ကိုဗစ်ကပ်ရောဂါကြောင့် အခင်းအကျင်းသစ် ကျင့်သုံးရချိန်မှာ အီတလီနိုင်ငံ ဖလောရင့်မြို့ရဲ့ စားသောက်ဆိုင်တွေကတော့ ၁၆ ရာစုပုံစံမျိုး ပြန်ဖြစ်သွားခဲ့ပါတယ်။ ရောင်းချသူနဲ့ စားသောက်သူတွေကြား တိုက်ရိုက်ထိတွေ့မှုကနေ တတ်နိုင်သမျှ ရှောင်ရှားကြဖို့အတွက် ၁၆ ရာစုက အသုံးပြုခဲ့တဲ့ ဝိုင်ပြတင်းပေါက်တွေကို တစ်ကျော့ပြန် အသုံးပြုလာကြတာပါ။ ဝိုင်ပြတင်းပေါက်တွေ ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းနဲ့ လက်ရှိအသုံးပြုနေတဲ့ မြင်ကွင်းတွေကို ဗီဒီယိုထဲမှာ ကြည့်ရှုလိုက်ကြရအောင်။
Team(ရိုးရာလေး)