ယူကရိန်းသမ္မတရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ဓားစာခံ ၁၃ ယောက် ပြန်လွတ်မြောက်

22-7-2020-yyl-006.jpg

သမ္မတကိုယ်တိုင် ကြားဝင်ညှိနှိုင်းပေးပြီးနောက်မှာတော့ ယူကရိန်းနိုင်ငံ လုအစ်မြို့က ဘတ်စ်ကားတစ်စီးပေါ်မှာ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူ ၁၀ ယောက်ကို လုံခြုံရေးတပ်ဖွဲ့တွေက ကယ်တင်နိုင်ခဲ့ပြီး သေနတ်သမားကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ယူကရိန်းသမ္မတ ဇီလင်စကီးက သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာပေါ်မှာ ရုရှားဘာသာစကားနဲ့ ”၂၀၀၅ ခုနှစ်ထွက် Earthlings ရုပ်ရှင်ဇာတ်ကားကို လူတိုင်း ကြည့်သင့်ပါတယ်”လို့ ပြောထားတဲ့ ဗီဒီယိုတင်လိုက်ပြီးနောက်မှာ သေနတ်သမားက ဓားစာခံတွေကို ပြန်လွှတ်ပေးခဲ့တာပါ။ ဓားစာခံအားလုံး ထိခိုက်ဒဏ်ရာရခဲ့ခြင်းမရှိပါဘူး။ သေနတ်သမားဟာ အသက် ၄၄ နှစ်ရှိတဲ့ ခရီဗို့ရှ်လို့ အမည်ရသူဖြစ်ပြီး အရင်တုန်းက စီရင်ချက်ချမှတ်ခံခဲ့ရသူပါ။ သူဟာ အစောပိုင်းမှာ ဓားစာခံ ၁၃ ယောက် ဖမ်းဆီးထားပေမဲ့ သမ္မတဇီလင်စကီးနဲ့ ဆွေးနွေးခဲ့ပြီးနောက် ဓားစာခံ ၃ ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ တိရစ္ဆာန်အခွင့်အရေးကို မီးမောင်းထိုးပြတဲ့ Earthlings မှတ်တမ်းရုပ်ရှင်ဇာတ်ကားဟာ ပွဲတော်ငယ်တွေမှာ ဆုတော်တော်များများ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အဲဒီဇာတ်ကားထဲမှာ တိရစ္ဆာန်တွေအပေါ် မှီခိုနေရတဲ့ ကမ္ဘာ့စက်ရုံလုပ်ငန်းကြီးတွေရဲ့ လုပ်ရပ်တွေကို ဖော်ပြထားပြီး တချို့ပြကွက်တွေကတော့ လျှို့ဝှက်ကင်မရာတွေနဲ့ ရိုက်ကူးထားတာပါ။ ဓားစာခံဖမ်းဆီးမှု အဆုံးသတ်ချိန်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံအရ သေနတ်သမားကို မြေပြင်ပေါ် မှောက်ခိုင်းထားတာ တွေ့ရပါတယ်။ သေနတ်သမားက ဓားစာခံတွေ ဖမ်းဆီးထားချိန်မှာ တောင်းဆိုချက်တွေလုပ်ခဲ့တဲ့အနက် ယူကရိန်းနိုင်ငံရဲ့ ထိပ်တန်းနိုင်ငံရေးသမားတွေက ကိုယ့်ကိုယ်ကိုယ် အကြမ်းဖက်သမားအဖြစ် လူသိရှင်ကြား ကြေညာရမယ်ဆိုတဲ့အချက်လည်း ပါဝင်ခဲ့ပါတယ်။ ခရီဗို့ရှ်ဟာ အရင်တုန်းက လိမ်လည်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု စတဲ့ စီရင်ချက်တွေကြောင့် ထောင်ထဲမှာ ၁၀ နှစ်ကြာ ထိန်းသိမ်းခံခဲ့ရသူပါ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top