ကိုဗစ်လူနာသစ် ၂၉ ယောက်တွေ့ရှိခဲ့တဲ့ နယူးဇီလန်မှာ ကန့်သတ်မှုကို ၁၂ ရက်ကြာ တိုးမြှင့်

14-8-2020-yyl-017.jpg

နယူးဇီလန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်တိုက်ဖျက်ရာမှာ အောင်မြင်မှုရခဲ့ပြီး (၁၀၂)ရက်တိုင်တိုင် ပြည်တွင်းကူးစက်မှုမရှိခဲ့ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့အင်္ဂါနေ့က အုတ်ကလန်မြို့မှာ နေထိုင်တဲ့ မိသားစု(၄)ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ တွေ့ရှိခဲ့ပါတယ်။ သူတို့(၄)ယောက်ဟာ မကြာသေးခင်အချိန်အတွင်း ပြည်ပခရီးသွားရာဇဝင်မရှိပါဘူး။ လူဦးရေ ၁.၅ သန်းရှိတဲ့ အုတ်ကလန်မြို့မှာ တစ်ကျော့ပြန် ပြည်တွင်းကူးစက်မှု ဖြစ်ပွားခဲ့တဲ့ ဇစ်မြစ်ကိုတော့ စုံစမ်းစစ်ဆေးနေတုန်းပါပဲ။ ၁၂ ရက်ကြာ တားမြစ်ကန့်သတ်ထားချိန်အတွင်း ကူးစက်ပျံ့နှံ့မှုစက်ကွင်းမှာ ပါဝင်နေသူတွေကို ခွဲခြားဖော်ထုတ်ပြီး အသွားအလာ ကန့်သတ်နိုင်လိမ့်မယ်လို့ ယုံကြည်ထားကြောင်း ဂျေစင်ဒါအာဒန်က ပြောပါတယ်။

အုတ်ကလန်မြို့မှာ ချမှတ်ထားတဲ့ သတိပေးချက် အဆင့်(၃)အရ စာကြည့်တိုက်တွေ၊ ပြတိုက်တွေ၊ ရုပ်ရှင်ရုံတွေ၊ အစားအသောက်ဆိုင်တွေ၊ ကစားကွင်းတွေ စတဲ့ အများပြည်သူဆိုင်ရာ နေရာအားလုံးကို ပိတ်ထားရမှာဖြစ်ပါတယ်။ တတ်နိုင်မယ်ဆိုရင် လူတွေအနေနဲ့ အိမ်ကနေပဲ အလုပ်လုပ်ကြရမှာဖြစ်ပြီး ကျောင်းနေအရွယ် ကလေးငယ်တွေကိုလည်း အိမ်ကနေပဲ စာသင်ကြဖို့ တိုက်တွန်းထားပါတယ်။ စူပါမားကတ်နဲ့ ဓာတ်ဆီဆိုင်တွေကို ဖွင့်လို့ရပေမဲ့ အနီးကပ်ထိတွေ့ရမယ့် စီးပွားရေးလုပ်ငန်းတွေကိုတော့ ပိတ်ထားရမှာပါ။

နယူးဇီလန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တွန်းလှန်တိုက်ဖျက်ရာမှာ အောင်မြင်မှုရတဲ့ နိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရပေမဲ့ ၁၀၂ အကြာမှာ ပြည်တွင်းကူးစက်မှု ပြန်လည်တွေ့ရှိခဲ့လို့ အုတ်ကလန်မြို့ကို ၃ ရက်ကြာ ပိတ်ဆို့ခဲ့ပြီး အခုအခါမှာတော့ ၁၂ ရက်ကြာအထိ ပိတ်ဆို့မှုသက်တမ်း တိုးမြှင့်ခဲ့တာပါ။

Ref: BBC ” New Zealand extends Auckland lockdown for 12 days”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top