ပိုမိုကောင်းမွန်တဲ့ ဖုန်းသုံးစွဲမှုအတွေ့အကြုံတွေကို ပေးစွမ်းမယ့် Samsung Galaxy A70 မိတ်ဆက်ပွဲ

Galaxy-A70_Lifestyle-KV_combo_bluecoralwhite_2P1.jpg

Samsung ရဲ့ နောက်ဆုံးပေါ် မျိုးဆက်သစ် Galaxy A series စမတ်ဖုန်းသစ်ဖြစ်တဲ့ Galaxy A70 ကို မြန်မာနိုင်ငံမှာ ၂၀၁၉ခုနှစ် မေလ (၁၇) ရက်နေ့က မိတ်ဆက်လိုက်ပါတယ်။ Samsungရဲ့ နောက်ဆုံးပေါ် တီထွင်ဆန်းသစ်မှုတွေနဲ့ အဆင့်မြှင့်တင်ထားတဲ့ မရှိမဖြစ်လိုအပ်သော နည်းပညာတွေနဲ့အတူ Galaxy A70 စမတ်ဖုန်းမှာ ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်း၊ ကြီးမားကျယ်ပြန့်တဲ့ အဆုံးအစမဲ့မျက်နှာပြင် ၊ အဆင့်မြှင့်ထားတဲ့ ကင်မရာသုံးလုံး၊ စွမ်းဆောင်ရည်မြင့်ဘက်ထရီ ၊ အဆင်ပြေလွယ်ကူစွာချိတ်ဆက်နိုင်မှု အစရှိတဲ့ လုပ်ဆောင်ချက်တွေကို ထည့်သွင်းထားပါတယ်။ Samsung Galaxy A70 ကို လက်တွေ့ဘဝမှာ အမှန်တကယ်တွေ့ကြုံနေရတဲ့အတိုင်း ရိုက်ကူး ချိတ်ဆက် မျှဝေချင်သူတွေအတွက် ဒီဇိုင်းပြုလုပ်ဖန်တီးထားပါတယ်။

အကောင်းမွန်ဆုံးအတွေ့အကြုံကိုရရှိစေမယ့် ဖုန်းမျက်နှာပြင်နဲ့ သေသပ်လှပတဲ့ ဒီဇိုင်း

Galaxy A70 စမတ်ဖုန်းသစ်မှာ ၆.၇ လက်မရှိတဲ့ Infinity-U Super AMOLED မျက်နှာပြင်ပါဝင်ပြီး ထွက်ရှိထားတဲ့ Galaxy A စမတ်ဖုန်းတွေအနက် အကြီးမားဆုံးမျက်နှာပြင်ရှိတဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ Galaxy A70က နေ့စဉ်လုပ်ဆောင်ချက်တွေအတွက် အကောင်းမွန်ဆုံး သုံးစွဲမှုအတွေ့အကြုံကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ Galaxy A70ရဲ့ တောက်ပြောင်သေသပ်လှပတဲ့ ဒီဇိုင်းနဲ့ ၂၀:၉ အချိုးရှိတဲ့ မျက်နှာပြင်ကြောင့် ပိုမိုစိတ်ကျေနပ်ဖွယ်ရာ ခံစားမှုကို ရရှိစေမှာဖြစ်ပါတယ်။ Galaxy A70 ကို အပြာရောင်၊ အမည်းရောင်နှင့် အဖြူရောင် အစရှိတဲ့ လှပတဲ့ ရောင်ပြေးအရောင်သုံးရောင်နဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။

အမှတ်တရအခိုက်အတန့်အားလုံးကိုရိုက်ယူနိုင်မယ့် ကင်မရာ

Galaxy A70 မှာ စွမ်းဆောင်ရည်မြင့်တဲ့ ကင်မရာသုံးလုံးထည့်သွင်းထားတာကြောင့် အချိန်နေရာမရွေး အခက်အခဲမရှိ အရည်အသွေးကောင်းပြီး ကြည်လင်ပြတ်သားသောပုံရိပ်တွေကို 32MP ရှိတဲ့ အရည်အသွေးမြင့်အရှေ့နှင့်အနောက် Lens ကင်မရာတွေနဲ့ ရိုက်ကူးနိုင်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ ဓာတ်ပုံ မရိုက်ခင်ဖြစ်စေ၊ ရိုက်ယူပြီးဖြစ်စေ depth lens ကိုအသုံးပြုပြီး ဓာတ်ပုံတွေကို စိတ်တိုင်းကျ ပြုပြင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် လူသားတစ်ဦးရဲ့ မျက်လုံးနဲ့ အမှန်တကယ် မြင်တွေ့ရတဲ့အတိုင်း 8MP Ultrawide Lensနဲ့ ထူးခြားကောင်းမွန်တဲ့ ပုံရိပ်တွေကို ဖမ်းယူနိုင်မှာဖြစ်ပါတယ်။

