အသံလှိုင်းသုံး မီးသတ်ဆေးဘူး တီထွင်ပြီး နိုင်ငံတကာသိပ္ပံပြိုင်ပွဲမှာ ရွှေတံဆိပ် ဆွတ်ခူးခဲ့တဲ့ မက္ကဆီကိုကျောင်းသူမက္ကဆီကို ကျောင်းသူလေးတစ်ယောက်ဟာ အသံလှိုင်းသုံး မီးသတ်ဆေးဘူး တီထွင်မှုနဲ့အတူ နိုင်ငံတကာ သိပ္ပံပြိုင်ပွဲမှာ ရွှေတံဆိပ် ဆွတ်ခူးသွားခဲ့ပါတယ်။
မက္ကဆီကိုနိုင်ငံ အယ်လ်တာမီရာ (Altamira) မြို့မှ ကျောင်းသူ ဗီနီဂတ်စ် ဟာ “Vortex Tech” လို့ အမည်ပေးထားတဲ့ အသံလှိုင်းသုံး မီးသတ်ဆေးဘူးကို တီထွင်ခဲ့တာပါ။ အဲဒီမီးသတ်ဆေးဘူးဟာ ဓာတုဆေးရည်အစား လှိုင်းနိမ့် အသံလှိုင်းတွေကို အသုံးပြုပြီး မီးတောက်ငယ်တွေကို စတင်ဖြိုခွဲ ငြှိမ်းသတ်ပေးတာ ဖြစ်ပါတယ်။
ဗီနီဂတ်စ်ဟာ Vortex Tech ကို တီထွင်ဖို့ တစ်နှစ်နီးပါး အချိန်ပေးခဲ့ရပြီး စမ်းသပ်ကိရိယာ ၅ ခုတည်ဆောက်ကာ အကြိမ်ပေါင်း ၁၀၀ ကျော် စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ပြိုင်ပွဲဝင်တွေ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၆ ခုနှစ် နိုင်ငံတကာ သိပ္ပံနှင့် တီထွင်ဆန်းသစ်မှုပြပွဲ (ISIF) မှာ ဗီနီဂတ်စ်က ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ပြီး နောက်ထပ် နိုင်ငံတကာ သိပ္ပံပြိုင်ပွဲတစ်ခုကို တိုက်ရိုက်ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရမယ့် အခွင့်အရေး ရရှိခဲ့ပါတယ်။
Ref: A Mexican student has won a gold medal at an international science competition
NZ (ရိုးရာလေး)

