ကိုရိုနာဗိုင်းရပ်စ်သစ်ကာကွယ်ဆေး ရှာဖို့အတွက် မျောက်တွေနဲ့ စမ်းသပ်

yyl-003-11.jpg

နိုင်ငံတော်တော်တော်များများမှာ ပျံ့နှံ့နေပြီး လူတွေ သေဆုံးစေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်ခံရတဲ့အခါ ဖျားနာတာ၊ ချောင်းဆိုးတာ၊ အသက်ရှုမဝတာ၊ အင်္ဂါအစိတ်အပိုင်းထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်။ ဒီဗိုင်းရပ်စ်ကူးစက်ခံရတဲ့ (၃၅) ရာခိုင်နှုန်းက သေဆုံးနေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။ အခုဆိုရင် The US National Institutes of Health က လူ (၁) ထောင်နီးပါးကို သေဆုံးစေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်အတွက် ကာကွယ်ဆေးကို ရှာဖွေဖို့ရာ မျောက် (၂၄၀၀) ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်စေခြင်းဖြင့် စမ်းသပ်မှုတွေပြုလုပ်နေကြပါပြီ။

The US National Institutes of Health က တားဆီးကာကွယ်ဖို့အတွက် ကာကွယ်ဆေးကို အသုံးပြုတဲ့အခါ ကာကွယ်ဆေးက ရောဂါကူးစက်ခံနေရတဲ့မျောက်တွေကို ကုသတဲ့နေရာမှာ ထိရောက်မှုရှိခဲ့ပါတယ်။ အခုဆိုရင် သိပ္ပံပညာရှင်တွေက ဗိုင်းရပ်စ်အမျိုးအစားတူ COVID 19 ရောဂါတွေရဲ့လမ်းကြောင်းကို သူတို့သိရနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ စမ်းသပ်မှုမှာ မျောက်တွေကို အုပ်စု (၃) စုခွဲထားပါတယ်။ ပထမအုပ်စုက ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မခံရခင် ကာကွယ်ဆေးကို (၂၄) နာရီ ပေးထားပြီး ဒုတိယအုပ်စုကတော့ ကူးစက်ခံရပြီးနောက် ကာကွယ်ဆေးကို (၁၂) နာရီ ပေးထားပါတယ်။ တတိယအုပ်စုကိုတော့ ကာကွယ်ဆေးပေးမထားခဲ့ပါဘူး။

အဲဒီနောက် မျောက်တွေကို (၆) ရက်လောက် စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကူးစက်မခံရခင်ကြိုပြီး ကုသခံရတဲ့သူတွေက ရောဂါလက္ခဏာမရှိတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါပေမဲ့ ရောဂါကူးစက်ခံရပြီးနောက် ကုသတဲ့ မျောက်တွေက သူတို့ရဲ့အဆုတ်တွေ နည်းနည်းပျက်စီးတာကို တွေ့ရပါတယ်။

သုတေသနပညာရှင်တွေဟာ ကမ္ဘာတစ်ဝှမ်းက လူ (၂၀၀၀) ကျော်ကို သေဆုံးစေခဲ့တဲ့၊ (၈၀,၀၀၀) နီးပါးကူးစက်ခံနေရတဲ့ ကိုရိနာဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့အတွက် ကာကွယ်ဆေးကို စမ်းသပ်သွားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒီပြင်းထန်လှတဲ့ကိုရိုနာဗိုင်းရပ်စ်က ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကိုလည်း သေဆုံးစေခဲ့တာပါ။ အခုလအစောပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်အကြောင်း စအသိပေးခဲ့တဲ့ Wuchang ဆေးရုံက ဆေးရုံအုပ်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့တဲ့ ဆရာဝန်တွေရှိပါသေးတယ်။

Ref: Thousands Of Monkeys Have Been Infected With ‘Coronavirus’ In Bid To Find Cure

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top