WLC-8: KAREN SPIRIT ရဲ့တွဲဆိုင်းစာရင်းကို ထုတ်ပြန်ကြေညာ

Letwaie-1.jpg

WLC-8 ပြိုင်ပွဲမှာယှဉ်ပြိုင်ကြမယ့် တွဲဆိုင်းစာရင်းကို WLC က တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါပြီ။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ချစ်သူမြိုင်ပန်းခြံမှာ မေလ (၅) ရက်နေ့ကျင်းပသွားမယ့် WLC-8: KAREN SPIRIT ပြိုင်ပွဲမှာ စုစုပေါင်းတွဲဆိုင်း (၈) ဆိုင်း ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

Main Event (ခေါင်ပွဲ) အဖြစ် ၆၃.၅ – ၆၇ ကီလို (ဝယ်လ်တာဝိတ်) မှာ စိုးလင်းဦး (ဒို့ရိုးရာ) နဲ့ဘရုလစ်ခ် (ဂျာမနီ)၊ Co-Main Event (ဒု-ခေါင်ပွဲ) အဖြစ် ၅၄ – ၅၇ ကီလို (ဖယ်သာဝိတ်) မှာ မိုက်ရိုင်း (ရွှေဖူး) နဲ့ ရှာမာဇာဒီအာမေးလ် (အဇာဘိုင်ဂျန်) တို့ယှဉ်ပြိုင်ကြမှာပါ။

အခြားတွဲဆိုင်းတွေကတော့ ၆၇ – ၇၁ ကီလို (လိုက်မစ်ဒယ်ဝိတ်) မှာ သွေးသစ်အောင် (သုံးပန်လှ) နဲ့ ဒေးဗစ်မက္ကာသီ (အိုင်ယာလန်)၊ ၆၀ – ၆၃.၅ (လိုက်ဝယ်လ်တာဝိတ်) မှာ အောင်အောင်ထူး (သုံးပန်လှ) နဲ့ စောမင်းမင်း (ရွှေသထုံ)၊ ၄၅ – ၄၈ ကီလို (လိုက်ဖလိုင်းဝိတ်) မှာ
အဲအဲ (Team PT) နဲ့ ဟွိုင်းဟာဟူးဟျူး Huynh Ha Huu Hieu (ဗီယက်နမ်)၊ ၆၃.၅ – ၆၇ ကီလို (ဝယ်လ်တာဝိတ်) မှာ အောင်ဟိန်း (သုံးပန်လှ) နဲ့ သွေးသစ်မောင် (အဖြူရောင်သွေးသစ်)၊ ၅၇ – ၆၀ ကီလို (လိုက်ဝိတ်) မှာ သန်းဇော် (ရန်စစ်ငြိမ်း) နဲ့ ဟိန်းထွန်းအောင် (ရွှေသထုံ)၊ ၆၃.၅ – ၆၇ ကီလို (ဝယ်လ်တာဝိတ်) မှာ မင်းထက်ကျော် (တိုက်ဂါး) နဲ့ ဘဟိန်း (မြိုင်ကလေးဘိလပ်မြေစက်ရုံ) တို့ အသီးသီး ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို CANAL+ နဲ့ UFC Fight Pass တို့ကနေ မေလ (၅) ရက် မြန်မာစံတော်ချိန် ညနေ (၆း၃၀) မှာ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးသွားမယ်လို့ သိရပါတယ်။

Ref: WLC
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top