အားလပ်ရက်လေးတွေကို ပိုပြီးပြည့်စုံသွားနိုင်စေဖို့

Stocksy_happy-woman_561241-5797837a5f9b58461f05b4cd.jpg

အားလပ်ရက်တွေဆိုတာ လူတိုင်းလိုချင်ကြ၊ နှစ်သက်ကြတဲ့ အချိန်ကာလလေးတွေပဲဖြစ်ပါတယ်။ ဒီအားလပ်ရက်လေးတွေကို ဘယ်လိုအသုံးချမလဲဆိုတာတော့ တစ်ယောက်နဲ့ တစ်ယောက်မတူကြပါဘူး။

တစ်ခါတစ်လေ အချိန်ကုန်မှန်းမသိ ကုန်သွားတတ်တာမျိုး ဘာလုပ်ရမလဲတွေးတောရင်း ကုန်ဆုံးသွားတတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးမဖြစ်ရအောင် နည်းလမ်းတစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ ခန္ဓာကိုယ်ကော စိတ်ကိုပါ လေ့ကျင့်ခန်းလုပ်ပါ

တော်တော်များများက အပြင်ထွက်ဖို့ နေရောင်ခြည်ကို ခံယူရင်း သဘာဝကို ရှုစားဖို့ ပြောပြတာဖတ်ဖူးမှာပါ။ အဲ့ဒါတွေလဲ လုပ်ပါ။ ဒါ့အပြင် စိတ်ရောကိုယ်ပါသွက်လက်နေစေဖို့ အကြိုက်ဆုံးသီချင်းတွေကို နားထောင်ပါ။ ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ဇာတ်ဝင်သီချင်းပဲဖြစ်ဖြစ် ဂိမ်းထဲကတီးလုံးချည်းသက်သက်ပဲဖြစ်ဖြစ် ကိုယ့်ကို စိတ်အားတက်ကြွစေမယ့် သီချင်းတွေကို နားထောင်ရင်း စိတ်ထွက်ပေါက်ပေးလိုက်ပါ။ ကိုယ်အကြိုက်ဆုံးသီချင်းထဲပါ အားပါးတရ မျောပါစီးဆင်းလိုက်ပါ။ ဒါက စိတ်ရောကိုယ်ပါသန်စွမ်းစေဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

၂။ အိပ်ရာထဲမှာ နည်းနည်းပိုအချိန်ဖြုန်းပါ

ဒီလိုပြောတာ နည်းနည်းတော့ ကြောင်တောင်တောင်နိုင်တယ်ထင်ရပေမယ့် အကျိုးရှိပါတယ်။ အိပ်ရာဆိုတာ တကယ်တော့ ကိုယ့်ကိုသက်တောင့်သက်သာအရှိစေဆုံးနဲ့ ကုစားပေးနိုင်တဲ့ အကောင်းဆုံးနေရာလို့တောင်ပြောကြပါတယ်။ အိမ်မှာတီဗီကြည့်တာတို့၊ ကွန်ပျူတာသုံးတာတို့ အားလပ်ရက်မှာ တခြားကိစ္စတွေလုပ်တာတို့ကို လုပ်လို့ရပါတယ်။ တစ်နေကုန် အိပ်ရာပေါ်လှဲရင်း အချိန်ဖြုန်းစရာမလိုပါဘူး။ ဒါပေမယ့် အိပ်ရာပေါ်သက်တောင့်သက်သာလှဲနေပြီး စိတ်ထဲ အစီအစဉ်တွေတစ်ခုခြင်း ချနေခြင်းက စိတ်ကိုငြိမ်းအေးစေပါတယ်။

၃။ သူငယ်ချင်းတွေ မိသားစုတွေနဲ့အချိန်ဖြုန်းပါ

ပျော်ရွှင်မှုတွေ အောင်မြင်မှုတွေဆိုတာ သင့်အိမ်ရဲ့အရွယ်အစား ဒါမှမဟုတ် သင့်ကားရဲ့ ဈေးနှုန်းနဲ့တိုင်းတာတာမဟုတ်ပါဘူး။ အောင်မြင်မှုဆိုတာ အလုပ်၊ မိသားစုနဲ့ စိတ်ချမ်းသာမှု ဘယ်လောက်ရှိသလဲဆိုတာအပေါ် မူတည်ပါတယ်။ ဒါ့ကြောင့် အားလပ်ရက်တွေမှာ မိသားစုအတွက် အချိန်ပေးတာမျိုး၊ သူငယ်ချင်းတွေ တွေ့ဆုံတာမျိုးတွေ လုပ်ပေးပါ။ ဒါက စိတ်သက်တောင့်သက်သာ ဖြစ်စေပြီး စိန်ခေါ်မှုတွေကို အောင်အောင်မြင်မြင်ကျော်လွှားနိုင်ပါတယ်တဲ့။

၄။ ဝါဿနာပါရာတစ်ခုခု လုပ်ဆောင်ပါ

အားလပ်ရက်တွေက ကုန်ဆုံးတာမြန်ဆန်လှပါတယ်။ ဒီတော့ ပုံမှန်လုပ်နေကျ အလုပ်အပြင် ကိုယ်ဝါဿနာပါတဲ့အရာလေးတွေကို အားလပ်ရက်တွေမှာ လုပ်ဆောင်သင့်ပါတယ်။ ဘယ်လိုဝါဿနာမျိုးပဲဖြစ်ဖြစ် ဦးနှောက်ကို အတွေးတွေပိုသွက်လက်စေပြီး အဆိုးတွေကို တွေးတောနေခြင်းကနေ ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် အားကစားတစ်ခုခုပဲဖြစ်ဖြစ် အနုပညာပဲဖြစ်ဖြစ် ကိုယ်စိတ်ပါဝင်စားရာကိုသာ လုပ်လိုက်ပါ။ ဒီလိုလုပ်ခြင်းက ပြဿနာတွေကို ပိုမိုဖြေရှင်းစေနိုင်ပြီး ဖိအားတွေကိုလည်း ကြောက်စရာမလိုအောင် လုပ်ပေးပါတယ်။

၅။ နောက်တစ်ပတ်အတွက် ကြိုစီစဉ်ထားပါ

နောက်တစ်ပတ်အလုပ်ချိန်တွေက assignment တွေ၊ deadlineတွေနဲ့ ပြည့်ကောင်း ပြည့်နေနိုင်ပါတယ်။ လူတွေကလည်း မြန်မြန်အလုပ်ပြီးမြောက်ဖို့ တောင်းဆိုနေပါလိမ့်မယ်။ ဒီတော့ ဘယ်အရာတွေကို ဘယ်လိုလုပ်မလဲဆိုတာကို ကြိုအစီအစဉ်ဆွဲထားခြင်းက သင့်ကို ပိုသက်တောင့်သက်သာရှိစေပါတယ်။

Ref: Lifehack “Five Ways to Make Your Weekends Happier”

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top