အပတ်စဉ် ဗေဒင်ဟောစာတမ်း (၃-၁၁-၂၀၁၉ မှ ၉-၁၁-၂၀၁၉ ရက်နေ့အထိ)

baydin-3-9-nov.jpg

ဆရာကင်္ကသူရဲ့ စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၃-၁၁-၂၀၁၉ မှ ၉-၁၁-၂၀၁၉ ရက်နေ့အထိ) တွက်ချက် လမ်းညွှန်ပေးထားမှုကို ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွင်း တနင်္ဂနွေသားသမီးတို့-

စီးပွားရေး။ ။ စက်ပစ္စည်းကြီးများ၊ စက်ကြီးလုပ်ငန်းများ၊ ပြည်ပမှ တင်သွင်းမည့် စက်မှု့ဆိုင်ရာ အပိုပစ္စည်း လုပ်ငန်းများ၊ မြေသယ်စက်၊မြေတူးစက်ကဲ့သို့ ယန္တရားကြီးများနှင့် လုပ်ဆောင်ရသောလုပ်ငန်းကြီးများ အလုပ်ဖြစ်ပါလိမ်မည်။ အထူးသဖြင့် စက်ကြီးများဖြင့် လုပ်ကိုင်ရသော လုပ်ငန်းများ ကံကောင်းနေမည်။ သတိထားရမည်မှာ ရေလုပ်ငန်းဖြစ်သည်။

ကျန်းမာရေး။ ။ ဒီတစ်ပါတ်အတွက်တော့ ညာဘက်လက်သတိထားရမယ့်အချိန်ဖြစ်ပါတယ်၊ အထူးသဖြင့် ညာဘက်လက်တွင် အဆိပ်ရှိသော တိရိစ္ဆာတို့ ကိုက်ခဲခြင်းဖြစ်တတ်ပြီး အသက်အထိ ဒုက္ခပေးနိုင်တဲ့အတွက် သတိထားပါ။ မတော်တဆမှု့လေးတွေကိုလည်း ဖြစ်နေတတ်ပါတယ်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနဲ့ကတော့ ကံကောင်းတဲ့အခြေအနေတစ်ခုဖြစ်ပါလိမ့်မည်။ လက်ထပ်ရန် အခြေအနေဖြစ်ပေါ်နေတတ်ပါတယ်၊ အိမ်ထောင်သည်များလည်း အိမ်ထောင်ဘက်နှင့် သွေးအေးနေ တတ်ပါတယ်။ လွတ်မထားပါနှင့် သတိတော့ထားဖို့လိုပါလိမ့်မယ်။

ပညာရေး။ ။ပညာရေးအနေနှင့် ကံကောင်းပါသည်၊ နိုင်ငံခြားပညာတော်သင်အတွက် ရွေးချယ်ခံရနိုင်သည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ကား၊ဆိုင်ကယ် ဝင်/ထွက်တတ်သည်။ ဝန်ထမ်းတွေအနေနဲ့ ရာထူးနဲ့ပါတ်သက်တဲ့ စာမေးပွဲဖြေရတတပြီး ခရီးယာယီရှိပါသည်။

အကျိုးပေးဂဏန်းမှာ ။ ။၁။၂။၆

ယတြာ။ ။ တနင်္ဂနွေနေ့ နံနက်စောစောပိုင်းတွင် အုန်းထမင်းဆွမ်းကပ်လှူပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့-

စီးပွားရေး။ ။ ဒီတစ်ပါတ်စီးပွားရေးလုပ်ငန်းများတွင် အေးစက်တဲ့အခြေအနေဖြစ်မယ်၊ ဘယ်လိုလုပ်ငန်းကိုလုပ်လုပ် အေးစက်နေမှာဘဲဖြစ်တယ်၊ ကိုယ်တိုင်ထုတ်လုပ်တဲ့ ကုန်ပစ္စည်းများ၊ လက်မှု့ပစ္စည်းများကတော့ ကောင်းပါတယ်။ သတိထားလုပ်ကိုင်သင့်တဲ့အချိန်ပါ။

