ဖုန်းစွဲလမ်းမှုကို ဓာတ်ပုံတွေနဲ့အတူ မီးမောင်းထိုးပြခဲ့တဲ့ဓာတ်ပုံဆရာတစ်ဦး

yyl-038-4.jpg

သင်ဟာ ဖုန်းကိုဘယ်လောက်စွဲလမ်းနေလဲ။ အမေရိကန်ဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ အဲရစ် ပစ်ကာဂေးလ် (Eric Pickergill) ကတော့ ဖုန်းစွဲလမ်းမှုကို မီးမောင်းထိုးပြဖို့အတွက် “Removed” ဆိုတဲ့ အမိုက်စားဓာတ်ပုံပရောဂျက်တစ်ခုကို ဖန်တီးခဲ့ပါတယ်။

ပီကာဂေးလ်က လူတွေဖုန်းကိုင်ထားတဲ့ပုံတွေကနေ ဖုန်းတွေနဲ့ အခြားဒစ်ဂျစ်တယ်ပစ္စည်းတွေကို ဖယ်ထုတ်ခဲ့ပါတယ်။ အဲဒီလို ဖယ်ထုတ်လိုက်တဲ့အတွက် လူတွေက သူတို့လက်တွေကို စိုက်ကြည့်နေသလို၊ သူတို့လက်ထဲမှာ ဘာမှမရှိသလိုဖြစ်နေပါတယ်။ ရလဒ်အေနေနဲ့ကတော့ ဖုန်းတွေကြောင့် ကျွန်တော်တို့ဘေးနားမှာဖြစ်ပျက်နေတဲ့အရာတွေကိုလျစ်လျူရှုမိတာ၊ လူသားတွေ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဆက်ဆံရေးတွေ လျော့နည်းလာတာတွေအပြင် ကျွန်တော်တို့တွေရဲ့နေ့စဉ်လှုပ်ရှားမှု၊ အခိုက်အတန့်တွေလည်း ပျောက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

ပစ်ကာက သူလည်းပဲ ဖုန်းနဲ့အချိန်အရမ်းကုန်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။ သူက သူ့သူငယ်ချင်းတွေနဲ့ သူစိမ်းတွေကို ပုံမှန်အတိုင်းပဲ ဖုန်းသုံးနေပါလို့ အကူအညီတောင်းပြီးမှ သူတို့ဓာတ်ပုံတွေကို ရိုက်ခဲ့တာပါ။ အဲဒီနောက်မှ သူတို့ဖုန်းသုံးနေတဲ့ပုံတွေထဲကမှ ဖုန်းတွေကို editလုပ်ပြီး ဖယ်ထုတ်ပစ်ခဲ့တာဖြစ်ပါတယ်။ “Removed” ဆိုတဲ့ပရောဂျက်က ပုံတွေကို ကြည့်မိတဲ့သူတိုင်းကို ဖုန်းအလွန်အကျွံမသုံးဖို့နဲ့ လူတွေကို အာရုံထားဖို့ လုံ့ဆော်မှုဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။

Ref: Quartz

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top