မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်ရောက်ရှိလာပြီဖြစ်တဲ့ Huawei P30 Series

p30-0-e1554699144335.jpg

မတ်လ (၂၆) ရက်နေ့မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စတင်မိတ်ဆက်ခဲ့တဲ့ Huawei P30 Series က မြန်မာပြည်ဈေးကွက်အတွင်း ဧပြီလ (၇) ရက်နေ့မှာ တရားဝင်စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း သိရပါတယ်။

Huawei P30 Series ကို မတ်လ (၂၇) ရက်နေ့ မှ ဧပြီလ (၆) ရက်နေ့အတွင်းမှာ Pre-Order တွေ ကောက်ခံခဲ့ပြီး ဧပြီလ (၇) ရက်နေ့မှာ Junction City အပါအဝင် တခြားသတ်မှတ်ထားတဲ့ ဆိုင်တွေမှာ စတင်ရောင်းချခဲ့ပါတယ်။

စတင်ရောင်းချတဲ့ အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင် နဲ့ ဗီဒီယို သရုပ်ဆောင် ရွှေမှုန်ရတီ နဲ့ အဆိုတော် ရွှေထူးတို့က Junction City ကိုလာရောက်ခဲ့ပြီး customer တွေကို လက်ဆောင်တွေ ပြန်လည်ပေးအပ်တာ၊ ဓာတ်ပုံတွေအတူတူ ရိုက်ကူးတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ရုပ်ရှင်သရုပ်ဆောင် အလင်းရောင် နဲ့ မော်ဒယ် မေဂရေစ့် တို့က မြန်မာပလာဇာမှ Huawei Showroom တွင် ကျင်းပတဲ့ First Sales က်ုတတ်ရောက်ခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင် အောင်ရဲလင်း က မန္တလေးမြို့ Anycall Mobile တွင်ကျင်းပတဲ့ First Sales ကို တတ်ရောက်ခဲ့ပါတယ်။

တရုတ်ပြည်က Huawei P20 Series ထပ် (၁၀) ဆ ပိုမိုတဲ့ စံချိန်သစ်တစ်ခုကို ချိုးနိုင်ခဲ့တဲ့ Huawei P30 Seriesကို ဓာတ်ပုံရိုက်ကူးတာကြိုက်နှစ်သက်သူအများအပြား နဲ့ ဖက်ရှင်ကြိုက်နှစ်သက်သူတွေရဲ့စိတ်ဝင်စားမှု အများအပြားကို ရရှိခဲ့ပါတယ်။

Huawei P30 Pro မှာ 20 MP Ultra-Wide Angle Lens ၊ 40 MP Wide Angle Lens နှင့် 8MP Telephoto Lens နှင့် Huawei ToF ကင်မရာတွေပါဝင်တဲ့အတွက် စမတ်ဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးခြင်း အတွေ့အကြုံကို ပြန်လည် အဓိပ္ပါယ်ဖော်ဆောင်စေနိုင်မှာဖြစ်ပါတယ်။ Huawei P30 Lite မှာ 24 MP Wide Angle Lens ၊ 8 MP Ultra-Wide Angle Lens နှင့် 2 MP Depth Sensor Lens တို့ ပါဝင်ပါတယ်။ Huawei P30 Pro နှင့် Huawei P30 တွင် ပါဝင်တဲ့ ကင်မရာများက Leica Cameras တွေဖြစ်တာကြောင့် ရိုက်ကူးလိုက်တဲ့ ပုံရိပ်တိုင်း လှပသေသပ်နေမှာဖြစ်ပါတယ်။

Huawei P30 နဲ့ P30 Pro မှာ 7nm အရွယ်သာရှိတဲ့ Kirin 980 ပါဝင်တာကြောင့် အကောင်းမွန်ဆုံးသော လုပ်ဆောင်ချက်ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Huawei P30 နဲ့ P30 Pro မှာ EMUI 9.1 ပါဝင်တာကြောင့် အချောမွေ့ဆုံးသော သုံးစွဲခြင်း အတွေ့အကြုံကို ရရှိစေနိုင်မှာဖြစ်ပြီး Extendable Read-Only File System ( EROFS) ပါဝင်တာကြောင့် သိုလှောင်ခြင်း နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေကို တိုးတက်ကောင်းမွန်စေမှာဖြစ်ပါတယ်။ နောက်ဆုံးပေါ် OS ကြောင့် Huawei Share OneHop ပါဝင်ပြီး စမတ်ဖုန်း နဲ့ PC များကြားတွင် အနှောင့်အယှက်မရှိ ကူးပြောင်းစေမှာဖြစ်ပါတယ်။

Huawei P30 Proမှာ 4200 mAH ပါဝင်ပြီး 40W Huawei SuperCharge ပါဝင်တာကြောင့် 0% ရှိတဲ့ ဘက်ထ္ထရီကို မိနစ် (၃၀) အတွင်း 70% အထိ အားပြည့်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် Huawei P30 Pro မှာ Huawei SuperCool နည်းပညာ ပါဝင်တာကြောင့် ပြင်းထန်တဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်နေတဲ့ တိုင်အောင် ဖုန်းအပူချိန်ကို ထိန်းညှိပေးနိုင်မှာဖြစ်ပါတယ်။ Huawei P30 မှာ 22.5 W ဘက်ထ္ထရီပါဝင်ပြီး မိနစ် (၃၀) အတွင်း 58% အထိ အားပြည့်စေမှာဖြစ်ပါတယ်။ Huawei P30 Lite မှာ 18W ဘက်ထ္ထရီပါဝင်ပြီး မိနစ် (၃၀) အတွင်း 40% အထိ အားပြည့်စေမှာဖြစ်ပါတယ်။

Huawei P30 Pro ကို Pre-Order စနစ်ဖြင့် မှာယူသူတွေကို FreeBuds Lite နဲ့ Wireless Charger တွေကို လက်ဆောင်ပေးအပ်ခဲ့ပါတယ်။ Huawei P30 ကို Pre-Order စနစ်ဖြင့် မှာယူခဲ့သူတွေကို FreeBuds Lite ၊ Wireless Charger နဲ့ Wireless Charging Case တွေကို လက်ဆောင်ပြန်လည်ပေးအပ်ခဲ့ပါတယ်။ Huawei P30 Lite ကို Pre-Order စနစ်နဲ့ ဝယ်ယူခဲ့သူတွေကို Bluetooth Speaker ကို လက်ဆောင်ပြန်လည်ပေးအပ်ခဲ့ပါတယ်။

Huawei P30 Pro ကို မြန်မာငွေကျပ် ၁,၄၉၉,၀၀၀ ၊ Huawei P30 အား မြန်မာငွေကျပ် ၁,၀၉၉,၀၀၀ နဲ့ Huawei P30 Lite ကို မြန်မာငွေကျပ် ၃၉၉,၀၀၀ ဖြင့် မြန်မာပြည် ဈေးကွက်ထဲတွင် ဝယ်ယူရရှိနိုင်နေပြီဖြစ်ပါတယ်။ အရောင်တွေအနေနဲ့ကတော့ Huawei P30 Pro နဲ့ Huawei P30 ကို Breathing Crystal နဲ့ Aurora အစရှိတဲ့ အရောင် နှစ်မျိုးနဲ့ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး P30 Liteကို Midnight Black ၊ Pearl White နဲ့ Peacock Blue ဆိုပြီး အရောင် (၃) မျိုးနဲ့ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top