ကျန်းမာရေး။ ။ ဦးခေါင်းထိခိုက်ဒဏ်ရာရတတ်တယ်၊ မူးဝေခြင်း၊ခေါင်းကိုက်ခြင်းတွေဖြစ်မယ်၊ မျက်လုံးနဲ့ပါတ်သက်တဲ့ ဆေးခန်းပြရတတ်ပါတယ်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနဲ့ သဘောထားမတိုက်ဆိုင်တဲ့ ချစ်သူကို ရလို့အတော်လေး စိတ်ညစ်ရတတ်ပါတယ်။အိမ်ထောင်ရေးအနေနဲ့ ခွဲနေရတတ်ပြီး ခရီးတွေ များ ဆက်နေ့မယ့် အချိန်ပါ။

ပညာရေး။ ။ပညာရေးအနေနှင့် ကြိုးစားသလောက် ကံကောင်းပါတယ်။

အထွေထွေ။ ။ ဒီတစ်ပါတ်မှာလည်း အဝတ်အထည်သစ်။ဖိနပ်သစ်တွေ ဆက် ဝင်လာတတ်ပါတယ်၊ဒီလိုဝင်လာရင် ထီထိုးသင့်တယ်။ အစိုးရဝန်ထမ်းများ ကံအနည်းငယ်ညံတယ်

အကျိုးပေးဂဏန်း – ၂ ၊၆ ၊ ဝ။

ယတြာ– တနင်္လာနေ့တွင် ငှက်ကလေးများကို အစာကြွေးပါ။ လိုရာဆုတောင်းပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့-

စီးပွားရေး။ ။ ယခုအချိန်တွင် စီးပွားရေး ကံကောင်းနေပြီး ရေလုပ်ငန်း၊သားငါးလုပ်ငန်းများ အကျိုးဖြစ်မည့်အချိန်ဖြစ်သည်။ ထူးခြားသည်မှာ ဆောက်လုပ်ရေးလုပ်ငန်းသစ်စတင်မည်ဆိုပါက လုပ်ငန်းအောင်မြင် မည့်အချိန်ဖြစ်တယ်။

ကျန်းမာရေး။ ။ ဒီတစ်ပါတ်အတွင်း နှလုံးရောဂါရှိတဲ့သူအနေနဲ့ အထူးသတိထားရမယ့် အချိန်ဖြစ်ပါတယ်။ အလွန်ဂရုစိုက်ပါ၊ အမောရောဂါလည်းရတတ်တယ်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ရည်ရွယ်သူတစ်ယောက် မိမိကို ချစ်နေသူက တစ်ယောက်ဖြစ်မယ်။ကိုယ်ချစ်ထက် သူချစ်ကိုရှာပါ။ အိမ်ထောင်ရေးတွင် နာလည်မှု့ဖြင့် ခရီးဆက်ပါ၊ နှစ်ဘက်မိဘရဲ့ ထိလွယ်ရှလွယ်သော စကားများကြောင့် ရန်ပေါ်တတ်သည်။

ပညာရေး။ ။ပညာရေးအနေနှင့် စက်မှု့လက်မှု့ပညာ၊ ရိုးရာလက်မှု့အနုပညာများ သင်ယူသင့်ပါတယ်။
အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း သင့်ထံသို့ ဘုရာဆင်းတုတော် ကြွရောက်လာပါက သင်ကံကောင်းပါလိမ့်မည်။ အစိုးရဝန်ထမ်းများ ခရီးသွားရပါက ထိမိခိုက်မိဖြစ်တတ်ပါသည်။

အကျိုးပေးဂဏန်း – ၅၊ ၈၊ ဝ။

ယတြာ – အင်္ဂါနေ့တွင် အိမ်ဘုရားတွင် ရေတော် ကပ်လှူပေးပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့-

စီးပွားရေး။ ။ ဒီတစ်ပါတ်အတွက်ကတော့ ပြည်ပဆက်သွယ်ရေးလုပ်ငန်းများ၊ နိုင်ငံခြားသို့ ပြည်တွင်ထွက်ကုန်တင်ပိုခြင်း၊ ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းခြင်းများကောင်းပါသည်။သတိထားရမယ့်အချက်ကတော့ ပြည်ပသွင်းကုန်များတွင် စားသောက်ကုန် နှင့် ကုသရေးဆိုင်ရာ ဆေးပစ္စည်းများပါရှိပါက စိတ်သောကရောက်ရတတ်သဖြင့် သတိပြုပြီး လုပ်ဆောင်ရပါလိမ့်မည်။

