ခြေလက်ဆုံးရှုံးထားရတဲ့သူတွေအတွက် 3D Printing နဲ့ ဖန်တီးထားတဲ့ ခြေလက်အတုတွေဖန်တီးပေးခဲ့တဲ့ ဆယ်ကျော်သက် ၂ ဦး

13.10.23-yyl-6.jpg

အချစ်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ အသက် ၁၇ နှစ်အရွယ် ဟာရီဆယ်လ် အန်ဒူဂျာ နဲ့ အသက် ၁၅ နှစ်အရွယ် ဒန်နီရယ်လာ မိုရီနိုတို့ဟာ အထက်တန်းစတတ်တဲ့နှစ်မှာပဲ သူတို့ကျောင်းရဲ့စက်ရုပ်အဖွဲ့ထဲ ဝင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့ အခုလိုဝင်လိုက်တာက အခြားသူတို့ရဲ့ဘဝကို ပိုပြီးကောင်းမွန်သွားစေခဲ့ပါတယ်။

Davis Aerospace and Maritime High School က သူတို့တွေဟာ စက်ရုပ်တွေအတွက် အစိတ်အပိုင်းတွေဖန်တီးဖို့ 3D Printing နည်းပညာကို အသုံးပြုတာပါ။ ပထမနှစ်စက်ရုပ်အဖွဲ့အနေနဲ့ သူတို့ရဲ့လူ့အသိုက်အဝန်းကို ဘယ်လိုအကျိုးပြုနိုင်မလဲဆိုတာကို အဖြေရှာဖို့ ကြိုးစားနေခဲ့ကြတာပါ။ နောက်ပိုင်းကျမှ 3D Printing ကို အသုံးပြုပြီး ခြေလက်အတုဖန်တီးဖို့ စိတ်ကူးတွေးဖြစ်ခဲ့ကြပါတယ်။ ခြေလက်မပါတဲ့သူတွေအတွက် ခြေလက်တုတွေ ဖန်တီးဖို့ဖြစ်လာခဲ့ပါတယ်။

ဟာရီဆယ်လ်တို့အဖွဲ့က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းဖြစ်တဲ့ IMAHelps နဲ့အတူ ပူးပေါင်းလုပ်ကိုင်ပြီး The Great Lakes Science Robotics Initiative ကနေ အကူအညီတွေရရှိပါတယ်။ သူတို့အဖွဲ့ဟာ ဘတ်စ်ကားမတော်တဆမှုကြောင့် လက်ဆုံးရှုံးသွားခဲ့တဲ့ အီကွေဒေါနိုင်ငံက အသက် ၁၂ နှစ်အရွယ်ကလေးမလေး ဆာမန်သာအတွက် လက်နမူနာပုံစံကို စတင်လုပ်ဆောင်ဖြစ်ခဲ့ပါတယ်။ အဲဒီကလေးမလေးရဲ့လက်အတိုင်းအတာကို ရရှိပြီး ရှေးပြေးပုံစံလုပ်ဆောင်တယ်။ ပြီးတော့မှ မူရင်းတွေဖန်တီးခဲ့ပါတယ်။

IMAHelps က ဟာရီဆယ်လ်တို့အဖွဲ့ ဖန်တီးပေးခဲ့ လက်တုကို ယူပြီး အီကွေဒေါကို ပို့ပေးပါတယ်။ အဲဒီကလေးမလေးအတွက် လက်အတုက အံဝင်ခွင်ကျဖြစ်ပါတယ်။ ဆာမန်သာရဲ့လက်အတုကို မြင်တွေ့ခဲ့ကြတဲ့ အီကွေဒေါက လက်ဆုံးရှုံးထားတဲ့ကလေးတွေကလည်း လိုချင်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လက ဟာရီဆယ်လ်တို့အဖွဲ့ဟာ လက်အတုလိုအပ်နေတဲ့ သူတွေအတွက် လက်အတုတွေ ပေးအပ်ဖို့ အီကွေဒေါကို သွားရောက်ခဲ့ကြပါတယ်။

သူတို့က ရှေ့ပြေးနမူနာပုံစံကို အထက်တန်းကျောင်းပြပွဲမှာ ပြသခဲ့ကြပါတယ်။ အသက် ၁၃ နှစ်အရွယ် ကောင်လေးကလည်း ဒါကို စမ်းကြည့်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူတို့အဖွဲ့က အဲဒီကောင်လေးအတွက် လက်အတု အလကားဖန်တီးပေးခဲ့ပါတယ်။

ဟာရီဆယ်လ်နဲ့ဒန်နီရယ်လာတို့နှစ်ဦးက လေယာဉ်မှူးတွေဖြစ်ဖို့ မျှော်လင့်နေကြတာပါ။ သူတို့ရဲ့ 3D ဖန်တီးမှုတွေကိုလည်း ဆက်ပြီးလုပ်ဆောင်ဖို့ စီစဉ်ထားကြပါတယ်။

Ref: Two Teens Created 3D-Printed Limbs for Amputees — Including a Girl Who Lost Arm in Bus Accident

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top