ဒုတိယမြောက် ရင်သွေးလေး ရရှိတော့မယ့် ဘေယောင်ဂျွန်း

BaeYongJoonandParkSooJin.jpg

Winter Sonata, The Legend စတဲ့ ကိုရီးယား စီးရီးတွေနဲ့ နာမည်ကြီး လူကြိုက်များခဲ့တဲ့ ကိုရီးယားမင်းသား ဘေယောင်ဂျွန်း ကို မှတ်မိကြဦးမယ်ထင်ပါတယ်။

သူနဲ့ ကိုရီးယား မင်းသမီး ပတ်ဆိုဂျင်းတို့ လက်ထပ်ခဲ့တာ ဩဂုတ်လ 23ရက်နေ့ကပဲ နှစ်နှစ်ပြည့်သွားခဲ့ပါပြီ။ သူတို့ရဲ့ ပထမဆုံး ရင်သွေးလေးကလည်း အခုဆိုရင် ဆယ်လသားအရွယ် ရှိလာခဲ့တဲ့နောက်မှာတော့ ဝမ်းသာစရာ သတင်းကောင်း တစ်ခု ကို ကြေညာလိုက်တာ ဖြစ်ပါတယ်။

အဲ့ဒီသတင်းကတော့ ပတ်ဆိုဂျင်းမှာ ဒုတိယမြောက် ရင်သွေးလေးရဲ့ ကိုယ်ဝန်ရှိနေပြီ ဆိုတာပါပဲ။ ဘေယောင်ဂျွန်းနဲ့ ပတ်ဆိုဂျင်းတို့ ဇနီးမောင်နှံအနေနဲ့ လတ်တလောမှာတော့ ဒရာမာ စီးရီးတွေ ရိုက်ကူးဖို့ လက်ခံထားတာ မရှိသေးဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်ကတော့ သူတို့ ပျော်ပွဲစားခရီးထွက်တဲ့ ပုံတွေကို ပတ်ဆိုဂျင်းရဲ့ instagram အကောင့်မှာ တင်ထားခဲ့ပါသေးတယ်။ သူတို့ရဲ့ ပထမဆုံး ရင်သွေးလေးကို 2016 ခုနှစ် အောက်တိုဘာ 24 ရက်မှာ မွေးဖွားခဲ့တာမို့ အခု ရင်သွေးလေးကတော့ ဘေယောင်ဂျွန်းနဲ့ ပတ်ဆိုဂျင်းတို့ရဲ့ ဒုတိယမြောက် ရင်သွေးလေးဖြစ်လာမှာပဲ ဖြစ်ပါတယ်။

Ref: Dramafever: Bae Yong Joon and Park Soo Jin are expecting their second child

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top