ကျန်းမာရေး။ ။ အစာအဆိပ်သင့်ခြင်း၊ အစားကြောင့်ဖြစ်တတ်သော ရောဂါ၊ ဗိုက်နာခြင်း၊ အစာပိမ်ရောဂါ တို့ ဖြစ်တတ်သည်။ အထူးသဖြင့် အစာခြေအင်္ဂါနှင့်ဆိုင်သော အစိတ်အပိုင်းများ သတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံညံ့နေပါသေးသည်။ အိမ်ထောင်ရေးတွင် အေးစက်သောအိမ်ထောင်ရေးတစ်ခုဖြစ်ပေါ်နေပြီး ထိုအိမ်ထောင်ရေးကြောင့် အလွန်စိတ်ညစ်ရမည်။

ပညာရေး။ ။ပညာရေးအနေနှင့် သုတေသနနှင့်ဆိုင်သော ကျမ်းပြုခြင်းများ ကောင်းပါသည်။

အထွေထွေ။ ။ ယခုတစ်ပါတ်တွင်လည်း ထီးထိုးပေးပါ အထူးသဖြင့် မိမိအိမ်နားတွင် ယခုတစ်ပါတ်အတွင်း နာရေးပေါ်ပါက ထီထိုးဖြစ်အောင်ထိုးလိုက်ပါ။ ဝန်ထမ်းများ ကံကောင်းပါသည်။

ရာဟု သားသမီးတို့ကတော့ ကျန်းမာရေး အနေနှင့် လိပ်ခေါင်းရောဂါရတတ်သည်။ အချစ်ရေးတွင် ကံကောင်းနေပြီး၊ အိမ်ထောင်ရေးကတော့ ညံ့နေပါလိမ့်မည်။ စီးပွားရေးတွင် လောင်းကစားဆန်သော လုပ်ငန်းကို မပြုလုပ်သင့်ပါ။ ဝန်ထမ်းဖြစ်ပါက ကံကောင်းပါလိမ့်မည်။

အကျိုးပေးဂဏန်း – ၁ ၊၅ ၊ ၇။

ယတြာ။ ။ ဂြိုဟ်ပြေနံပြေဘုရား၏ ဗုဒ္ဓဟူးဒေါင့်တွင် ရွက်လှပန်း (၁၇) ညွှန့်လှူပေးပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသပတေးသားသမီးတို့-

စီးပွားရေး။ ။ကျောက်မျက်ရတနာလုပ်ငန်း၊ ပန်းတိမ်၊ ရွှေလုပ်ငန်း၊ စိန်ထည်လုပ်ငန်းနှင့် ကျောက်စိမ်းလုပ်ငန်းများ ကောင်းသောအချိန်ဖြစ်သည်။ သို့သော် ခရီးသွားရောက်းဝယ်ရသော လုပ်ငန်းများ အဆင်ပြေလိမ့်မည်မဟုတ်ပါ။ လမ်းခရီးတွင် ထင်မထားသော အခက်အခဲတွေ့ရတတ်ပြီး မိမိဥစ္စာဆုံးတတ်သည်။

ကျန်းမာရေး။ ။ နှလုံးနှင့် ကျောက်ကပ် ရောဂါများ ရလိမ့်မည်။ သတိထားကုသပါ။ ခြေထောက်တွင် ဒဏ်ရာရတတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးကံကောင်းစပြုနေပြီဖြစ်သည်။ မိမိချစ်ရသူထံမှ အဖြေကောင်းရလိမ့်မည်။ အိမ်ထောင်ရေးအနေနှင့် သားသမီးကို အကြောင်းပြုပြီး အခက်အခဲများ ဖြစ်မည်။

ပညာရေး။ ။အလုပ်နှင့် သက်ဆိုင်သော သင်တန်းကိုသာ ဆက်တက်ရောက်ပါ။ စရင်းအင်းပညာရပ်ကို လေ့လာပါ။

