Ooredoo က ပံ့ပိုးကူညီတဲ့ ‘အသိပေး’ အက်ပလီကေးရှင်းကနေ COVID-19 ဆိုင်ရာ နောက်ဆုံးရ သတင်းနှင့်အချက်အလက်များကို အချိန်နှင့် တပြေးညီ ကြည့်ရှုနိုင်ပြီ

Ooredoo-Myanmar-Athipay-App-1.jpg

COVID-19 ဖြစ်ပွားနေစဉ်ကာလအတွင်း ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ အသုံးပြုသူများထံ ဖြန့်ဝေပေးနိုင်ရန် ဆိုတဲ့ အချက်က အူရီဒူးမြန်မာရဲ့ ဦးစားပေး လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့အတွက် စေတနာ့ဝန်ထမ်းများပါဝင်သည့်အဖွဲ့တစ်ဖွဲ့မှ ပါဝင်ကူညီ တီထွင်ဖန်တီးပေးထားတဲ့‘အသိပေး’ လို့ အမည်ရတဲ့အက်ပလီကေးရှင်းတစ်ခုကို ဒီနေ့ စတင်မိတ်ဆက်လိုက်ပါပြီ။ အဲဒီအက်ပလီကေးရှင်းသည် အခုလိုအရေးကြီးနေတဲ့ အချိန်ကာလအတွင်း မြန်မာနိုင်ငံက ပြည်သူများထံသို့ မှန်ကန်စိတ်ချရသော သတင်းနှင့် အချက်အလက်များကို အချိန်နှင့်တပြေးညီ အသိပေး တင်ပြသွားမှာဖြစ်ပါတယ်။ အူရီဒူးအသုံးပြုသူများအနေဖြင့် အဲဒီအက်ပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ်ရယူနိုင်မှာဖြစ်တဲ့အပြင် အခြား ဆက်သွယ်ရေးအော်ပရေတာ အသုံးပြုသူများကလည်း www.athipay.com မှာရယူအသုံးနိုင်မှာဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ပြန့်နှံ့ချိန်မှစပြီး အူရီဒူးမြန်မာက ဒီ ‘အသိပေး’ အက်ပလီကေးရှင်း အကောင်အထည်ပေါ်ပေါက်လာစေရန် ကူညီထောက်ပံ့ပေးခဲ့တဲ့အပြင် စေတနာ့ဝန်ထမ်းလူငယ် အ‌ယောက်နှစ်ဆယ်ခန့်မှနေပြီး ဗိုင်းရပ်စ်ပြန့်ပွားခြင်းကို ကာကွယ်ရန်နှင့် လျှော့ချရန် ကူညီပေးနိုင်မည့် ဒီအက်ပလီကေးရှင်းကို တီထွင်ခဲ့ကြခြင်းဖြစ်ပါတယ်။ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့တွင် Android နှင့်ပတ်သက်သော ဝန်ဆောင်မှုများကို ဖန်တီးသူများ၊ UI/UX ဒီဇိုင်နာများ၊ ဒေတာအချက်အလက်သုံးသပ် စိစစ်သူများ၊ product/system ဗိသုကာများနှင့် ဈေးကွက်ဆိုင်ရာကျွမ်းကျင်သူများ ပါဝင်ပြီး အဲဒီ ‘အသိပေး’ အက်ပလီကေးရှင်းကို အစအဆုံး သူတို့ကိုယ်တိုင် တီထွင်ဖန်တီးပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအက်ပလီကေးရှင်းကို ဒေတာအသုံးပြုခ အခမဲ့ဖြင့် အူရီဒူးဇုန် (https://zone.ooredoo.com.mm/) မှ ဒေါင်းလုတ်ရယူနိုင်ရန်နှင့် နည်းပညာဆိုင်ရာ အက်ပလီကေးရှင်းတည်ဆောက်ခြင်းနှင့် ပတ်သက်သည့် နည်းပညာပိုင်းဆိုင်ရာ ကုန်ကျစရိတ်များကို အူရီဒူးမှ ကူညီထောက်ပံ့ပေးထားပါတယ်။

“အသိပေး” အက်ပလီကေးရှင်းတွင်ပါဝင်သော လုပ်ဆောင်ချက်များထဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် ပြန်ကြားရေးဝန်ကြီးဌာန တို့မှ နောက်ဆုံးရ သတင်းများနှင့် ထုတ်ပြန်ချက်များကို အချိန်နှင့်တပြေးညီ push notification alert ပေးပို့ခြင်း နှင့် အခြားသော အသုံးဝင်သည့် လုပ်ဆောင်ချက်များစွာပါဝင်ပါတယ်။

– အနီးတစ်ဝိုက်ရှိ ဆေးရုံများ၊ အရေးပေါ်ဝန်ဆောင်မှုများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ လှူဒါန်းမှုများ ပြုလုပ်နိုင်ရန်အတွက် ပရဟိတအဖွဲအစည်းများရဲ့လိပ်စာနှင့် ဖုန်းနံပါတ် စတဲ့ ဆက်သွယ်နိုင်ရန်အချက်အလက်များ၊

– ကမ္ဘာတဝန်းနှင့် ပြည်တွင်းရှိ လက်ရှိဖြစ်ပွားနေသူ၊ ပိုးမတွေ့ရှိသူ၊ ပြန်လည်ကောင်းမွန်သူ စသည့် အသေးစိတ် အချက်အလက်များပါဝင်တဲ့ နောက်ဆုံးရ COVID-19 တွေ့ရှိချက်များ၊

– အသွားအလာ ကန့်သတ်ခြင်း (Quarantine) ပြုလုပ်ရန် လို၊ မလို ဆိုတဲ့အချက်ကို အမေးအဖြေများဖြင့် စိစစ်ဖော်ထုတ်ပေးနိုင်မည့် Self-Quarantine Checker လုပ်ဆောင်ချက်၊

အူရီဒူးမြန်မာက COVID-19 ဆိုင်ရာ မှန်ကန်သော သတင်းအချက်အလက်များကို လွယ်လင့်တကူ အသုံးပြုသူများထံသို့ ရောက်ရှိသွားစေရန် လုပ်ဆောင်ပေးခြင်းဖြင့် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်သွားစေနိုင်ရန် မျှော်လင့်ထားပါတယ်။ တစ်ချိန်တည်းမှာပင် အူရီဒူးမှ အခုလို မိမိရဲ့ ချစ်ခင်ရသူများနှင့် တွေ့ဆုံခြင်း မပြုလုပ်နိုင်သည့် ကာလမှာလည်း အချင်းချင်း အလွယ်တကူ ဆက်သွယ်ပြောဆိုသွားနိုင်စေရန် ဆောင်ရွက်ပေးလျှက်ရှိနေပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top