ဘရူနိုင်းနိုင်ငံမှာ လိင်တူဆက်ဆံမှုနဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုကို သေဒဏ်ချမှတ်နိုင်မယ့် ဥပဒေသစ် ပြဋ္ဌာန်း

in4.jpg

ဘရူနိုင်းနိုင်ငံမှာ လိင်တူဆက်ဆံမှုနဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုတွေအတွက် ကျောက်တုံးနဲ့ပေါက်သတ်ဖို့ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ တင်းကျပ်တဲ့ အစ္စလာမ်ဥပဒေသစ် ပြဋ္ဌာန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စတင်အကျုံးဝင်ခဲ့တဲ့ ဥပဒေသစ်ထဲမှာ ခိုးမှုကျူးလွန်ရင် လက်တွေ ခုတ်ဖြတ်ဖို့ ပြစ်ဒဏ်ချမှတ်နိုင်တဲ့အပြင် ပြစ်မှုအများအပြားအတွက် ပြင်းထန်လွန်းတဲ့ ပြစ်ဒဏ်တွေ ရေးဆွဲထားပါတယ်။

ဘရူနိုင်းနိုင်ငံမှာ အရင်ကတည်းက လိင်တူဆက်ဆံမှုကို တရားမဝင်ဘူးလို့ သတ်မှတ်ထားပြီး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်ပါတယ်။ လူဦးရေ (၄၂၀၀၀၀) နေထိုင်တဲ့ ဘရူနိုင်းနိုင်ငံမှာ (၃) ပုံ၊ (၂) ပုံက မွတ်စလင်တွေပါ။ ဘရူနိုင်းနိုင်ငံဟာ သေဒဏ်ပြစ်ဒဏ်ကို ဆက်လက်ထားရှိပေမဲ့ ၁၉၅၇ ခုနှစ်နောက်ပိုင်း ကွပ်မျက်မှုလုပ်ခဲ့ခြင်းမရှိပါဘူး။ ကာယကံရှင်တွေကိုယ်တိုင်က လိင်တူဆက်ဆံတယ်လို့ ဝန်ခံတယ် ဒါမှမဟုတ် မျက်မြင်သက်သေ လေးဦးရှိတယ်ဆိုရင် လိင်တူဆက်ဆံမှုအတွက် သေဒဏ်ချမှတ်နိုင်ပါတယ်။

ဒါ့အပြင် အဓမ္မပြုကျင့်မှု၊ လင်ငယ်၊ မယားငယ်နေမှု၊ ဓားပြတိုက်မှု၊ တမန်တော် မိုဟာမက်ကို ဆဲရေးမှု သို့မဟုတ် အပုပ်ချမှုတွေအတွက်လည်း အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ချမှတ်နိုင်ပါတယ်။ အမျိုးသမီးအချင်းချင်း လိင်ဆက်ဆံရင်တော့ ကြိမ်ဒဏ်အချက် ၄၀ ဒါမှမဟုတ် ထောင်ဒဏ် (၁၀) နှစ်အထိ ချမှတ်နိုင်ပါတယ်။ အဲဒီဥပဒေသစ် ရေးဆွဲမှုအပေါ် နိုင်ငံတကာအသိုင်းအဝန်းက ရှုတ်ချထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top