တောမီးလောင်၍ ထွက်လာသည့် မီးခိုးမြူများကြောင့် ကောင်းကင်တစ်ခုလုံး အနီရောင် ပြောင်းသွား

yyl-023-7.jpg

စက်တင်ဘာလ ၂၂ ရက်နေ့၌ အင်ဒိုနီးရှားနိုင်ငံ Jambi ဒေသတွင် တောမီးလောင်မှုကြောင့် ဖြစ်ပေါ်သည့် မီးခိုးမြူများက နေရောင်ကို ဖုံးလွှမ်းသွား၍ ကောင်းကင်တစ်ခုလုံး အနီရောင် ပြောင်းသွားခဲ့သည်။
ထိုဖြစ်စဉ်မှာ မီးခိုးမြူများပျံ့နှံ့ရွေ့လျားမှုကြောင့် ဖြစ်ပေါ်လာသော ကောင်းကင်ယံရောင်ခြည် ဖြန့်ကြဲမှု ဖြစ်စဉ် (Rayleigh Scattering) ဟု အင်ဒိုနီးရှားနိုင်ငံ အမျိုးသား သဘာဝ ဘေးပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့မှ ဆိုသည်။

“ရုတ်တရက် အပူချိန်မြင့်တက်လို့ ကောင်းကင်က အနီရောင် မပြောင်းပါဘူး။ Rayleigh Scattering ဖြစ်စဉ် ဆိုတာက လေထုထဲမှာရှိတဲ့ သိပ်သည်းထူထပ်တဲ့ အနီရောင် (ဒါမှမဟုတ်) လိမ္မော်ရောင်ရှိတဲ့ အငွေ့၊ အမှုန် တွေကို နေရောင်ခြည် ထိုးဖောက်ကျရောက်တဲ့အခါ လူတွေရဲ့ အမြင်အာရုံမှာ နီမြန်းပြီး မှုန်ဝါးတဲ့ မြင်ကွင်းကို တွေ့မြင်ခံစားရတာပါ” ဟု အင်ဒိုနီးရှားနိုင်ငံသား နက္ခတ္တဗေဒပညာရှင် Marufin Sudibyo က ရှင်းလင်းပြောဆိုသည်။

အင်ဒိုနီးရှား နိုင်ငံတွင် ၁၈၈၃ ခုနှစ် Krakatau မီးတောင် ပေါက်ကွဲ ပြီးနောက် တစ်ကြိမ်၊ ၁၉၉၁ ခုနှစ် Pinatubo မီးတောင် ပေါက်ကွဲ ပြီးနောက်တွင် တစ်ကြိမ် အလားတူဖြစ်စဉ် ဖြစ်ပေါ်ခဲ့ဖူးသည်ဟု မှတ်တမ်းများတွင် ဖော်ပြထားသည်။

ကျန်းမာ ပျော်ရွှင်သော ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top