ဇာတိမြေ မာန်အောင်မြို့ဆီပြန်မရောက်ဖြစ်တာ နှစ် (၂၀ ) ကျော်ကြာပြီဖြစ်တဲ့ သရုပ်ဆောင် နေတိုးက ငယ်ဘဝရဲ့ လွမ်းစရာတွရှိရာဆီ ပြန်သွားခဲ့ပါတယ်။ ဒေသခံတွေ၊ ချစ်ရတဲ့ ငယ်သူငယ်ချင်းတွေနဲ့ ပရိသတ်တွေရဲ့ သောင်းသောင်းဖြဖြကြိုဆိုမှုအောက်မှာ နေတိုးတစ်ယောက် ပီတိတွေ ဖြစ်ခဲ့ရပါတယ်။
သို့ပေမဲ့လို့ ညီဖြစ်သူ မင်းသွေးနဲ့အတူ တည်ထားတဲ့ ဘုရားထီးတင်ပွဲမှာ မိသားစုစုံစုံလင်လင် တက်ရောက်ချင်တဲ့ဆန္ဒကတော့ မပြည့်ဝခဲ့ပါဘူး။ ဌာနေက ဘုရားတွေကို လိုက်လံဖူးမျှော်ပြီး ဘုရားအနေကဇာတင်နဲ့ ရှင်ပြုအလှူမင်္ဂလာအတွက် နေတိုးမိသားစုရဲ့လှူဒါန်းမှု အစုစုကို ရိုးရာလေးပရိသတ်တွေ မျှဝေခံစားပီတိပွားစေနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
Ref: NayToe Fan Page, 7th Sense Creation
Alice May (ရိုးရာလေး)