သြဂုတ်လ ၂၂ ရက်မှစတင်၍ ရန်ကုန်-မော်လမြိုင် လေအိတ်အမြန်ရထား ပြေးဆွဲမည်

14-8-2020-yyl-016.jpg

ရန်ကုန် – မော်လမြိုင် လေအိတ် အမြန်ရထားကို သြဂုတ်လ ၂၂ ရက်မှ စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး ဒု-ရုံပိုင်ချုပ် ဦးသန်းနိုင်ဦးက ရိုးရာလေးသို့ ပြောသည်။ ရန်ကုန် – မော်လမြိုင် အမှတ် ၈၃ အဆန်ရထားမှာ သြဂုတ်လ ၂၂ ရက် ည ၈ နာရီအချိန်တွင် ရန်ကုန်မှထွက်ခွာပြီး သြဂုတ်လ ၂၃ ရက် နံနက် ၅ နာရီ ၁၅ မိနစ်အချိန်တွင် မော်လမြိုင်မြို့သို့ ရောက်ရှိမည်ဖြစ်သည်။

ရန်ကုန် – မော်လမြိုင် လေအိတ် အမြန်ရထားတွင် ရိုးရိုးတန်း ၅ တွဲ၊ အထက်တန်း ၄ တွဲ ပါဝင်မည်ဖြစ်ပြီး ရိုးရိုးတန်းလက်မှတ် ၄၀၀၀ ကျပ်၊ အထက်တန်းလက်မှတ် ၈၀၀၀ ကျပ် ကျသင့်မည်ဟု ဦးသန်းနိုင်ဦးက ပြောသည်။ မော်လမြိုင် – ရန်ကုန် အမှတ် ၈၄ အစုန်ရထားမှာ သြဂုတ်လ ၂၂ ရက် ည ၉ နာရီအချိန်တွင် မော်လမြိုင်မြို့မှ ထွက်ခွာမည်ဖြစ်ပြီး သြဂုတ်လ ၂၃ ရက် နံနက် ၆ နာရီအချိန်တွင် ရန်ကုန်သို့ ရောက်ရှိမည်ဖြစ်သည်။

Photo Credit- ဦးကံ

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top