အထွေထွေ။ ။ ဝန်ထမ်းများ အထက်လူကြီး ကိုအကြောင်းပြုပြီး ခရီးသွားရမည်။အကျိုးရှိသော ခရီးဖြစ်မည်။

အကျိုးပေးဂဏန်း – ၁။၄ ၊၅ ၊ ။

ယတြာ – ကြာသာပတေးနေ့တွင် ငါး(သို့) ငှက် ကလေးများကို လွတ်ပေးခြင်းဖြင့် ကုသိုလ်ယူပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့-

စီးပွားရေး။ ။ အကျိုးဆောင်လုပ်ငန်းများမှ အမြတ်အစွန်းများရတတ်သည်။ အိမ်၊ခြံ၊မြေ လုပ်ငန်းများမှလည်း အကျိုးအမြတ်ရမည်။ အကျိုးဆောင်လုပ်ငန်းတွင် ပြည်ပအကျိုးဆောင်လုပ်ငန်းများလည်း ပါဝင်ပြီး အကျိုးများမည်။ သတိထားရမည်မှာ စပ်တုလုပ်ငန်းဖြစ်ပြီး မိမိငွေစိုက်ထုတ်ရသည့်လုပ်ငန်းဖြစ်ပါက သတိထားရမည်။

ကျန်းမာရေး။ ၊ အရိုးကျိုးတတ်သည်။ သွေးနှင့်ပါတ်သက်သည့် ရောဂါလည်း ရမည်၊မီးပူလောင်တတ်သည်။ အတော်လေး ခံစားရမည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပြီး နှစ်ဘက်မိဘ အဆင်ပြေမည်။ အိမ်ထောင်သည်များလည်း အဆင်ပြေပါမည်။ လက်ထပ်ရန် ရက်ရွေးလိုက်ပါ။

ပညာရေး။ ။ပညာရေးအနေနှင့် ဟိုတယ်နှင့် ခရီးလုပ်ငန်းနှင့်သက်ဆိုင်သည့်ပညာကို လေ့လာထားပါ။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း လက်နက်ကိုင်ဝန်ထမ်းသများ အထူး သတိထားလုပ်ကိုင်ပါ။ နိုင်ငံဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၁ ၊ ၂ ၊ ဝ။

ယတြာ – သောကြာနေ့တွင် သောက်ရေလှူပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့-

စီးပွားရေး။ ။ စက်ပစ္စည်း၊ စက်ပစ္စည်းနှင့်ဆိုင်သော အပိုပစ္စည်းများ ၊ဆန်စက်၊ဆီစက်များ အကျိုးပေးပါသည်။ လယ်ယာသုံးပစ္စည်းများ ကံကောင်းမည်။ ရေနံနှင့်ပါတ်သက်သော လုပ်ငန်းများ၊ ဆီဆိုင်လုပ်ငန်းများ ကောင်းပါတယ်။ရေလုပ်ငန်းသတိထားပါ။

ကျန်းမာရေး။ ။ ဆီးနှင့်ပါတ်သက်သောရောဂါ။ အမျိုးသမီးများ အမျိုးသမီးရောဂါများ၊သားအိမ်နှင့်ပါတ်သက်သော ရောဂါများ ဖြစ်တတ်သဖြင့် သတိထားရမည့်ကာလဖြစ်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းသော်လည်း အတူနေရန်မှာ မဖြစ်နိုင်သေးပေ။ အနေဝေးနေမည်။ အိမ်ထောင်သည်များလည်း တာဝန်များကြောင့် ခွဲနေရတတ်သည်။

ပညာရေး။ ။ပညာရေးအနေနှင့် စိုက်ပျိုးရေးနှင့်ဆိုင်သော ပညာရပ်ကို လေ့လာပါ။

အထွေထွေ။ ။ ဝန်ထမ်းများ ကံကောင်းပါသည်။ အထက်လူကြီး၏ မစမှု့ရရှိမည်။

အကျိုးပေးဂဏန်း – ၃။၅။၇ ၊

ယတြာ – စနေနေ့တွင် နှင်းဆီပန်း (၁၀) ပွင့် အိမ်ဘုရားတွင်လှူပါ။

ဆရာကင်္ကသူ (ရိုးရာလေး)
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top