Zedd နဲ့ Alessia Cara တို့ရဲ့ ‘Stay’

zed1.jpg

Scars to your beautiful သီချင်းကြောင့် နာမည်ပိုကြီးသွားတဲ့ ကနေဒီယန်အဆိုတော်မလေး Alessia Cara ဟာ DJ Zedd နဲ့ ပူးပေါင်းပြီး ‘Stay’ အမည်ရှိ တဲ့ သီချင်းလေးကို ရိုးရာလေးရဲ့ ပရိသတ်တွေကို နားဆင်ဖို့ ညွှန်းချင်ပါတယ်။

ဒီသီချင်းဟာ February လကတည်းက ထွက်ထားပေမယ့် Billboard Top Ten စာရင်းထဲမှာ ဆက်လက်ရှိနေသေးတာဆိုတော့  ခုချိန်ထိ ပရိသတ် အားပေးမှုကို အပြည့်အဝရနေတုန်းလို့ ပြောရင်လည်း မမှားပါဘူး။

သီချင်းအမျိုးအစားကတော့ EDM အမျိုးအစားမို့ လူငယ်တွေ နှစ်ခြိုက်ကြမှာဖြစ်ပြီး သီချင်းအဓိပ္ပာယ်ကတော့ ကောင်မလေးက ချစ်သူကို လမ်းမခွဲသွားဖို့အတွက် တောင်းပန်နေတဲ့အကြောင်းဖြစ်ပါတယ်။

All you have to do is stay a minute
Just take your time
The clock is ticking, so stay
All you have to do is wait a second
Your hands on mine
The clock is ticking, so stay တို့လို စာသားတွေက မှတ်ရလွယ်ပြီး လိုက်ဆိုရလွယ်စေမှာပါ။

Music Video Link>>https://www.youtube.com/watch?v=yWEK4v9AVKQ

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top