သြစတြေးလျကို တင်ပို့တဲ့ လက်သန့်ဆေးရည်ဘူးတွေထဲမှာ မူးယစ်ဆေးဝါးတွေ တွေ့ရှိ

22-5-2020-yyl-045.jpg

မူးယစ်ဆေးဝါးရောင်းဝယ်သူတွေက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို အခွင့်ကောင်းယူပြီး သြစတြေးလျနိုင်ငံထံ လက်သန့်ဆေးရည်နဲ့ နှာခေါင်းစည်းတွေ တင်ပို့ရာမှာ မက်သမ်ဖီတာမင်းတွေ ထည့်သွင်းတင်ဆောင်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း လိုအပ်ချက်အများဆုံးဖြစ်နေတဲ့ ပစ္စည်းတချို့ထဲမှာ မက်သမ်ဖီတာမင်းဆေး ၂ ကီလိုဂရမ် လျှို့ဝှက်ထည့်သွင်းလာတာကို အခုလအစောပိုင်းမှာ သြစတြေးလျနယ်ခြားစောင့်တပ်ဖွဲ့ အရာရှိတွေက တွေ့ရှိခဲ့တာပါ။

လက်သန့်ဆေးရည်နဲ့ နှာခေါင်းစည်း အထုပ်အပိုးတွေကို ကနေဒါနိုင်ငံကနေ တင်ပို့ခဲ့တာဖြစ်ပါတယ်။ အရာရှိတွေက ပုံးတွေကို စစချင်း ဖွင့်ဖောက်စစ်ဆေးချိန်မှာ အရာအားလုံး ပုံမှန်ဖြစ်နေသလို ထင်ခဲ့မိပါတယ်။ ဒါပေမဲ့ နှာခေါင်းစည်းအထုပ်တွေမှာ ရေမြှုပ်အိတ်နဲ့ ပတ်ထားတဲ့ လက်သန့်ဆေးရည်နှစ်ဘူး တွေ့ရှိခဲ့တာပါ။ အသေးစိတ် စစ်ဆေးကြည့်ချိန်မှာတော့ ဘူးတွေက အောက်ပိုင်းဖွင့်ထားပြီး မက်သမ်ဖီတာမင်းတွေ ထည့်ထားတယ်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့တာပါ။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top