အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၁၃-၁-၂၀၁၉ မှ ၁၉-၁-၂၀၁၉ ရက်နေ့အထိ)

Bay-Din-4-Week-3-January.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

(၁၃-၁-၂၀၁၉ မှ ၁၉-၁-၂၀၁၉ ရက်နေ့အထိ) ရက်နေ့အထိ ခုနစ်ရက်စာ တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

တနင်္ဂနွေသားသမီးများအနေဖြင့် ယခုအပတ်အတွင်း စီးပွားရေးလုပ်ငန်းများတွင် စိတ်လိုက်မာန်ပါ ပြောမိ၊ လုပ်မိတတ်ခြင်းကြောင့် စီးပွားမိတ်ပျက်တတ်သည်။ အထူးသတိထားပါ။ အလုပ်မှနုတ်ထွက်ရခြင်းမျိုးဖြစ်တတ်သည်။ လုပ်ဖော်ကိုင်ဖက် ငယ်သူငယ်ချင်းတို့နှင့် မသင့်မတင့်ဖြစ်တတ်သည်။ စီးပွားရေးအတွက် ယခုအချိန်သည် စွန့်စားမှုများပြုလုပ်ရန် မသင့်သေးပါ။ ကျန်းမာရေးအနေဖြင့် ကျောက်ကပ်ရောဂါသည်များ သတိထားရမည့်အချိန်ဖြစ်သည်။ အစားမှားတတ်သည်။ အချစ်ရေးမှာ လက်ထပ်ရန် စီစဉ်ပါက သဘောထားမတိုက်ဆိုင်မှု၊နှစ်ဘက်မိဘတို့၏ သဘောထားဖောက်ပြန်မှုများဖြစ်ပြီး ရက်ရွေ့ဆိုင်းရတတ်သည်။ အထူးဂရုစိုက်ပါ။ အိမ်ထောင်သည်များ ဝတ္တရားပျက်ကွယ်တတ်သည်။ စပ်တူရှယ်ယာများ အထူးဆင်ခြင်ပါ။ ပညာရေးသမားများ တွက်စာကို ဦးစားပေးလုပ်ဆောင်သင့်သည်။ ဝန်ထမ်းများ အလုပ်တွင် လွန်စွာအလုပ်များနေရလိမ့်မည်။

အကျိူးပေးဂဏန်း – ၇၊ ၆၊ ၉

ယတြာ – အသက်ကြီးသော အဘိုးအဘွားများကို ဆေးပစ္စည်းများလှူပေးပါ။

တနင်္လာ

တနင်္လာသားသမီးများအနေဖြင့် ယခုအပတ်အတွက် စွန့်စားရသောခရီး၊ စမ်းသပ်ရသောအလုပ်၊ ကျောက်မျက်ရတနာသတ္တုလုပ်ငန်းတို့ဖြင့် အဆင်ပြေနေမည်။ စီးပွားရေးအနေနှင့် သတိထားရမည်မှာ ပြည်ပနှင့်ဆက်သွယ်သော စီးပွားရေးသာဖြစ်သည်။ ငွေကြေးကိစ္စ တာဝန်ခံခြင်း၊အာမခံခြင်းအတွက် တစ်ပါးသူက အထင်အမြင်လွဲမှားမှုဖြစ်လာလိမ့်မည်။ ကျန်းမာရေးအတွက် အဆုတ်ရောဂါနှင့် မျက်လုံးရောဂါသမားများ သတိထားပါ။ ယခုတစ်ပတ်အတွင်း နေရာသစ်၊ ဒေသသစ်တို့ရောက်ရှိလာမည်။ အချစ်ရေးတွင် ကံကောင်းပါသည်။ အိမ်ထောင်ရေးမှာတော့ စိတ်ညစ်စရာများ စိတ်တိုင်းမကျမှုများဖြစ်မည်။ ပညာရေးမှာ အပြောင်းအလဲတစ်ခုဖြစ်လိမ့်မည်။ စာကိုသာသေချာလုပ်ပါ။ ငွေကြေးကိစ္စအတွက် ရုံးရောက်ရတတ်သည်။ လူယုံမထားသင့်ပါ။ ဝန်ထမ်းများ လက်အောက်ငယ်သားကြောင့် စိတ်သောကရောက်ရမည်။

