အမေရိကန်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအခြေအနေ ပိုဆိုးလာလိမ့်မယ်လို့ ဒေါ်နယ်ထရမ့် သတိပေး

22-7-2020-yyl-007.jpg

အမေရိကန်နိုင်ငံမှာ ကြုံတွေ့နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါက အကောင်းဘက်ကို မဦးတည်ခင် ပိုဆိုးရွားတဲ့ အခြေအနေ ကြုံရလိမ့်မယ်လို့ သမ္မတဒေါ်နယ်ထရမ့်က သတိပေးခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ကပ်ရောဂါဘေးနဲ့ပတ်သက်ပြီး ပိုတည်ကြည်လေးနက်တဲ့ ပြောဆိုမှုလုပ်ခဲ့ပြီး အမေရိကန်ပြည်သူအားလုံး နှာခေါင်းစည်းတပ်ဆင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အရင်တုန်းက နှာခေါင်းစည်းတွေကို မသန့်ရှင်းတဲ့အရာလို့ သတ်မှတ်ခဲ့ဖူးပေမဲ့ အမေရိကန်နိုင်ငံတစ်ဝန်းမှာ ဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာချိန်မှာ သူ့ရဲ့လက်ထောက်တွေက ပိုထိရောက်တဲ့ ချဉ်းကပ်မှုလုပ်ဖို့ တွန်းအားပေးခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

” အခြေအနေက အကောင်းဘက် ပြန်မရောက်ခင် ပိုဆိုးလာဖို့ရှိပါတယ်။ ဒီလိုပြောရတာ ကျွန်တော်လည်း ဘဝင်မကျပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာ မနေနိုင်တဲ့ အခြေအနေမျိုးမှာ နှာခေါင်းစည်း တပ်ဆင်ကြဖို့၊ နှာခေါင်းစည်းဆောင်ကြဖို့ ပြည်သူအားလုံးကို တိုက်တွန်းပါတယ်။ နှာခေါင်းစည်းတပ်ရတာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အကျိုးသက်ရောက်မှုတော့ ရှိပါတယ်”လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ ဒေါ်နယ်ထရမ့်ဟာ မိန့်ခွန်းပြောနေတုန်း အိတ်ထဲက နှာခေါင်းစည်းကို ထုတ်ယူခဲ့ပေမဲ့ တပ်ဆင်ခဲ့ခြင်းတော့ မရှိပါဘူး။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top