ဆုံးရှုံးမှုများစွာနဲ့ တောင်ကိုရီးယား တောမီး

k4.jpg

ပြီးခဲ့တဲ့ ကြာသပတေးနေ့ ညနေခင်းမှာ တောင်ကိုရီးယားနိုင်ငံ အရှေ့ဘက်ပိုင်းက အင်းအားပြင်း ဂန်းဝန်ဒို တောမီးကြောင့် တစ်မြို့လုံးနီးပါး မီးလွှမ်းမယ့် ဘေးကို ရင်ဆိုင်ခဲ့ရပါတယ်။ ဆုတ်ချို (Sokcho) တစ်မြို့လုံးနီးပါး မီးဘေး ရင်ဆိုင်ခဲ့ရပြီး လူတစ်ဦး သေဆုံးကာ ထောင်ပေါင်းများစွာသော ဒေသခံတွေ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းရပါတယ်။ transformer ပေါက်ရာကနေ စတင်ခဲ့တဲ့ မီးဖြစ်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် မီးရှိန် ပိုကောင်းသွားကာ အခြေအနေတွေ ဆိုးရွားကုန်တယ်လို့ သိရပါတယ်။

တောင်ကိုရီးယား အစိုးရကတော့ မီးဘေးဒဏ် အများဆုံး ခံရတဲ့ နေရာတွေကို အမျိုးသား ဘေးအန္တရာယ် အဖြစ် ထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။ မီးသတ်သမားပေါင်း (၃၀၀၀) ကျော်က မီးငြိမ်းသတ်မှုမှာ ပါဝင်ခဲ့ကြသလို ကာကွယ်ရေး ဝန်ကြီးဌာနမှလည်း စစ်သား ဦးရေ ( ၁၆၅၀၀ ) ၊ စစ်တပ်သုံး ရဟတ်ယာဉ် (၃၂) စင်း နဲ့ မီးသတ်ယာဉ် (၂၆) စင်းကို ပေးပို့ပြီး ငြိမ်းသတ်စေခဲ့ပါတယ်။

သောကြာနေ့ မနက်ခင်း သတင်းအရတော့ ဆုတ်ချိုမြို့ မှာ မီးထိန်းထားနိုင်ခဲ့ပေမယ့် နေထိုင်သူ (၂) သိန်းကျော်ရှိတဲ့ ဂန်းနွမ်မှာ မြို့တစ်ဝက်စာလောက်ပဲ မီးထိန်းထားနိုင်ခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ အဆိုးရွားဆုံးနဲ့ ပျက်စီးဆုံးရှုံးမှု အများဆုံး တောမီးကြီး ဖြစ်ပြီး လူနေအိမ်ပေါင်း မြောက်များစွာ ဆုံးရှုံးပျက်စီးရသလို ဆေးရုံမှာလည်း လူနာတွေ တန်းစီနေတာ ဖြစ်ပါတယ်။

တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းကတော့ ရသမျှ အင်အားနဲ့ တောမီးကို အစွမ်းကုန် ငြိမ်းသတ်ဖို့ အာဏာပိုင်တွေကို တိုက်တွန်းညွှန်ကြားခဲ့ပါတယ်။ စတာလင်ပေါင် (၂) သန်းကျော်ကို တောမီးငြိမ်းသတ်ရာမှာ အကုန်အကျခံမှာ ဖြစ်သလို နောက်ဆက်တွဲ မီးဘေးပြန်လည် ကယ်ဆယ်ရေးအတွက်ကိုတာ့ ဝမ်ပေါင်း သန်း (၂၅၀) အကုန်အကျခံသွားမယ်လို့ သိရပါတယ်။

တောင်ကိုရီးယားကို ချစ်မြတ်နိုးတဲ့ တစ်ကမ္ဘာလုံးက ပြည်သူတွေက ထပ်တူစိတ်မကောင်းကြသလို ဂန်းဝန်ဒိုမှာ ရောက်နေတဲ့ မြန်မာပြည်သားတွေ ရှိခဲ့ရင်လည်း ဘေးကင်းပါစေလို့ ရိုးရာလေး အဖွဲ့သားတွေက ဆုတောင်းပေးပါတယ်။

Ref: skynews “South Korea: Thousands flee wildfire in region of former Winter Olympics”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top