အကျိုးပေးဂဏန်း ၂၊ ၄၊ ၅

ယတြာ – တနင်္လာနေ့တွင် ကံကော်ညွှန့်များကို အိမ်ဘုရားတွင် လှူပေးပါ။

အင်္ဂါ

ဒီတစ်ပတ်မှာ အဂါၤသားသမီးတို့၏ကံကြမ္မာက စီးပွားရေးကိစ္စတစ်ခု(သို့) ငွေကြေးကိစ္စတစ်ခုအတွက် စိုးရိမ်မှုကြောက်ရွံ့မှုများဖြစ်ပေါ်နေတတ်သည်။ အထူးသဖြင့် တောင်သူလုပ်ငန်း၊ ရေလုပ်ငန်းနှင့် ဆောက်က်လုပ်ရေးလုပ်ငန်းလုပ်သူတွေ ပိုကြပ်တည်းပါမည်။ ကျန်းမာရေးအနေဖြင့် ခါးနာတဲ့ဝေဒနာသည် ဆေးခန်းပြရသည်မှ အခြေအနေကနေ ခွဲစိတ်ရတဲ့အထိ ဖြစ်တတ်ခြင်းကြောင့် အထူးသတိပြုသင့်သည်။ အမွေကိစ္စဖြစ်နိုင်ပါသည်။ သို့သော် မစိုးရိမ်ပါနှင့်။ ချစ်သူနှင့် ခရီးဝေးတစ်ခုသွားရလိမ့်မည်၊ သတိထားပြီး စည်းရှိရန်လိုပါသည်၊ မဆင်ခြင်ပါက ပြ၁သနာတက်လိမ့်မည်။ အိမ်ထောင်သည်များ ပြည်ပက သတင်းကောင်းကြားရပါမည်။ ပညာရေးသမားများ သင်တန်းပြီး၍ မကြာမီပင် အလုပ်ခန့်စာရပါမည်( သို့မဟုတ်) ရာထူးတက်ကြောင်းကြားရမည်။ ဝန်ထမ်းများ ရန်ရှိသဖြင့် စကားဆင်ခြင်ပြောပါ။

အကျိုးပေးဂဏန်း ၃၊ ၅၊ ၈

ယတြာ – အဂါၤနံနက်တွင် ရဟန်းတော်တစ်ပါးအား ငွေလှူးဒန်းပါ။

ဗုဒ္ဓဟူး

ယခုတစ်ပတ်တွင် ဗုဒ္ဓဟူးသားသမီးတို့၏ စီးပွားရေးတွင် ဝမ်းသာစရာလုပ်ငန်းအောင်မြင်ခြင်းများ စိ်တ်ချမ်းသာစရာများ မုချကြုံတွေ့တော့မည်။ ပြည်တွင်းခရီးဝေး၊ ပြည်ပခရီးဝေးများသွားရန်အတွက် ပြင်ဆင်ထားပါ။ လုပ်ငန်းကိုအကြောင်းပြုပြီး သွားရမည်။ သွားသောခရီးများအောင်မြင်မည်။ အလုပ်အကိုင်နှင့် ပညာရေးကိစ္စတွေလည်းအောင်မြင်ပါလိမ့်မည်။ ကျန်းမာရေးအနေနှင့် အစာအိမ်၊ သားအိမ်ကိစ္စများ သတိပြုပါ။ အချစ်ရေးကိစ္စများ ဆင်ခြင်ပါ၊ အတုအယောင်အချစ်များကြုံရတတ်သည်။ အိမ်ထောင်ရေးနှင့် ပတ်သက်၍ စိတ်ဝမ်းကွဲရန်ကြုံရပါမည်။ သို့မဟုတ် တစ်နေရာစီ ခွဲနေရတတ်သည်။ စက်၊ ယာဉ်၊ ကျောက်မျက်ရတနာတို့ဝင်မည်။ ပြည်ပမှလက်ဆောင်များရမည်။ ပညာရေးအနေဖြင့်ကြိုးစားမှုများမှ အောင်မြင်မည်။ ထီထိုးပါ။ ထီပေါက်ကိန်းရှိသည်။ ဝန်ထမ်းများ ငွေဝင်ကောင်းမည်။ ငွေထွက်ကြမ်းမည်။

ရာဟု။ ။ရာဟုသားသမီးတို့ ယခုတစ်ပတ်အတွက် ကျန်းမာရေးသတိပြုပါ၊ သွေးထွက်ရတတ်သည်။ ရန်မဖြစ်ပါနှင့်၊ စီးပွားရေးတွင်ဥာဏ်များသူနှင့်တွေ့ပြီး ငွေကုန်လိမ့်မည်။ အချစ်ရေးကောင်းပါသည်။ ကားဝယ်ခြင်းသတိပြုပါ။

အကျိုးပေးဂဏန်း ၄၊ ၉၊ ၆

ယတြာ – ငှက်စာကျွေးပါ။

ကြာသပတေး

ကြာသာပတေးသားသမီးတို့အနေဖြင့် ယခုတစ်ပတ်တွင် စီးပွားရေးဆိုင်ရာ ရည်ရွယ်ချက်များ ရည်မှန်းချက်များ စတင်အကောင်အထည်ဖော်ရမည့်အချိန်ဖြစ်သည်။ အောင်မြင်မည်။ ငွေကြေးဆိုင်ရာကိစ္စရပ်များအတွက် ပို၍အောင်မြင်မည်။ မရောက်ဖူးသောပြည်ပခရီးရောက်မည်။ ကုမ္ပဏီဝန်ထမ်းများအတွက်ရာထူးတက်မည်။ မြေ ရောင်း/ဝယ်ဖြစ်မည်။ အချစ်ရေးအတွက် သံသယကြောင့် အဆင်မပြေဖြစ်ရာမှ သူငယ်ချင်းများကြောင့် ပြန်အဆင်ပြေမည်။ အိမ်ထောင်ရေးမှာလည်း အဆင်မပြေဖြစ်ပြီး နောက်ပြန်ပေါင်းရမည်။ ကျန်းမာရေးအတွက်ဝမ်းဗိုက်၊ အစာအိမ်၊ လေနာဂရုစိုက်ပါ။ ပညာရေးသမားများ ကံကောင်းပါသည်။ ဝန်ထမ်းများ အပြောင်းအရွှေ့ရှိသည်။