Galaxy A70 မှာပါရှိသော Scene Optimizer ကိုအသုံးပြုပြီး မြင်ကွင်းပေါင်း ၂၀ ကျော်ကို ဉာဏ်ရည်မြင့်စွာ ခွဲခြားသတ်မှတ်နိုင်မှာ ဖြစ်တာကြောင့် အကောင်းဆုံးပုံရိပ်တွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Flaw Detection ဆိုတဲ့ function လည်းပါဝင်တာကြောင့် ဓာတ်ပုံမရိုက်ယူခင်အချိန်အတွင်းမှာပင် လိုအပ်ချက်တွေကို အလိုအလျောက်ချိန်ညှိပေးနိုင်ကာ အရည်အသွေးကောင်းမွန်တဲ့ ပုံရိပ်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

စွမ်းဆောင်မှုမြင့်မားကြာရှည်တဲ့ ဘက်ထရီ

GalaxyA70 မှာ ပါဝင်တဲ့ စွမ်းဆောင်ရည်မြင့် 4500MAh ဘက်ထရီက တစ်နေ့တာလုံး စိတ်တိုင်းကျ အဆင်ပြေလွယ်ကူစွာ မျှဝေချိတ်ဆက်အသုံးပြုနိုင်ရုံသာမက ဂိမ်းတွေကို်လည်း ကစားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကုန်ခန်းသွားတဲ့ ဘက်ထရီကိုလည်း 25 W ပါဝင်တဲ့ အမြန်အားသွင်းစနစ်နဲ့ အဆင်ပြေလွယ်ကူစွာ ပြန်လည်ဖြည့်သွင်းနိုင်မှာဖြစ်ပါတယ်။

အဆင်ပြေချောမွေ့မှုနဲ့ လုံခြုံစိတ်ချစွာ ချိတ်ဆက်နိုင်စွမ်း

Galaxy A70 မျက်နှာပြင်တွင် ထည့်သွင်းထားတဲ့ on-screen fingerprint scannerက သုံးစွဲသူတွေကို ပို၍လွယ်ကူအဆင်ပြေတဲ့ သုံးစွဲမှုအတွေ့အကြုံကို ပေးစွမ်းမှာဖြစ်ပါတယ်။ Samsung Passနဲ့ချိတ်ဆက်ပြီး သုံးစွဲသူတွေအနေနဲ့ websites နဲ့ apps တွေကို ဝင်ရောက်အသုံးပြုတဲ့အခါ biometric စနစ်တွေကို အသုံးပြုပြီး ဝင်ရောက်နိုင်တာကြောင့် လုံခြုံစိတ်ချမှုပိုမိုရရှိစေမှာဖြစ်ပါတယ်။ Galaxy A70 မှာ Samsung Knox ကို ထည့်သွင်းပေးထားပြီး အဲဒီစနစ်က ဖုန်းထဲမှာ ပါဝင်တဲ့ chipset အပိုင်းမှ software ပိုင်းရဲ့အကာအကွယ်အနေနဲ့ ဒီဇိုင်းထုတ်ထားတဲ့ Samsungရဲ့ ကိုယ်ပိုင်လုံခြုံရေးစနစ်တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် သုံးစွဲသူတွေအနေနဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို လုံခြုံစိတ်ချစွာ သိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် Galaxy A70 ကို မေလ (၁၀) ရက်နေ့မှစတင်ပြီး ၅၉၉,၀၀၀ကျပ်နဲ့ ဈေးနှုန်းသက်သာစွာ ရောင်းချနေပါတယ်။ အဲဒီဖုန်းအသစ်မိတ်ဆက်မှုနဲ့အတူ Samsung Myanmar မှ Galaxy Fit e ကို အရေအတွက် ၂,၀၀၀ အထိသတ်မှတ်ကာ ဝယ်ယူသူတွေကို အထူးလက်ဆောင်အဖြစ် ပေးအပ်နေပါတယ်။ ဒါ့အပြင် Samsung နဲ့ Mytel က ပူးပေါင်းပြီး Galaxy A70 ဝယ်ယူသုံးစွဲသူတွေကို အခမဲ့ဒေတာအသုံးပြုမှု 3GB နဲ့ Mytel ဖုန်းအချင်းချင်း ခေါ်ဆိုမှု မိနစ်ပေါင်း ၃၀၀ ကို ၆လ ဆက်တိုက် ခံစားခွင့်ကိုလည်း ပေးထားပါတယ်။ ဒါ့အပြင် Galaxy A70 ဝယ်ယူသူတွေအနေနဲ့ “No Worry Crack Program” ကိုလည်း ခံစားနိုင်ပြီး အဲဒီ အစီအစဉ်အရ ဖုန်းအရှေ့မှန်ကွဲပြီး ပြန်လဲတဲ့အခါ ၄၀ ရာခိုင်နှုန်းအထိ သက်သာတဲ့ ခံစားခွင့်အားရရှိမှာဖြစ်ပါတယ်။ အဲဒီ ခံစားခွင့်က ၂၀၁၉ ခုနှစ်အတွင်း စတင်ဝယ်ယူပြီးချိန်မှ ၃လ အတွင်း အကျုံးဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top