သင်္ချာပညာရပ်ရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုကို ချီးမြှင့်ခံခဲ့ရတဲ့ ပထမဆုံး အမျိုးသမီး သင်္ချာပညာရှင်

l1-e1553739210614.jpg

တက္ကဆက်တက္ကသိုလ်က ပါမောက္ခတစ်ဦးဖြစ်တဲ့ အမေရိကန် အမျိုးသမီး သင်္ချာပညာရှင်ကြီး ခဲရန် ယူလင်ဘတ် (Karen Uhlenbeck) ဟာ သင်္ချာပညာရပ်ရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုဖြစ်တဲ့ Abel Prize ကို ချီးမြှင့် ဂုဏ်ပြုခံခဲ့ရပါတယ်။ နော်ဝေဘုရင်က ချီးမြှင့်ပေးနေတဲ့ဆုဖြစ်ပြီး သူဟာ ဒီဆုကိုရရှိခဲ့တဲ့ ပထမဦးဆုံး အမျိုးသမီးအဖြစ် မှတ်တမ်းဝင်သွားခဲ့တာပဲ ဖြစ်ပါတယ်။

Abel Prize ဟာ သင်္ချာပညာရပ် နယ်ပယ်မှာ တစ်နှစ်တာ အမြင့်မားဆုံး အကျိုးပြုခဲ့တဲ့ သိပ္ပံစွမ်းဆောင်ရည် ထူးချွန်ပညာရှင်တွေအတွက် ၂၀၀၃ ခုနှစ်ကတည်းက စတင်ချီးမြှင့်ပေးလာခဲ့တဲ့ဆု ဖြစ်ပါတယ်။ ဆုချီးမြှင့်ငွေအဖြစ် ငွေသား ဒေါ်လာ (၇) သိန်း ပေးအပ်ခဲ့တာပါ။

အသက် (၇၆) နှစ်အရွယ် ခဲရန်ဟာ ရူပဗေဒ၊ ဂျီသြမေတြီဘာသာရပ်နဲ့ ကွမ်တန်သီအိုရီ အစရှိတဲ့ ပညာရပ်တွေမှာ ဆယ်စုနှစ်ပေါင်းများစွာ အချိန် ရင်းနှီးစိုက်နှစ်ခဲ့ရင်း စူးစမ်းလေ့လာများစွာ ပြုလုပ်လာခဲ့တာပါ။ ဒီလိုနည်းနဲ့ ဘဝတစ်လျှောက်လုံး ဖြတ်သန်းကျင်လည်လာခဲ့သူ ပညာရှင်ကြီး ဖြစ်ပါတယ်။

ခဲရန်ဟာ Partial Differential Equations ဆိုတဲ့ သူ့ရဲ့ သင်္ချာအလုပ်နဲ့ ပညာရှင်တွေအကြား လေးစားခံရသလို သူ တီထွင် ဖော်ထုတ်ခဲ့တဲ့ အထင်ရှာဆုံး သီအိုရီတွေထဲက တစ်ခုကတော့ ဆပ်ပြာပူဖောင်းလေးတွေရဲ့ မျက်နှာပြင် ဖွဲ့စည်း တည်ဆောက်မှုကို သာဓကပြုထားခဲ့တဲ့ ‘Predictive Mathematics’ ပဲ ဖြစ်ပါတယ်။ ဒီ သီအိုရီကနေတစ်ဆင့် အခြားသော သိပ္ပံနည်းကျ လေ့လာမှုပေါင်းများစွာမှာ လမ်းစအမြောက်အမြား ပွင့်လင်းသွားစေတဲ့အထိ အကျိုးပြုနိုင်ခဲ့တာမို့ သူဟာ Able Prize ဆုရှင် ဖြစ်လာခဲ့တယ်လို့ သိရှိရပါတယ်။

Ref: CNN “For the first time, mathematics’ most prestigious prize has been awarded to a woman, Karen Uhlenbeck”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top