စာပို့သမားတွေကို စိတ်ဓာတ်ခွန်အားပေးခဲ့တဲ့ ပရိသတ်တစ်ဦးကို အထူးသီးသန့်ပါဆယ်ထုပ်လေး ပို့ပေးခဲ့တဲ့ တေလာဆွစ်ဖ်

15-5-2020-yyl-021.jpg

နာမည်ကြီးအဆိုတော်တေလာဆွစ်ဖ်ဟာ သူ့ပရိသတ်တွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအတွင်းမှာ စာပို့သမားတွေကို အကောင်းမြင်စိတ်လေးနဲ့ စိတ်ဓာတ်ခွန်အားမြှင့်ပေးနေခဲ့တဲ့ ပရိသတ်တစ်ဦးရှိတယ်ဆိုတာကို သိခဲ့ရပြီးတဲ့နောက်မှာ အဲဒီပရိသတ်ကို အထူးသီးသန့်ပါဆယ်ထုတ်လေးနဲ့ အံ့အားသင့်အောင်လုပ်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ တေလာဆွစ်ဖ်ရဲ့အဲဒီပရိသတ်က အသက် (၁၁) နှစ်အရွယ် အီမာဆန် ဝက်ဘာဆိုတဲ့ကလေးမလေးဖြစ်ပါတယ်။ အဲဒီကလေးမလေးဟာ အမေရိကန်နိုင်ငံတစ်ဝှမ်းက စာပို့သမားတွေရဲ့အလုပ်ကြိုးစားမှုကို ကျေးဇူးတင်တဲ့အနေနဲ့ သူတို့ဆီကို စာတွေရေးသားပေးပို့နေခဲ့တာဖြစ်ပါတယ်။

အဲဒီကလေးမလေးက အရင်ဆုံး သူ့အိမ်ကိုလာပို့တဲ့စာပို့သမားကို ကျေးဇူးတင်တဲ့စာလေး ပေးခဲ့ပါတယ်။ အဲဒီနောက်မှာ အဲဒီစာကို စာတိုက်မှာ မျှဝေခဲ့ပြီး အီမာဆန်က နိုင်ငံတစ်ဝှမ်းမှ စာပို့သမားမိတ်ဆွေတွေ ရရှိခဲ့ပါတယ်။ သူ့ရဲ့စာတွေထဲမှာ တေလာဆွစ်ဖ်ရဲ့ဂီတတွေချစ်မြတ်နိုးမှုကနေ သူ့ရဲ့မိတ်ဆွေတွေနဲ့ ရင်းနှီးခဲ့ရတယ်ဆိုတာပါပဲ။ အဲဒီသတင်းက နောက်ဆုံးမှာ တေလာဆွစ်ဖ်ဆီ ရောက်သွားခဲ့ပါတယ်။

အီမာဆန်ရဲ့ဖခင် ဟူချ် ဝက်ဘာ တွစ်တာမှာ သူ့သမီးက တေလာဆွစ်ဖ်ဆီက အထူးသီးသန့်ပါဆယ်ထုပ်ရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။ အဲဒီပါဆယ်ထုပ်မှာ တေလာဆွစ်ဖ်ဆီက လက်ရေးစာတစ်စောင်လည်းပါဝင်ပါတယ်။ ဒါ့အပြင် အီမာဆန်ရဲ့နောက်ထပ်ရေးမယ့်စာတွေမှာ အသုံးပြုဖို့အတွက် တေလာဆွစ်ဖ်ရဲ့ကိုယ်ပိုင် ဖယောင်းစည်းတံဆိပ်တွေနဲ့ တီရှပ်တွေလည်း ပါပါတယ်။ ” အီမာဆန်ရဲ့စာတွေထဲမှာ သူနဲ့ သူ့ဂီတတွေပါတာကို ကြားသိရတဲ့အတွက် တေလာအရမ်းပျော်ခဲ့ပါတယ်။ ဒါပေမဲ့ ကျေးဇူးတင်စကားကို မမျှော်လင့်ထားတဲ့လူတွေဆီကို စာတွေရေးတာက တေလာအတွက်ပိုအရေးကြီးတယ်” လို့ အီမာဆန်ရဲ့ဖခင်က ပြောပါတယ်။

“ကျွန်တော်တို့ ဝမ်းသာမျက်ရည်ကျရပါတယ်။ တေလာရဲ့ကျော်ကြားမှုနဲ့ ဘာမှလုပ်စရာမရှိပါဘူး။ ဒါပေမဲ့ သူ့ရဲ့လူသားချင်းစာနာမှုနဲ့ လုပ်စရာတွေရှိပါတယ်။ တေလာက အီမာဆန်ကို မြင်တယ်။ သူ့ရဲ့အလှတရားကို မြင်တယ်။ သူ့နှလုံးသားကို မြင်တယ်” လို့ အီမာဆန်ရဲ့ဖခင်က တေလာဆွစ်ဖ်နဲ့ပတ်သက်ပြီး ဝမ်းသာစကားလည်း ပြောပါတယ်။

Ref: Taylor Swift sends special delivery to fan who’s been lifting postal workers’ spirits

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top