ဆောင်းရာသီကို ဝင်ရောက်လာခြင်းနဲ့အတူ အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်ပြည်နယ်၊ ချီကာဂိုမြို့မှာတော့ အပူချိန်ကေ အနုတ် (၃၀) ဒီဂရီဆဲလ်စီးယပ်စ် အထိကိုရောက်ရှိနေခဲ့ပါပြီ။ မြို့ရဲ့အနီးမှာရှိနေတဲ့ မီချီဂန်ရေကန်ကြီးရဲ့ ဧရိယာတချို့မှာလည်း ရေတွေခဲနေခဲ့ပါတယ်။
အဲဒီရေခဲတဲ့ ဖြစ်စဉ်မှာတွေ့ရတဲ့ ထူးထူးခြားခြားမြင်ကွင်းတစ်ခုလည်းရှိပါတယ်။ အဲဒါကတော့ ရေခဲချပ်ပေါင်းများစွာရဲ့ အံ့အားသင့်ဖွယ်ရာ မြင်ကွင်းပါပဲ။
ဒီရေခဲချပ်တွေဟာ အန္တရာယ်ရှိနိုင်တာကြောင့် အဝေးကနေပဲကြည့်ဖို့နဲ့ ရေခဲချပ်တွေအပေါ် မသွားကြဖို့ကိုလည်း တာဝန်ရှိသူတွေက ဆော်သြထားပါတယ်။ ရေခဲချပ်တွေရဲ့ ဆန်းပြားလှတဲ့ပုံစံတွေကို ကြည့်ရှုလိုက်ပါဦး…။
Ref: Independent “Lake Michigan is covered in shards of ice and it is mesmerising”
TH (ရိုးရာလေး)