အိမ်ရာမဲ့တွေကို ခိုလှုံခွင့်ပေးတဲ့ ဘုရားကျောင်း

2-6-2020-yyl-024.jpg

အိမ်ရာမဲ့တွေရဲ့ ဒုက္ခပဒေသာပင်မှာ အိပ်ရေးပျက်ခြင်းကလည်း ဒုက္ခတစ်ခုပါပဲ။ နွေညတွေထက်စာရင် အပူချိန်ကျဆင်းတဲ့ဆောင်းညတွေနဲ့ စိုစွတ်တဲ့ မိုးညတွေက သူတို့အတွက် ပိုခက်ခဲကြပါတယ်။

သူတို့ရဲ့ဒုက္ခကို စာနာသနားမိတဲ့ သားအဖနှစ်ယောက်က အိမ်ရာမဲ့တွေဘေးကင်းလုံခြုံတဲ့နေရာတစ်ခုမှာ အိပ်စက်ခွင့်ရဖို့ အစီအစဉ် ဖန်တီးခဲ့ကြပါတယ်။ လမ်းပေါ်မှာ အိပ်စက်ရတဲ့ အိမ်ရာမဲ့အရေအတွက် မြင့်တက်လာတာကို တုံ့ပြန်ဖို့အတွက် ရပ်ရွာအကျိုး တက်ကြွလှုပ်ရှားသူ ရှယ်လီရော့ဒါ(Shelly Roder)နဲ့ ဖခင်ဖြစ်သူ လူးဝစ်ဗီတာလီ(Louis Vitale)က ၂၀၀၄ ခုနှစ်မှာ The Gubbio စီမံကိန်းကို ပူးတွဲတည်ထောင်ခဲ့ကြပါတယ်။

အဲဒီအစီအစဉ်အရ ဆန်ဖရန်စစ္စကိုမြို့က စိန့်ဘိုနီဖေ့ (St. Boniface) ခရစ်ယာန်ဘုရားကျောင်းရဲ့ ဝတ်ပြုဆုတောင်းရာ ခုံတန်းလျားတွေမှာနေ့စဉ်နေ့တိုင်း အိပ်စက်ခွင့်ရနေတဲ့ အိမ်ရာမဲ့ ၂၂၅ ဦးအထိ ရှိခဲ့ပါတယ်။ ”ဘုရားကျောင်းထဲ ဝင်လာသူတိုင်းကို မေးမြန်းတာမျိုးမလုပ်ပါဘူး။ အကာအရံတွေအားလုံး ဖယ်ရှားပေးထားသလို စာရွက်စာတမ်းဖြည့်ခိုင်းတာမျိုးလည်း မရှိပါဘူး။ ဘုရားကျောင်းထဲ ရောက်ပြီးမှ ပြန်သွားရသူမရှိပါဘူး။ အားလုံးကို ကြိုဆိုပြီး ရိုရိုသေသေ လေးလေးစားစား ဆက်ဆံခဲ့ပါတယ်”လို့ The Gubbio စီမံကိန်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

နေ့စဉ်နေ့တိုင်း ဘုရားကျောင်းလာသူတွေ ဝတ်ပြုဆုတောင်းဖို့အတွက် ဘုရားကျောင်းရဲ့ အရှေ့ဘက် ၃ ပုံ၊ ၁ ပုံကို အသုံးပြုပြီး The Gubbio စီမံကိန်းအတွက် ဘုရားကျောင်းရဲ့ အနောက်ဘက် ၃ ပုံ၊ ၂ ပုံကို အသုံးပြုကြပါတယ်။ ခရစ်ယာန်ဘုရားကျောင်းက အိမ်ရာမဲ့တွေကို ဂွမ်းစောင်တွေ၊ ခြေအိတ်တွေ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် အသုံးပြုရတဲ့ပစ္စည်းတွေ ပေးသလို ခြေဖဝါးနဲ့ ခြေကျင်းဝတ်နာ ရောဂါတွေကိုလည်း ကုသပေးခဲ့ပါတယ်။

”အိမ်ရာမဲ့တွေလည်း ဒီဒေသရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ အိမ်ပိုင်ရှိတဲ့သူတွေ ဘုရားကျောင်းကိုလာပြီး ဝတ်ပြုဆုတောင်းရင်လည်း နှင်ထုတ်ခံရမှာ မဟုတ်ဘူးဆိုတဲ့ မက်ဆေ့ပေးနိုင်ခဲ့ပါပြီ။ ဆင်းရဲနွမ်းပါးပြီး စိတ်ကျန်းမာရေး မကောင်းသူတွေ၊ ညစ်ပတ်ပေရေနေသူတွေကလည်း ဒီဒေသရဲ့ ဒေသခံတွေပဲဆိုတဲ့ အတွေးပေါက်အောင် လုပ်နိုင်ခဲ့ပါပြီ”လို့ The Gubbio စီမံကိန်းက ပြောပါတယ်။

Ref: www.sunnyskyz.com “This Church Lets The Homeless Sleep Inside. They Also Offer Blankets And Massages”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top