ကမ္ဘာ့ရေနေ့ (မတ်လ ၂၂)

water.jpg

ကမ္ဘာ့ရေနေ့အခမ်းအနားကို ၁၉၉၃ မတ်လ (၂၂) ရက်နေ့မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ကာ အဲဒီနှစ်ကစပြီး နှစ်စဉ်တိုင်းကျင်းပလာခဲ့ပါတယ်။ ကမ္ဘာ့ရေနေ့အထိမ်းအမှတ်ဟာ ရေနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေနဲ့ ပြဿနာတွေကို မတူကွဲပြားတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းကြပုံကို လေ့လာခွင့်ရနိုင်စေမယ့် အခွင့်အလမ်းတစ်ရပ်ပဲဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းမှာ မတူညီတဲ့ ဆောင်ပုဒ်တစ်မျိုးစီ ဖော်ထုတ်ခဲ့ကြပြီး အဲဒီဆောင်ပုဒ်တွေအပေါ် အခြေခံတဲ့ ဆွေးနွေးအဖြေရှာမှုတွေပြုလုပ်ဖို့အတွက် လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အခုလို ကမ္ဘာ့ရေနေ့အကြောင်းလေးကို ဖတ်ကြည့်ပြီးတဲ့အခါ ကမ္ဘာ့ရေနေ့လှုပ်ရှားမှုလေးမှာ ပါဝင်ပေးကြဖို့ ရိုးရာလေးပရိသတ်တွေကို တိုက်တွန်းပါရစေ။ ဒီလိုပါဝင်ပေးမှုအတွက် အမှတ်တရလက်ဆောင်တွေကိုလည်း ရိုးရာလေးနဲ့ arche noVa INGO တို့က ပူးပေါင်းပေးအပ်သွားမှာဖြစ်ပါတယ်။ ဒီကမ္ဘာ့ရေနေ့လှုပ်ရှားမှုမှာ ပါဝင်ရမယ့်ပုံစံကတော့ –

၁။ ရေနဲ့ ပတ်သက်ဆက်စပ်တဲ့ ဓာတ်ပုံတစ်ပုံကိုရိုက်ပါ။ (ဥပမာ – ရေခွက်ထဲကို ရေဖြည့်ထည့်နေတဲ့ပုံ၊ တစ်ယောက်ယောက်ဆီကို ရေဗူးကမ်းပေးနေတဲ့ပုံ၊ တိရိစ္ဆာန်တစ်ကောင်ရေသောက်နေတဲ့ပုံ၊ Field watering ကျောင်းသားလေးတွေရေသောက်နေတဲ့ပုံ၊ ရေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်နေတဲ့ပုံ၊ ရေတစ်ခွက်နဲ့ အတူတွဲရိုက်ထားတဲ့ ကိုယ့်ရဲ့ဆဲလ်ဖီပုံ)

၂။ အဲဒီဓာတ်ပုံကို #WorldWaterDay #Water4all #archenoVa စတဲ့ HashTag စာသားသုံးခု (မဖြစ်မနေ) ရေးသားပြီး Public နဲ့ ကိုယ့်ရဲ့ အကောင့်မှာ တင်လိုက်ပါ။ (သူငယ်ချင်းတစ်ယောက်ကိုလည်း Tag တွဲနိုင်ပါတယ်)

၃။ အဲဒီလို တင်ထားတာကို Screenshot ရိုက်ပြီး ဒီပို့စ်ရဲ့ comment မှာ ဒီနေ့ည (၁၂) နာရီနောက်ဆုံးထားပြီး လာပြပေးရပါမယ်။

အဲဒီလိုပါဝင်လှုပ်ရှားပေးသူတွေထဲက အကောင်းဆုံးပုံ (၅) ပုံကို ရွေးချယ်ပြီး ဖုန်းဘေလ် ၁၀၀၀၀ နဲ့ World Water Day အမှတ်တံဆိပ်ပါဗူး (၂) ဗူးစီ ပေးအပ်သွားမှာဖြစ်ပါတယ်။ ကဲ… အခုပဲ ပါဝင်လှုပ်ရှားလိုက်ရကြရအာင်နော်…။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top