အကျိုးပေးဂဏန်း- ၅၊ ၀၊ ၇

ယတြာ – ကြာသပတေးနံနက်တွင် ကလေးများကို မုန့်ကျွေးပါ။

သောကြာ

သောကြာသားသမီးများ ယခုတစ်ပတ်သည် ကံကောင်းသောအချိန်ကိုရောက်ပါပြီ။ သင်လုပ်ခဲ့သောအလုပ် သင်ဆောင်ရွက်ခဲ့သောအလုပ် ဖြေဆိုထားသောစာမေးပွဲတို့၏ ရလဒ်ကောင်းများ၊အသီးအပွင့်တို့အောင်မြင်ချိန်ဖြစ်သည်။ ယခုတစ်ပတ်အတွင်း အားစိုက်လိုက်ပါက ဘဝတိုးတက်မှုအတွက် အခွင့်လမ်းကောင်းတစ်ခု ပိုင်ပိုင်နိုင်နိုင် ရသွားလိမ့်မည်။ ကျန်းမာရေးအနေနှင့် အစားမှားတတ်သည်။ မတော်တဆ ထိခိုက်မိလိမ့်မည်။ သတိထားပါ။ ဆေးရုံ၊ဆေးခန်းရောက်ရတတ်သည်။ အချစ်ရေးအတွက် ချစ်သူ ၂ ဦးထားမိပြီး ဗျာများရလိမ့်မည်။ အိမ်ထောင်ရေးသာယာမှုဖြစ်မည်။ ငွေစုလိုက် ပြုံလိုက်ဝင်မည်။ မရောက်ဖူးသောခရီး မသွားဖူးသောနေရာ ရောက်မည်။ ပညာရေးသမားများ ကံကောင်းသည်။ လက်နက်ကိုင်ဝန်ထမ်းများ သတိရှိပါ။

အကျိုးပေးဂဏန်း ၆၊ ၈၊ ၁

ယတြာ – သောကြာနံနက်တွင် အလှူတစ်ခု မိမိရရလုပ်ပါ။

စနေ

ယခုတစ်ပတ်အတွက် စနေသားသမီးတို့ ရည်ရွယ်ချက်များအတိုင်း ဖြေးဖြေးမှန်မှန်အကောင်အထည်ဖော်ပါ။ မနာလိုသူများနေမည်။ မိမိလုပ်ကိုင်သော လုပ်ငန်းအတွက် စုပြုံပြီးမလုပ်ပါနှင့်၊တခုပြီမှ တခု သေချာစဉ်စားချင့်ချိန်ပြီးလုပ်ပါ၊ စက်သုံးဆီလုပ်ငန်းများအောင်မြင်မှုမြန်ဆန်မည်။ စကားပြော အထူးဆင်ခြင်ပါ။ စကားကြောင့် ရန်ဖြစ်မည်။ တရားရုံးရောက်ရကိန်းရှိသည်။ စီးပွားရေးလုပ်ငန်းတစ်ဆင့်တက်၍ အောင်မြင်မည်။ ကုမ္ပဏီဝန်ထမ်းများအလုပ်အကိုင်ရာထူးတက်မည်။ ရှယ်ယာ၊ဘဏ်ချေးငွေလုပ်ငန်း များအောင်မြင်မှုရမည်။ ကျန်းမာရေးအတွက် မတော်တဆဖြစ်ခြင်းရှိသည်။ ခြေထောက်ထွင် ဒဏ်ရာရတတ်သည်။ အချစ်ရေးမှာ ကွဲပြီးမှ ပြန်ချစ်မည်။ အိမ်ထောင်သည်များ ခွဲနေရမည်။ ခရီးများမည်။ ပညာရေးသမားများ စာမေးပွဲများ အောင်မြင်မည်။ ဝန်ထမ်းများ ထက်အောက်ကိစ္စများ ရှုပ်ထွေးနေမည်။

အကျိုးပေးဂဏန်း – ၇၊ ၀၊ ၉

ယတြာ – နှင်းဆီနီနီ (၇) ပွင့်ကို စနေ့ဒေါင့်ဘုရားတွင် ကပ်လှူ၍ လိုရာဆုတောင်းပါ။

ဆရာကင်္ကသူ (ရိုးရာလေး)

Ph.D

Membership Of (H.A.P.R.I)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top