မြန်မာစာ မြန်မာစကားအစီအစဉ်လေးကို တင်ဆက်ပေးဖို့အချိန်ကျရောက်လို့လာပြန်ပါပြီ။ ဒီတစ်ပတ် ဖော်ပြပေးချင်တဲ့အကြောင်းအရာက မှားယွင်းစွာရေးသားမိတတ်တဲ့ စာလုံးပေါင်းသတ်ပုံတွေထဲက “အဘိုး အဘွား နှင့် အဖိုး အဖွား” ရေးသားပုံပဲဖြစ်ပါတယ်။
“အဘိုး အဘွား” ဆိုတဲ့ စကားလုံးကို စာလုံးပေါင်းတဲ့အခါ အသံထွက်ကို လိုက်ပြီး “အဖိုး အဖွား” လို့ မှားရေးတတ်ကြပါတယ်။ တကယ်က “အဘိုး အဘွား” လို့ ရေးမှသာ စာလုံးပေါင်း မှန်ကန်မှာဖြစ်ပါတယ်။
Team (ရိုးရာလေး)