မင်းသား ဘရက်ဒလေ ကူးပါးနဲ့ ဆက်ဆံရေးကို တရားဝင်ထုတ်ပြလိုက်တဲ့ ဂျီဂျီ ဟာဒစ်

Image_20250505_131659_335.jpeg

နာမည်ကြီးဖက်ရှင်မော်ဒယ် ဂျီဂျီ ဟာဒစ်ဟာ မင်းသားဘရက်ဒလေ ကူးပါးနဲ့ တွဲနေတယ်ဆိုတာကို တရားဝင် ထုတ်ပြလိုက်ပါပြီ။ ဘရက်ဒလေနဲ့ အောက်တို ၂၀၂၃ ခုနှစ်ကတည်းက တွဲနေခဲ့တာဖြစ်ပြီး အခုနှစ် မေလ ၃ ရက်နေ့ကမှ သူ့ရဲ့လူမှုကွန်ယက်အကောင့်မှာ ပထမဆုံးအကြိမ်အဖြစ် စုံတွဲပုံမျှဝေခဲ့တာပါ။ မကြာသေးခင်က ဆင်နွှဲခဲ့တဲ့ အသက် ၃၀ နှစ်ပြည့်မွေးနေ့ပွဲအကြောင်း အရိပ်အမြွက်ပြထားခဲ့တာပါ။

ဂျီဂျီတင်ခဲ့တဲ့ အဖြူအမည်းပုံတွေကို ဓာတ်ပုံဆရာ ဘန်ဂျမင် ရို့စ်ဆာက ရိုက်ခဲ့တာဖြစ်ပြီး ပါတီမှာ သူငယ်ချင်းတွေနဲ့အတူတွဲရိုက်ထားတဲ့ ဂျီဂျီရဲ့ဓာတ်ပုံများစွာပါဝင်တဲ့အပြင် သူ့ရဲ့ခင်ပွန်းဟောင်း ဇိန်းမာလိခ်နဲ့ ရထားတဲ့ ၄ နှစ်သမီးလေးရဲ့လက်ကို ကိုင်ထားတဲ့ ဓာတ်ပုံတစ်ပုံလည်းပါဝင်ပါတယ်။ အဲ့ဒါအပြင် မွေးနေ့ကိတ်ရှေ့မှာ ဘရက်ဒလေနဲ့အတူရပ်ပြီး နမ်းနေတဲ့ပုံလည်း ပါပါတယ်။

ဧပြီ ၂၃ ရက်နေ့က အသက် ၃၀ ပြည့်သွားခဲ့တဲ့ ဂျီဂျီက ဓာတ်ပုံတွေနဲ့အတူ သူ ဘယ်လောက်ကံကောင်းလိုက်သလဲဆိုတဲ့ စာသားတွေကိုလည်း ရေးသားခဲ့ပါသေးတယ်။

Ref: Gigi Hadid makes relationship with Bradley Cooper Instagram official

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top