-record-1557805271.jpg

Marvel Studioရဲ့ စူပါဟီးရိုးရုပ်ရှင်ကား Avengers: Endgame က မြန်မာနိုင်ငံမှာ ရုံတင်ပြသတုန်းကလည်း လက်မှတ်ရောင်းကုန်တဲ့အထိ Marvel fanတွေ တစ်ခဲနက် အားပေးကြည့်ရှုခဲ့တဲ့ နာမည်ကြီးရုပ်ရှင်ကားပါပဲ။ အခုဆိုရင် အဲဒီရုပ်ရှင်ကားက Box Office မှာ ထိပ်ဆုံးရောက်ရှိနေတဲ့ဇာတ်ကားအဖြစ် သတ်မှတ်ခံထားရပါပြီ။

Endgame လက်မှတ်ရောင်းချရမှုက အမေရိကန်ဒေါ်လာ (၂.၇၈၉) ဘီလျံရရှိခဲ့တဲ့၂၀၀၉ခုနှစ်ရဲ့ Avatar ရုပ်ရှင်ကားကို အမီလိုက်တော့မှာဖြစ်တယ်လို့ Disneyက ထုတ်ပြန်ခဲ့ပါတယ်။

ရုံပြည့်ရုံလျှံဖြစ်ခဲ့ရတဲ့ Marvel ရုပ်ရှင် (၂၂) ခုမှာ ဧပြီလက ရုံတင်ပြသခဲ့တဲ့ Endgame ဟာ ဇာတ်လမ်းရဲ့အထွပ်ထိပ်ပါပဲ။ အဲဒီရုပ်ရှင်ကားမှာ ပါဝင်ခဲ့တဲ့ ဗီလိန်သာနိုးနဲ့ စူပါဟီးရိုးတွေကို ပရိသတ်တွေ နှစ်သက်သဘောကျခဲ့ကြပါတယ်။

Marvel Studios ရဲ့ ဥက္ကဌ ကယ်ဗင် ဖိချ် (Kevin Feige) က Endgame က box office ကို ရောက်ရှိဖို့ အသင့်အနေအထားဖြစ်နေပါပြီလို့ Marvel ဖန်တွေကို ပြောကြားခဲ့သလို ဒါရိုက်တာဂျိမ်းစ်ကင်မရွန် (James Cameron) ရဲ့ နောက်ထွက်မယ့် ရုပ်ရှင်ကားကို ရှုံးနိမ့်နိုင်ချေရှိတယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။

ဒါရိုက်တာ ကင်မရွန် ရိုက်ကူးထားတဲ့ Avatar နောက်ဆက်တွဲ ရုပ်ရှင်ကား (၄) ကားက ၂၀၂၁ ခုနှစ်ကနေ စတင်ပြီး ရုံတင်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref: Tribune “Avengers: Endgame’ is set to become most successful box-office film this weekend”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top