ကားတိုက်မှုကြောင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဒဏ်ရာရပြီး ဇနီးဖြစ်သူ သေဆုံး

35476022_1849004311822367_2938903330170077184_n.jpg

ကမ္ဘောဒီးယား မင်းသားတစ်ဦးဖြစ်သလို ဝန်ကြီးချုပ်ဟောင်းတစ်ဦးဟာ နိုင်ငံအနောက်တောင်ပိုင်းမှာ ကားတိုက်မှုဖြစ်ခဲ့လို့ ဒဏ်ရာရခဲ့ပြီး သူရဲ့ ဇနီးဖြစ်သူကတော့ သေဆုံးသွားခဲ့ပါတယ်။ အသက် ၇၃ နှစ်အရွယ်ရှိ မင်းသား နိုရိုဒွန် ရာနာရစ်ဒ် နဲ့ ဇနီးဖြစ်သူ အသက် ၃၉ နှစ်အရွယ်ရှိ ပါလာ တို့ဟာ ခရီးသွားစဉ်အတွင်း တက္ကစီကားနဲ့ တိုက်မိခဲ့တာဖြစ်ကြောင်း ကမ္ဘောဒီးယား အစိုးရ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

ကားတိုက်မှုဖြစ်ပြီးခြင်းမှာပဲ ကမ္ဘောဒီးယားမင်းသား ဇနီးမောင်နှံကို ဆေးရုံကို ပို့ခဲ့ပေမဲ့ နာရီပိုင်းအကြာမှာပဲ ဇနီးဖြစ်သူ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ နိုင်ငံရေး ထောက်ခံသူတွေနဲ့ တွေဆုံနိုင်ဖို့ ခရီးသွားခဲ့တာဖြစ်ကြောင်းလည်း သိရပြီး ကမ္ဘောဒီးယားဘုရင် နိုရိုဒွန် ဆီဟာမိုနီရဲ့ အစ်ကိုဝမ်းကွဲဖြစ်သူ မင်းသား ရာနာရစ်ဒ်ဟာ လာမယ့်လအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ နိုင်ငံရေးပါတီ တစ်ခုကို ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က အဓိက အတိုက်အခံပါတီ CNRP ကိုဖျက်သိမ်းခဲ့ပြီးနောက် အဓိက ခေါင်းဆောင်တွေကို နိုင်ငံပုန်ကန်မှုနဲ့ စွဲချက်တင်ထားပါတယ်။ ဝန်ကြီးချုပ်ဟွန်ဆန်ဟာ ကမ္ဘောဒီးယားနိုင်ငံ အစိုးရအဖွဲ့ကို နှစ်ပေါင်း ၃၃ နှစ်ကြာ ဦးဆောင်တာဝန်ယူခဲ့ပြီး အတိုက်အခံပါတီကို ဖျက်သိမ်းဖို့ တရားရုံးကို အမိန့်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ကမ္ဘောဒီးယားမင်းသားဟာ ဝန်ကြီးချုပ် ဟွန်ဆန် နဲ့ အပေါင်းအပါတစ်ဦးဖြစ်ပြီး ဝန်ကြီးချုပ် အဖြစ် ၁၉၉၃ ခုနှစ် ၁၉၉၇ ခုနှစ်အထိ တာဝန်ယူခဲ့ဖူးတယ်လို့သိရပါတယ်။ ကမ္ဘောဒီးယားမင်းသားဟာ ၂၀၁၅ ခုနှစ်က ကမ္ဘောဒီးယား နိုင်ငံရေးလောကကို တစ်ကျော့ပြန် ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

Ref: BBC “Cambodia Prince Ranariddh injured and wife killed in car crash”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top