အသည်းယားစရာ အဆီတုံးလေးတွေနဲ့ လူချစ်လူခင်များလှတဲ့ (၆) လသမီးလေး

Adorable-chubby-baby-with-rolls-of-fat-dubbed-‘Chinau2019s-Michelin.jpg

ချစ်စရာ၊ အသည်းယားစရာလက်မောင်းတုံးကြီးတွေကိုပိုင်ဆိုင်ထားသူက တရုတ်ပြည်က (၆) လ အရွယ်သမီးလေးပါ။ အရမ်းချစ်ဖို့ကောင်းတဲ့သမီးလေးဟာ (၆) လသားအရွယ်နဲ့တင် အင်တာနက်ပေါ်မှာ တစ်ကမ္ဘာလုံးရဲ့ချစ်မြတ်နိုးမှုတွေကို သိမ်းကျူံးရယူနေတဲ့ကလေးလေးဖြစ်လာနေပါပြီ။

အရမ်းချစ်ဖို့ကောင်းတဲ့သမီးလေးဟာ (၆) လသားအရွယ်နဲ့တင် အင်တာနက်ပေါ်မှာ တစ်ကမ္ဘာလုံးရဲ့ ချစ်မြတ်နိုးမှုတွေကို သိမ်းကျူံးရယူနေတဲ့ ကလေးလေးဖြစ်လာနေပါပြီ

ကလေးလေးရဲ့ နာမည်က ချူယူယန်း (Xue Yuyan) ပါ။ သူ့ကို အခုလို လူချစ်လူချင်ပေါများလာစေခဲ့တဲ့အကြောင်းအရင်းကတော့ ခြောက်လအရွယ်နဲ့မလိုက်ဖက်အောင်ကို ဝကစ်ပြီး ထွားကျိုင်းလှတဲ့အသွင်အပြင်နဲ့အတူ (၂၇) ပေါင်ခွဲအထိရှိတဲ့ သူ့ရဲ့ခန္ဓာကိုယ်လုံးလုံးလေးပါပဲ။ သူ့ရဲ့ညာဘက်လက်မောင်းပေါ်မှာ အရစ်လိုက်အရစ်လိုက်ဖုဖောင်းနေတဲ့ အသည်းယားစရာ အဆီတုံးတွေကို ဗီဒီယိုရိုက်ပြီး အင်တာနက်ပေါ်မျှဝေခဲ့ရာမှာ ကြည့်ရှုသူပေါင်း (၅) သန်းနီးပါးရှိသွားခဲ့ပါတယ်။

ချူလေးရဲ့အဖေ ချူလိုင်း (Xue Lei) ကတော့ “သမီးလေးက မွေးကတည်းက ကျန်းမာသန်စွမ်းပါတယ်။ နေ့တိုင်း ကောင်းကောင်းစားတယ်။ ကောင်းကောင်းအိပ်လေ့ရှိတယ်။ နည်းနည်းစိုးရိမ်ရတာတစ်ခုကတော့ ကြီးလာတဲ့အခါ ကလေးအဝလွန်လာမှာကိုပါပဲ” လို့ ဆိုပါတယ်။

တရုတ်ပြည်ရဲ့ကလေးငယ်လေးတစ်ယောက်ရဲ့ ပုံမှန်ကိုယ်အလေးချိန်ဟာ (၁၆) ပေါင် ဝန်းကျင်သာရှိတတ်ပြီး ထူးခြားပြီးချစ်ဖို့ကောင်းတဲ့ ချူလေးကတော့ သူနဲ့ရွယ်တူကလေးတွေထက် သိသိသာသာကို ခန္ဓာကိုယ်ပိုကြီးထွားနေတာဖြစ်ပါတယ်။

အဆီအခေါက်တုံးတွေ အရစ်လိုက်ရှိနေတာမျိုးဟာ Michelin tire baby syndrome ဆိုတဲ့ ကလေးရောဂါတစ်မျိုးလည်း ဖြစ်နေတတ်လေ့ရှိ

ကံမကောင်းရင်တော့ ဒီလိုမျိုး လသားကလေးငယ်တွေရဲ့ခြေလက်တွေမှာ အဆီအခေါက်တုံးတွေ အရစ်လိုက်ရှိနေတာမျိုးဟာ Michelin tire baby syndrome ဆိုတဲ့ ကလေးရောဂါတစ်မျိုးလည်း ဖြစ်နေတတ်လေ့ရှိပါတယ်။ ချူလေးကို ဆေးစစ်ကြည့်တော့ ရောဂါဘယကင်းစင်နေပြီး လူတွေအတွက် အချစ်ပိုစရာချစ်မွှေးပါလာခဲ့သူလေးလို့ပဲမှတ်ယူရမှာပါ။

Ref: Dailymail “Six-month-old girl is dubbed the ‘Michelin Baby’ after her parents shared a video of her chubby arm”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top