နေ့စဉ်စားသောက်မှုပုံစံကြောင့် အရွယ်မတိုင်မီ သေဆုံးသူ (၁၁) သန်းရှိ

in7.jpg

နေ့စဉ်စားသောက်မှုပုံစံ မလျော်ကန်လို့ နှစ်စဉ်သေဆုံးရသူ အရေအတွက်က ဆေးလိပ်သောက်လို့ သေဆုံးရသူတွေထက် ပိုများတယ်လို့ လေ့လာမှုတစ်ရပ်မှာ ဖော်ပြပါတယ်။ နေ့စဉ်စားသောက်မှုပုံစံကြောင့် နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်ဝန်းမှာ သေဆုံးရသူ (၁၁) သန်းရှိနေပါတယ်။ ကမ္ဘာတစ်ဝန်းမှာ နှစ်စဉ်သေဆုံးသူ (၅) ဦးမှာ တစ်ဦးက စားသောက်မှုပုံစံ မလျော်ကန်လို့ သေဆုံးရတာလို့ ဆိုပါတယ်။

ဆားစားသုံးမှု အရမ်းများလို့ သွေးဖိအားမြင့်တက်ပြီး နှလုံးဖောက်တာ၊ လေဖြန်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဆား အရမ်းစားလို့ သေဆုံးသူ (၃) သန်း၊ ထမင်း၊ ဂျုံစားသုံးမှု အရမ်းနည်းလို့ သေဆုံးသူ (၃) သန်း၊ အသီးအနှံ စားသုံးမှု အရမ်းနည်းလို့ သေဆုံးသူ (၂) သန်းရှိတယ်လို့ ဆိုပါတယ်။ နေ့စဉ်စားသောက်မှုပုံစံ မမှန်ကန်လို့ သေဆုံးသူ (၁၁) သန်းထဲမှာ (၁၀) သန်းနီးပါးက နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါတွေကြောင့် သေဆုံးရတာပါ။ အစေ့၊ အဆံ၊ အသီးအရွက်နဲ့ ပင်လယ်စာတွေကရတဲ့ အိုမီဂါ-၃ အက်ဆစ်၊ အမျှင်ဓာတ်
စားသုံးမှုနည်းတာတွေကလည်း အသက်တိုစေတဲ့ အကြောင်းရင်းထဲမှာ ပါပါတယ်။

ကမ္ဘာတစ်ဝန်းမှာ နေ့စဉ်စားသုံးမှုပုံစံကြောင့် သေဆုံးသူအများဆုံးကတော့ ဥဇဘတ်ကစ္စတန်နိုင်ငံဖြစ်ပြီး တစ်နှစ်ကို လူ (၁၀၀၀၀၀) မှာ လူ (၈၉၂) ယောက် သေဆုံးနေတာ တွေ့ရပါတယ်။ နေ့စဉ်စားသောက်မှုပုံစံကြောင့် သေဆုံးသူအနည်းဆုံး နိုင်ငံကတော့ အစ္စရေးနိုင်ငံပါ။ လူ (၁၀၀၀၀၀) မှာ သေဆုံးသူ (၈၉) ဦးပဲ ရှိတယ်လို့ The Global Burden of Disease Study လေ့လာမှုမှာ ဖော်ပြထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top