အိုင်ဗရီကို့စ်ဆိပ်ကမ်းမှာ ဖျက်ဆီးလိုက်တဲ့ဆန်ကိစ္စကို စုံစမ်းဖော်ထုတ်သွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ပြော

RICE-LOST-IVORY-COAST-2.jpg

အနောက်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ Ivory Coast (အိုင်ဗရီကို့စ်) က ကျန်းမာရေး အရာရှိတွေဟာ မြန်မာကတင်ပို့လိုက်တဲ့ဆန်တန်ချိန်များစွာကို စားသုံးရန်မသင့်ကြောင်း ကြေညာပြီး ဗုဒ္ဓဟူးနေ့က ဖျက်ဆီးခဲ့တယ်လို့ BBC Africa Live စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဖျက်ဆီးခံရတဲ့ ဆန်စပါးတွေဟာ မြန်မာနိုင်ငံမှ တင်ပို့ထားတဲ့ဆန်တွေဖြစ်တယ်လို့ဆိုထားပြီး ဆန်တွေကို ကုန်တင်ကားတွေနဲ့သယ်ဆောင်ကာ စွန့်ပစ်ပစ္စည်းတွေစွန့်ပစ်တဲ့နေရာမှာ ဖျက်ဆီးခဲ့ကြပုံကို ဓာတ်ပုံတွေနဲ့ ဖော်ပြထားခဲ့ပါတယ်။

သတင်းတွေအရ အနောက်အာဖရိကကမ်းခြေကအခြားနိုင်ငံတွေကလည်း တင်ပို့ရောင်းချခွင့် မပေးခဲ့တာကြောင့် နောက်ဆုံးမှာ အိုင်ဗရီကို့စ်နိုင်ငံ၊ အာဘဒ်ဂျန်မြို့ရဲ့ ပစ္စည်းအဟောင်း လက်ခံတဲ့နေရာမှာပဲ ဒီဆန်တွေ ကုန်ချခွင့်ရခဲ့တာပါ။ အရည်အသွေးထိန်းချုပ်စစ်ဆေးမှုတွေအပြီးမှာ စားသုံးဖို့မသင့်လျော်ကြောင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အရည်အသွေးထိန်းချုပ်စစ်ဆေးမှုတွေအပြီးမှာ စားသုံးဖို့မသင့်လျော်ကြောင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်က ဟုတ်မှန်ကြောင်းအတည်ပြုခဲ့ပြီး အဲဒီဆန်တွေထဲမှာ မြန်မာနိုင်ငံကဆန်အပြင် အိန္ဒိယကဆန်လည်းပါဝင်ကြောင်း၊ မြန်မာနိုင်ငံကဆန်က အောက်ကဖြည့်ပြီး မိုးတွင်း မိုးဆန်ပေါ်ကာစ စိုထိုင်းဆမညီတဲ့အချိန်မှာ သယ်သွားပြီး အပေါ်က အိန္ဒိယဆန်ကိုထည့်တဲ့အခါ ပိတ်လှောင်သလိုဖြစ်နေကြောင်း၊ အိန္ဒိယဆန်ကိုထုတ်ပြီးချိန်နဲ့ မြန်မာဆန်ထုတ်တဲ့အချိန်ကြား သုံးလလောက်ကြာသွားခဲ့တာကြောင့် စိုထိုင်းဆမငြိမ်ဘဲ အခုလိုဖြစ်သွားရကြောင်း ပြောခဲ့ပါတယ်။

ဆန်အားလုံးကို တရားဝင်တင်ပို့လိုက်ခြင်းဖြစ်ပြီး တင်ပို့ခဲ့တဲ့ ဆန်တန်ချိန်ဟာ (၂) သောင်းကျော်ရှိကာ ယခု အိုင်ဗရီကို့စ်မှာ ဖျက်ဆီးလိုက်တဲ့ပမာဏကတော့ တန်ချိန် (၁၈၀၀၀) ဖြစ်တယ်လို့ သိရပါတယ်။

ယခု အိုင်ဗရီကို့စ်မှာ ဖျက်ဆီးလိုက်တဲ့ပမာဏကတော့ တန်ချိန် (၁၈၀၀၀) ဖြစ်တယ်လို့ သိရပါတယ်

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အတွင်းရေးမှူး ဦးရဲမင်းအောင်ကလည်း ၎င်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မြန်မာနိုင်ငံကဆန်တင်ပို့ရောင်းချသူများသည် FOB Yangon စနစ်နဲ့ ရန်ကုန်ဆိပ်ကမ်းပေါ်၊ သင်္ဘောပေါ်အရောက် အရောင်းအဝယ်ပြုလုပ်ကြကြောင်း၊ ဆန်ဝယ်ယူတဲ့ Buyer တွေက သင်္ဘောကနေ အချိန်မှန်ကန်စွာ ကုန်မချနိုင်ပါက ကြာမြင့်စွာသိုလှောင်မှု (long Storage) ဖြစ်ပေါ်ပြီး အရည်အသွေးထိခိုက်နိုင်မှာ ဖြစ်ကြောင်း၊ ယခုကိစ္စဟာလည်း ယေဘုယျအားဖြင့် အာဖရိကနိုင်ငံ (၄) နိုင်ငံအထိ ကုန်မချနိုင်ဘဲလှည့်ပတ်နေခဲ့ရတဲ့အတွက် ကြာမြင့်စွာသိုလှောင်မှု (long Storage) ပြဿနာမျိုး ဖြစ်နိုင်ကြောင်း၊ ဆန်ဝယ်တဲ့ Buyer အနေနဲ့ အဆိုပါကိစ္စမှာ အဓိကတာဝန်ရှိတယ်လို့ ယေဘုယျအားဖြင့်ယူဆနိုင်ကြောင်း ဖော်ပြရေးသားထားခဲ့ပါတယ်။

ယခုဖြစ်စဉ်ဟာ မြန်မာ့ဆန် ပြည်ပတင်ပို့မှုဈေးကွက်အတွက် ကြီးမားစွာသက်ရောက်မှုရှိတာကြောင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ အချက်အလက်ပြည့်စုံစွာ စုံစမ်းဖော်ထုတ်ပြီး သတင်းထုတ်ပြန်သွားမှာဖြစ်တယ်လို့လည်း ဦးရဲမင်းအောင်က ဆက်လက်ရေးသားဖော်ပြထားပါတယ်။

ဆန်စပါးဟာ အာဖရိကနိုင်ငံတော်တော်များများမှာ အဓိကအစားအစာ ဖြစ်လာနေပေမဲ့ ပြည်တွင်းစိုက်ပျိုးသူေွဟာ နိုင်ငံတွင်းစားသုံးမှုမြင့်တက်လာခြင်းကိုမဖြည့်ဆည်းပေးနိုင်တာကြောင့် အခြားပြည်ပ နိုင်ငံတွေက ဆန်တင်ပို့မှုကို မှီခိုနေကြရတာဖြစ်ပါတယ်။ အာဖရိကနိုင်ငံအများစုဟာ ကုန်းတွင်းပိတ်နိုင်ငံတွေ ဖြစ်ကြတာမို့ အနောက်အာဖရိကနိုင်ငံတွေဟာ ကုန်ပစ္စည်းတွေတင်ပို့ရာမှာ အရေးပါတဲ့ကြားခံနိုင်ငံတွေဖြစ်လာခဲ့ပါတယ်။

Ref: www.africanews.com “Ivory Coast destroys 18,000 tonnes of dangerous Myanmar rice ”
Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top