လက်ထပ်မင်္ဂလာ ဇာတာ၊လက္ခဏာ တိုက်ဆိုင် စစ်ဆေးခြင်း

wedding01.jpg

လောကတွင် ချစ်ခြင်းနှင့် ကင်းဝေးသူဟုသည် အလွန်နည်းပါး လှသည်။ စာဖွဲ့၍မကုန်နိုင်သော ချစ်ခြင်း၏ အဆုံးသတ် သင်္ချိုင်းသည် အိမ်ထောင်ပြုခြင်းဖြစ်သည်ဟု အချစ်အဘိဓမ္မာ ဆရာကြီးတစ်ဦးက မိန့်ဆိုခဲ့ဖူးသည်။ ချစ်ခြင်း၏ အဆုံးသတ်ဖြစ်သော အိမ်ထောင်ရှင်ဘဝဖြင့် နှစ်ကိုယ့်တစ်စိတ်၊မောင်တစ်ထမ်း၊ မယ်တစ်ရွက်ဖြင့် ဘဝခရီးကို လျှောက်လှမ်းတော့မယ် ဆိုတဲ့အခါ ချစ်ခြင်းရဲ့သတ္တိတစ်ခုထဲနဲ့ မရတော့ပါဘူး။ ဒီလိုအချိန်မှာ အရင်ကလို ချစ်သူနှစ်ယောက်တည်းလည်း မဟုတ်တော့ပါဘူး။ နှစ်ဘက်မိသားစုအသိုင်းအဝိုင်းတွေ ပါလာသလို ဘဝခရီကို နှစ်ကိုတူတဲအိုပျက်ဆိုတာကလည်း ချစ်သူဘဝမှာ ကျန်ခဲ့တတ်ပါတယ်။ ဒီလိုနဲ့ ချစ်သူဘဝမှာ အစစအရာရာအဆင်ပြေခဲ့ကြပေမယ့် အိမ်ထောင်သည်ဘဝရဲ့ ခရီးကြမ်းမှာ လက်တွဲပြုတ်လို့ လမ်းခွဲခဲ့ကြရသူတွေလည်း မနည်းပါဘူး။ ဘဝကံအကြောင်းတွေကြောင့် သေကွဲ၊ရှင်ကွဲ ကွဲကွာခဲ့ရသူ တွေဟာလည်းလောကအလည်မှာမျက်ရည်တွေနဲ့ပါဘဲ။

ဒီလိုချစ်ခြင်းကို အခြေပြုလို့ သူနဲ့အတူလက်တွဲပြီး ဘဝခယောင်းလမ်းကို လျှောက်လှမ်းတော့မယ်ဆိုရင်တော့ ရင်ဆိုင်ရမယ့် ကံတရားတွေက ဘာတွေဖြစ်မလည်း ဆိုတာ သိဖို့လိုလာ ပါတယ်။ ချစ်တဲ့သူနဲ့ ဘဝမှာ လက်တွဲဖို့ ကံပါလာသလားဆိုတာသိဖို့ အထူးလိုလာပါပြီ။ ဒီတော့ ဒီလို့စစ်ဆေးရင် ဘာတွေအကျိုးရပြီး ၊မတွက်စစ်ရင် ဘာတွေမရဘူး ဆိုတာကို ပြောပြ လိုပါတယ်။

ဇာတာနှစ်ပါးနဲ့ လက္ခဏာတွက်စစ်လိုက်တဲ့အခါ သတို့သားနဲ့ သတို့သမီးတို့ အမှန်တစ်ကယ် သေတပန်သက်ဆုံး ရိုးမြေကျ ပေါင်းဖက်ရမယ့်သူတွေ ဖြစ်သလား၊ အိမ်ထောင်ကျပြီးတဲ့အခါ တစ်ယောက်အပေါ်တစ်ယောက်သစ္စာရှိမလား၊ချ်းသာမလား။အလှူပေးရမလား၊ လင်ငယ်၊မယားငယ်တွေနဲ့ ဖြစ်ပြီး အိမ်ထောင်ရေး ပြိုကွဲမလား၊ သားသမီးထွန်းကားမလား၊ သားကောင်း သမီးကောင်းဖြစ်မလား၊ စီးပွားတက်မလား၊ နှစ်ဘက်မိဘတွေအဆင်ပြေမလား၊ နှစ်ယောက်ပေါင်း ဘာလုပ်ကိုင်စားသောက်သင့်သလည်း၊ ခွဲခွါနေရတဲ့သူတွေ ဖြစ်မလား၊ စိတ်သဘောထား တူညီပါ့မလား ၊ မုဆိုးဖို၊မုဆိုးးမတွေဖြစ်မလား၊အသက်ရှည်မလား၊ ရောဂါတွေဖိစီးနှိပ်စက်မလား၊ စတဲ့ အချက်တွေကို သေချာအဆင့်ဆင့် တွက်စစ်ပြီးမှ ဟောချက်တွေ ထုတ်ရပါတယ်

လက်တွဲတော့မယ့် သတို့သားလောင်း၊ သတို့သမီးလောင်းတို့ဟာ သူတို့ရဲ့ ဇာတာတွေနဲ့ နားလည်တတ်သိတဲ့ ပညာရှိထံမှာ ဇာတာနှစ်ပါးတိုက်ဆိုင်စစ်ဆေးခြင်းကို ပြုသင့်ပါတယ်။ ဒီဇာတာနှစ်ပါးတိုက်ဆိုင်စစ်ဆေးခြင်းဆိုတာအရှေ့တိုင်း၊ဟိန္ဒူနက္ခတ်ဗေဒင်စနစ်က ဆင်းသက်ပေါက်ဖွား လာတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အိမ်ထောင်ရေးသာယာချင်တဲ့သူတွေဟာ ဇာတာနှစ်ပါး တိုက်ဆိုင်စစ်ဆေးခြင်းကို တိတိကျကျလုပ်ဆောင်ခဲ့ကြပြီး တသွေမတိမ်း လိုက်နာခဲ့ကြပါတယ်။ ရှေးထုံးရိုးရာဆိုတာမပြစ်ကောင်းပါဘူး။

ဇာတာနှစ်ပါး တိုက်ဆိုင်စစ်ဆေးတဲ့အခါ အောက်ပါအချက်တို့ကို အထူး စစ်ဆေးရပါတယ်။

၁) ဒိနကုဋ။ ။သတို့သားနဲ့ သတို့သမီးတို့ရဲ့ စန်းယှဉ်နက္ခတ်ချင်း သင့်မသင့် ရွေးချယ်တာ ဖြစ်ပါတယ်။
၂) ဂဏကုဋ။ ။သတို့သားနဲ့ သတို့သမီးတို့ရဲ့ စိတ်နေသဘောထား၊ ဝါသနာတို့ တူမတူ စစ်တာပါ။
နတ်အမျိုး ၊ လူအမျိုး ၊ ဘီလူးအမျိုးဆိုပြီး (၃)မျိုးရှိပါတယ်။
၃) မဟိန္ဒရကုဋ။ ။ သတို့သားရဲ့ စင်နက္ခတ်ဟာ သတို့သမီးရဲ့ စင်နက္ခတ်မှ ရေတွက်လို့ သတ်မှတ်ထားတဲ့ အလုံးရေ ကျရောက်ခဲ့ရင် စည်းစိမ်ချမ်းသာ တိုးတက်ပြီး အသက်ရှည်ပါတယ်။
၄) ဣတ္ထိဒီဃကုဋ။ ။သတို့သားရဲ့ စင်နက္ခတ်ဟာ သတို့သမီးရဲ့ စင်နက္ခတ်မှ (၉)လုံးကျော်/ မကျော်ကြည့်ပါတယ်။
၅) ယောနိကုဋ။ ။ လိင်အင်္ဂါဇာတ် သင့်မြတ်မှုရှိ မရှိ စစ်ဆေးတာပါ။ နက္ခတ်တွေကို ယောကျ်ားနက္ခတ်၊ မိန်းမ နက္ခတ်ဆိုပြီး ခွဲရပါမယ်။ သတို့သားနဲ့ သတို့သမီး ယောကျ်ားနက္ခတ်နဲ့ မိန်းမနက္ခတ်တို့ မှန်ရပါ့မယ်။
၆) ရာသီကုဋ။ ။သတို့သားနဲ့ သတို့သမီးတို့ရဲ့ စန်းရပ်တည်နေသော ရာသီအနေအထားကို ကြည့်ရှုုခြင်း။
၇) ဂြဟမိတ္တကုဋ။ ။စန်းရပ်တည်တဲ့ ရာသီသခင်ဂြိုဟ်အချင်းချင်း သင့်မြတ်မှု ရှိမရှိ စစ်ဆေးခြင်း။ အလွန်အရေးကြီးပါတယ်။ စိတ်ထားချင်း ထပ်တူညီခြင်း ရှိမရှိကို ကြည့်ရပါတယ်။
၈) ဝေဿကုဋ။ ။သတို့သားနှင့် သတို့သမီးတို့ ပြောဆိုဆုံးမလွယ်မှု ရှိမရှိ စစ်ဆေးရပါတယ်။
၉) ရဇ္ဇကုဋ။ ။အိမ်ထောင်ကျပြီးသော အချိန်မှာ ခိုင်မြဲမှု ရှိမရှိ စစ်ဆေးရပါတယ်။(အရေးကြီးတာပေါ့)
၁၀) ဝေဓကုဋ။ ။အိမ်ထောင်ရေးမှာ အနှောင့်အယှက် အတားအဆီး ရှိမရှိ စစ်ဆေးရပါတယ်။
၁၁) ဝါနကုဋ။ ။ သတို့သားနှင့် သတို့သမီးတို့ဟာ တစ်ကိုယ်ကောင်းစိတ်ထား ရှိ/မရှိကို စစ်ဆေးရပါတယ်။
၁၂) နဒီကုဋ။ ။ စိတ်နှလုံးကိုဆိုလိုသည်။ လေဒေါသ၊ သည်းခြေဒေါသ နှင့် သလိပ်ဒေါသ ဟူ၍ နဒီ (သို့) ဒေါသ (၃)မျိုးရှိရာ ဒေါသတူသော စင်နက္ခတ်အမျိုးအစားရှိသူ တို့ကို အိမ်ထောင်မပြုသင့်ပေ။

အထက်ပါအချက်တွေကို တိုက်ဆိုင်စစ်ဆေး ပြီးတဲ့အခါ သတို့သား၊သတို့သမီးလောင်းတို့ရဲ့ လက္ခဏာပုံစံတွေကိုအထူးစစ်ရပြန်ပါတယ်။ သတို့သားနဲ့ သတို့သမီးတို့ရဲ့ လက္ခဏာတွေ ပေါ်မှာပါတဲ့ အချက်တွေဟာ ဘယ်လောက်တူညီမလည်းဆိုတာကို အရေးကြီးတယ်။ လက္ခဏာပညာ အရ လက်ပုံစံအမျိုးအစားတွေသင့်ရဲ့လား၊ ကံလမ်းကြောင်း၊နှလုံးလမ်းကြောင်းနဲ့၊ အိမ်ထောင်ရေးလမ်းကြောင်းတွေသင့်ရဲ့လား၊ အသက်ရှည်ကြမလား၊ ရိုးမြေကျပေါင်းရမလား ဆိုတဲ့ အချက်တွေကတော့ အတော်လေး အရေးကြီးပါတယ်။ ဒါကြောင့် လက္ခဏာကိုလည်း တိတိကျကျဖြစ်စေဖို့ အသေးစိတ်ကြည့်ရတာပါ။

အမည်ကိုလည်း ကိုင်ရိုဂဏန်းဗေဒင်နည်းဖြင့် သေချာစစ်ဆေးရပါတယ်။သေချာပြီဆိုတဲ့အခါ မင်္ဂလာသတို့သားနဲ့ သတို့သမီးတို့ အိမ်ထောင်ပြုသင့် မသင့်ကို ဆုံးဖြတ်ချက် ချရပါတော့ တယ်။ ဒီလိုဇာတာနှစ်ပါး တိုက်ဆိုင်စစ်ဆေးခြင်းကို တွက်ချက်တဲ့ဆရာကလည်း ခေါင်းအေးအေးဖြင့် အဆင့်ဆင့် အချိန်ပေးတွက်ချက်သင့်တယ်။ အမှားရှိလို့ မရပါဘူး။ အရေးကြီးတာ ကတော့ တွက်ချက်တိုက်ဆိုင်စစ်ဆေးပေးတဲ့ ဆရာက စေတနာအပြည့်ထားပြီး ကျမ်းလာအတိုင်း သေသေချာချာ စစ်ဆေးလိုက်မယ်ဆိုရင်တော့ မင်္ဂလာသတို့သား၊ သတို့သမီးလောင်း တွေရဲ့ ဘဝအတွက် အလွန်ကောင်းမွန်ပြီး စိတ်သောက ကင်းဝေးစေမှာ ဖြစ်ပါကြောင်း တင်ပြရပါတယ်။အရင်ကလည်း ဒီအကြောင်းကို တင်ပြခဲ့ပြီးဖြစ်ပါတယ်။

(ဖိုတို ခရက်တစ်)

ဆရာကင်္ကသူ (ရိုးရာလေး)
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top